ကျန်းမာရေးဗဟုသုတ

ငုံးဥရဲ့ ကျန်းမာရေး အစွမ်း

ငုံးဥရဲ့ ကျန်းမာရေး အစွမ်း ————————– ငုံးဥကိုတော့ မသိတဲ့ လူဆိုတာ ရှားပါတယ်။ ဒါပေမယ့် ငုံးဥထဲမှာ ဆိုရင် ဘယ်လို အာဟာရများစွာ ပါဝင်တာကိုတော့ သိတဲ့သူ ရှားပါးပါလိမ့်မယ်။ ငုံးဥထဲမှာ ပါတဲ့ အာဟာရ တန်းဖိုးဟာ ဆိုရင် ကြက်ဥ နှစ်လုံးစာနဲ့ ညီမျှတယ် ဆိုတာကော သိကြ ပါသလား။ ငုံးဥဟာ လူ့ရဲ့ အဆုတ်နဲ့ သရက်ရွက်ကို အားကောင်း စေပါတယ်။ ငုံးဥကို စားသုံးသင့်တဲ့ သူတွေကတော့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ သွေးအားနည်းတဲ့ သူတွေ၊ ချူချာတဲ့သူနဲ့ မီးဖွားပြီး ခါစ မိခင်လောင်းတို့ပဲ ဖြစ်ပါတယ်။ ဦးနှောက် သွေးကြော ရှိတဲ့ သူတွေကတော့ ငုံးဥကို ပမာဏများစွာ မစားသင့်ပါဘူး။ ငုံးဥမှာ ပရိုတင်း၊အဆီ၊သံဓာတ် လက်စီသင် […]

ကျန်းမာရေးဗဟုသုတ

ဂွေးတောက်ရွက် အသုံးဝင်ပုံ

ဂွေးတောက်ရွက် အသုံးဝင်ပုံ —————————- အရွက်ကို မီးကင်ပြီး ကပ်လျှင် အနာစိမ်း၊ သွေးစုနာများ နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။ ထန်းရည်၊ အရက်၊ ကြာရှည်စွာ သောက်သုံး သူများ တစ်နှစ် တစ်ခါ ခွေးတောက်ရွက်ကို ကြက်သားနှင့် ချက်စားခြင်းဖြင့် ကိုယ်ခန္ဓာ အတွင်းရှိ အဆိပ် အတောက်များ ပြေပျောက် စေ၏။ အရွက်ကို ဟင်းခါး ချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေအောင့်၊ လေထိုး၊ ဆီးချုပ် ရောဂါများ ပျောက်၏။ ခွေးတောက်ရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် ရေယုန်နာကို ဆွတ်ပေးခြင်းဖြင့် ပျောက်၏။ အရွက်ကို ကြိတ်၍ အုံစည်းပေး ခြင်းဖြင့် အဖု အကြိတ် များလည်း ပျောက်၏။ ခွေးတောက်ရွက်ကို သကြားနှင့် […]

ကျန်းမာရေးဗဟုသုတ

ထမင်းစားပြီးတိုင်း ရေနွေးတစ်ခွက် သောက်ပါ

ထမင်းစားပြီးတိုင်း ရေနွေးတစ်ခွက် သောက်ပါ ———————————————- ထမင်း စားပြီးလျှင် ချက်ချင်း ရေမသောက်ဘဲ နေလျှင် အစာကိုပို၍ကြေစေ နိုင်ပါသည်။ စားသည့် အစာတွင် ဟင်းချိုနှင့် အရည်ဓာတ်များပါသင့် သလောက် ပါပြီး ဖြစ်သဖြင့် ထပ်သောက်လျှင် ရေများပြီး ဝမ်းမီးကအစာကို ချေအား လျော့သွား နိုင်သောကြောင့် ရေထပ် မသောက်သင့်ပါ။သို့သော် စားပြီး ခဏအကြာတွင် အစာချေသော ဝမ်းမီးမှ ပါစကတေဇော ဓာတ်ကြောင့် အာခေါင်ခြောက် လာလျှင် ရေအေးဖြင့် လောင်းမချဘဲ ရေနွေးကြမ်း တစ်ခွက် သောက်လျှင် အစာ ကြေကျက်မှုကို အထောက်အကူ ပေးရာ ရောက်ကြောင်း ရေးသားတင်ပြ လိုက်ရ ပေသည်။ ရေနွေး (သို့မဟုတ်) ရေနွေးကြမ်း သောက်သူများ အတွက် ဆက်လက်တင်ပြရန် လိုပါသည်။ ရေကို […]

ကျန်းမာရေးဗဟုသုတ

ထောပတ်သီး၏ အကောင်းဆုံး အစိတ်အပိုင်း

ထောပတ်သီး၏ အကောင်းဆုံး အစိတ်အပိုင်း …………………………………………………… ထောပတ်သီး ကောင်းကြောင်း ပြောကြစတမ်းဆိုရင် ပြောမဆုံးပေါင် တောသုံးတောင် ဆိုရမလိုပင်။ အရင်က မြန်မာနိုင်ငံမှာ ထောပတ်သီးက ပေါများသလောက် အသုံးနည်းကြတယ်။ တခြားနိုင်ငံတွေမှာဆို ဈေးကြီးပြီး လူကြိုက်များတဲ့ ပစ္စည်းဖြစ်နေတာကို တွေ့ရပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်တဲ့ ဓါတ် (antioxidant) တွေဟာဆိုရင် ၇၀% က အစေ့မှာ ဖြစ်နေတယ်။ အသားမှာ ပါဝင်မှုနည်းနေကြောင်း University Of Pennsylvania က ထုတ်ပြန်တဲ့ လေ့လာမှုစာတမ်းမှာ ပါရှိနေပါတယ်။ သို့သော် အစေ့ကတော့ မာကြောပြီး စားသုံးဖို့လည်း ခက်နေတတ်ပါတယ်။ အစေ့ထဲမှာ မှိုပိုးနှိမ်နင်းတဲ့ ဓါတ်ရှိပြီး ရောင်ရမ်းမှုတွေကို ကာကွယ်ပေးတယ်။ နှလုံးရောဂါရှိသူတွေ ထောပတ်သီးအစေ့ကို စားသင့်ကြောင်း Dr. Tom Wu […]

ကျန်းမာရေးဗဟုသုတ

ဆီစားပါမှကျန်းမာ၍အသက်ရှည်မည်

`ဆီစားပါမှကျန်းမာ၍အသက်ရှည်မည်´ °°°°°°°°°°°°°°°°°°°°°°°°`°°°°°°° ဟိုတလောကနယ်ဘက်ကိုခရီးသွားတော့နယ်ကအမျိုးသမီးတွေအတော်များများလာတွေ့ကြပါတယ်။သူတို့ထဲမှာထူးခြားတဲ့အမျိုးသမီးအချို့လည်းပါပါတယ်။အဲ့ဒီအမျိုးသမီးအချို့ကဘာပြောလဲဆိုတော့ကျမတို့ဆီလုံးဝမစားပါဘူးတဲ့။ဂုဏ်ယူဝင့်ကြွားစွာပြောခြင်းပါ။သူတို့စိတ်ထဲမှာတော့ဆီမစားတာကျန်းမာရေးနဲ့ညီညွတ်တယ်လို့ခံယူထားကြပုံရပါတယ်။ဒါကြောင့်ဆီစားပါမှကျန်းမာ၍အသက်ရှည်မည်ဖြစ်ကြောင်းကိုသူတို့သိအောင်မနည်းရှင်းပြရပါတယ်။သူတို့လိုပဲလူအတော်များများကလည်းအယူအဆလွဲမှားနေကြပါတယ်။ တကယ်တော့လူတွေဟာမာဂျရင်းစားအုန်းဆီအပူပြင်းပေးထားသောဆီတွေကလွဲပြီးပြည့်ဝဆီအနည်းငယ်နဲ့မပြည့်ဝဆီသင့်တင့်ရုံစားပေးနိုင်ပါတယ်။ပြည့်ဝဆီဆိုတာကတိရစ္ဆာန်အဆီနဲ့ဂီးထောပတ်အုန်းဆီစသည်ဖြစ်ပါတယ်။မပြည့်ဝဆီကတော့နှမ်းဆီပဲဆီနေကြာဆီသံလွင်ဆီစသည်ဖြစ်ပါတယ်။ငါးကရတဲ့ဆီကလည်းမပြည့်ဝဆီဖြစ်ပါတယ်။အဲဒီဆီတွေကိုသင့်တင့်လျောက်ပတ်စွာစားပေးမှသာကျန်းမာပြီးအသက်ရှည်မှာဖြစ်ပါတယ်။ အကယ်၍ဆီကိုလုံးဝရှောင်ရင်ဘာတွေဖြစ်မလဲ။ဆီလုံးဝရှောင်ရင်ဆီကနေသာရနိုင်တဲ့ဗီတာမင်A.D E K တို့လုံးဝချို့တဲ့သွားပါမယ်။ကိုယ်တွင်းဟိုမုန်းဓါတ်တွေလျော့ကျသွားမယ်။ဦးနှောက်ဉာဏ်ရည်ချို့တဲ့သွားပြီးဉာဏ်ထိုင်းသွားမယ်။ခုခံအားကျဆင်းမယ်။ကင်ဆာကလာပ်စည်းတွေများလာမယ်။စိတ်ကျလွယ်မယ်။ကယ်စီယမ်စုပ်ယူမှုအားနည်းသွားမယ်။သွားနဲ့သွားဖုံးတွေပျက်စီးမယ်။အသားရေမွဲခြောက်လာမယ်။ဝမ်းချုပ်မယ်စသည်ဖြင့်ဆိုးကျိုးတွေအများကြီးပါပဲ။ အသားငါးကောင်းကောင်းစားပြီးမပြည့်ဝဆီကိုမျိုးစုံစားတတ်တဲ့သူတွေကတာ့လန်းဆန်းတက်ကြွပြီးကျန်းမာရေးကောင်းကြလေ့ရှိပါတယ်။ဆီမျိုးစုံစားခြင်းဟာခန္ဓာကိုယ်ထဲမှာကီတုန်းဘော်ဒီတွေကိုများပြားလာပြီးကင်ဆာဆဲလ်တွေကိုထိန်းချုပ်နိုင်တဲ့အတွက်ကင်ဆာရောဂါဖြစ်ခဲပါတယ်။ဗီတာမင်Dကိုကောင်းစွာရတဲ့အတွက်ခန္ဓာကိုယ်တွင်းအလိုအလျောက်ပြုပြင်ပေးတဲ့စနစ်ကိုအားကောင်းစေပါတယ်။ခုခံအားစနစ်ကိုကောင်းစေတဲ့အတွက်ရောဂါတွေကိုကာကွယ်တိုက်ဖျက်နိုင်ပါတယ်။ကိုယ်တွင်းရောင်ကိုင်းမှုတွေကိုလျှော့ချပေးနိုင်ပါတယ်။ဦးနှောက်ကိုအလုပ်ကောင်းကောင်းလုပ်နိုင်အောင်ကူညီပေးပါတယ်။ဦးနှောက်ကိုကြည်လင်စေတဲ့အတွက်စိတ်တက်ကြွစေပါတယ်။ဝမ်းကိုလည်းမှန်စေပါတယ်။အသားရေကိုလည်းလှပစေနိုင်ပါတယ်။ဟိုမုန်းတွေလည်းကောင်းကောင်းထွက်ကြလို့ကျန်းမာရေးလည်းကောင်းကြပါတယ်။ ဆီကိုကြောက်ပြီးရှောင်ကြသူတွေဟာကော်လက်စတြောကိုကြောက်တာကြောင့်လည်းပါပါတယ်။တကယ်တော့ကော်လက်စတြောဟာခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့အဆီတစ်မျိုးဖြစ်ပါတယ်။ကော်လက်စတြောသင့်တင့်စွာရှိမှသာဗီတာမင်Dလည်းရမယ်ကင်ဆာကိုကာကွယ်ပေးမယ့်ကီတုံးဘော်ဒီတွေလည်းရမယ်ဉာဏ်ရည်လည်းကောင်းပါလိမ့်မယ်။ဒါကြောင့်ကော်လက်စတြောကိုအနည်းငယ်တော့စားပေးရလိမ့်မယ်။ ဆီရှောင်သူတွေထဲမှာဝမှာေကြောက်လို့ဆီရှောင်ကြသူတွေလည်းပါပါတယ်။တကယ်တော့ဆီကိုစားတိုင်းဆီတွေအားလုံးကခန္ဓာကိုယ်ထဲဝင်သွားပြီးလူကိုဝစေတာမဟုတ်ပါဘူး။အတော်များများကမစင်လမ်းကြောင်းကနေထွက်သွားတာပါ။ပြီးတော့မပြည့်ဝဆီတွေကခန္ဓာကိုယ်ထဲမှာမခဲပါဘူး။ဝမ်းဗိုက်နဲ့ဗိုက်မှာအဆီစုတာကကာဗိုဟိုက်ဒရိတ်နဲ့ပြည့်ဝဆီတွေသာဖြစ်ပါတယ်။သံလွင်ဆီတွေငါးအဆီတွေဆိုရင်ဗိုက်ကအဆီတွေတောင်ကျသေးတယ်။အသားရေကိုလှပအောင်လည်းလုပ်ပေးပါသေးတယ်။ ဆီဟာလူအတွက်တကယ်လိုအပ်လို့ပင်မအစာကြီး၃မျိုးမှာဆီကိုထည့်ထားရခြင်းဖြစ်ပါတယ်။ဒါကြောင့်အသားငါးနဲ့ဂီးထောပတ်အုန်းဆီတွေကိုအနည်းငယ်လောက်စားပေးပြီးနှမ်းဆီပဲဆီနေကြာဆီသံလွင်ဆီစသည်ကိုသင့်တင့်စွာစားပေးနိုင်ပါတယ်။ဆီဟာခန္ဓာကိုယ်အတွက်တကယ်ကိုလိုအပ်ပါတယ်။ဥပမာအားဖြင့်ပြောရရင်လူတွေအတွက်ဆေးဖြစ်တဲ့နနွင်းဆိုရင်ဆီနဲ့ပေါင်းလိုက်မှအူတွေကနေစုပ်ယူလို့ရတာဖြစ်တယ်။ဆီမပါရင်အူကမစုပ်ယူနိုင်လို့ခန္ဓာကိုယ်ထဲမဝင်နိုင်ပါဘူး။ရှေးတုန်းကမြန်မာတွေဆိုရင်ဆီကောင်းကောင်းစားကြတာပဲ။ဝက်သားတွေဘာတွေလည်းစားတာပဲ။ဒါပေမဲ့အဲ့ခေတ်ကနှလုံးရောဂါတွေဆီးချိုတွေကင်ဆာတွေဘယ်မှာသိပ်ဖြစ်ကြလို့လဲ။အခုခေတ်မှအကြီးအကျယ်ဖြစ်နေကြတာမဟုတ်လား။ဗုဒ္ဓကဆေးအဖြစ်ပေးတဲ့စတုမဓုဆိုရင်လည်းဂီးထောပတ်တွေနှမ်းဆီတွေပါတာပဲလေ။စားတဲ့သူတွေဘယ်လောက်အားရှိပြီးကျန်းမာကြသလဲ။ဒါကြောင့်ဗုဒ္ဓနည်းပေးခဲ့သလိုမဇ္ဈိမပဋိပဋာသင့်တင့်လျောက်ပတ်စွာစားပြီးကျန်းမာရေးကိုရယူကြဖို့လိုပါတယ်။ဒီအကြောင်းတွေကိုနယ်ကအမျိုးသမီးတွေကိုသေချာရှင်းပြလိုက်တော့မှကျမတို့ဆီစားပါတော့မယ်တဲ့။သူတို့ဆီစားရင်အသားရေစိုပြည်လှပတယ်ဆိုကတည်းကစားမယ်ဖြစ်သွားကြတာပါ။ကျန်းမာဖို့နဲ့လှဖို့မှာသူတို့ကလှဖို့ကိုပဲဦးစားပေးကြပါတယ်။တကယ်တော့ကျန်းမာတယ်ဆိုရင်နုပျိုလှပမှာမုချပဲဖြစ်ပါတယ်။ဒါကြောင့်စားသင့်တဲ့ဆီကိုစားကြပါလို့အလင်းပြပေးလိုက်ပါတယ်။ ချစ်ခင်လေးစားလျက်………… crd;copy

ကျန်းမာရေးဗဟုသုတ

ရိုးတွင်းခြင်ဆီကိုပြန်ဖြည့်ပေးဖို့မေ့နေကြလား……

ရိုးတွင်းခြင်ဆီကိုပြန်ဖြည့်ပေးဖို့မေ့နေကြလား…… ~~~~~~~~~~~~~~~~~~~~~~~~~~~~ ကျနော်တို့လူအများစုဟာကိုယ့်ကျန်းမာရေးကိုကိုယ်ကောင်းအောင်လုပ်ကြရာမှာအခြားသောကိစ္စတွေကိုချည်းအာရုံစိုက်နေကြတဲ့အတွက်ရိုးတွင်းခြင်ဆီကိစ္စကိုမေ့လျော့နေတတ်ကြပါတယ်။Bone Marrow လို့ခေါ်တဲ့ရိုးတွင်းခြင်ဆီဟာဦးနှောက်၊နှလုံး၊အသည်းပြီးရင်အရေးအကြီးဆုံးအစိတ်အပိုင်းပြဲဖစ်ပါတယ်။ရိုးတွင်းခြင်ဆီကဘာတွေလုပ်ပေးသလဲဆိုရင်ခန္ဓာကိုယ်ရဲ့အလုံးစုံသောခုခံအားcellတွေကိုမွေးထုတ်ပေးခြင်း၊ခန္ဓာကိုယ်အတွက်လုပ်ငန်းဆောင်တာတွေကိုလုပ်ပေးတဲ့ပင်မသွေးcellများကိုပြုလုပ်ပေးခြင်း၊ခန္ဓာကိုယ်ရဲ့သွေးထုတ်လုပ်ပေးရာအကြီးဆုံးဌာနဖြစ်ခြင်း၊ခန္ဓာကိုယ်နုပျိုသွက်လက်အောင်ပြုလုပ်ပေးခြင်း၊ဦးနှောက်နဲ့အာရုံကြောများကိုအားကောင်းစေခြင်းစသည်ဖြင့်အလွန်အရေးကြီးတဲ့ကိစ္စတွေကိုပြုလုပ်ပေးပါတယ်။ရိုးတွင်းခြင်ဆီဟာခန္ဓာကိုယ်ရဲ့မူလပထမကိုယ်ခံအားဖြစ်ပါတယ်။ ရိုးတွင်းခြင်ဆီဟာငယ်ရွယ်စဉ်မှာတော့အားကောင်းနေကြတာချည်းပါပဲ။သို့သော်လဲအသက်ကြီးလာတာနဲ့အမျှရိုးတွင်းခြင်ဆီတွေတဖြည်းဖြည်းခန်းလာပါတယ်။သုတေသနပြုလုပ်ထားချက်တွေအရအသက်၂၅နှစ်လောက်ကစပြီးတဖြည်းဖြည်းခန်းခြောက်လာတယ်လို့ဆိုပါတယ်။ရိုးတွင်းခြင်ဆီတွေအားလျော့လာတာနဲ့အမျှလူကလည်းကိုယ်ခံအားတွေသွေးအားတွေယုတ်လျော့လာပြီးရောဂါတွေလည်းဖြစ်၊အိုမင်းမှုတွေလည်းရောက်လာတော့တာပါပဲ။အိုမင်းမှုရဲ့နှုန်းထားဟာရိုးတွင်းခြင်ဆီပေါ်မှာအများကြီးမူတည်နေပါတယ်။ရိုးတွင်းခြင်ဆီနဲလာလေလေလူကလည်းအိုလာလေလေပြဲဖစ်တယ်။လူ့အသက်ဟာ၁၀၀ကျော်အောင်နေနိုင်ပါလျက်နဲ့လူတွေစောစီးစွာသေနေကြရတာဟာလည်းရိုးတွင်းခြင်ဆီခန်းခြောက်ခြင်းကအကြောင်းရင်းတစ်ခုပြဲဖစ်ပါတယ်။ ရိုးတွင်းခြင်ဆီအားကောင်းနေဆြဲဖစ်တဲ့အသက်၃၀အောက်အရွယ်မှာတော့ကျန်းမာသန်စွမ်းပြီးရောဂါကင်းကြပါတယ်။အဲဒီ့နောက်ပိုင်းမှာမူလကအနီရောင်ရဲရဲရှိနေတဲ့ရိုးတွင်းခြင်ဆီတွေဟာအနီရောင်ကနေဝါကျင့်ကျင့်ဖြစ်သွားပြီးအားနည်းသွားတော့တာပါပဲ။အသက်ကြီးသွားတော့ညိုတိုတိုအရောင်မျိုးအထိဖြစ်သွားပြီ။အဲဒါဟာခြင်ဆီခန်းပြီဆိုတာပြနေတာပဲ။လူကလည်းမီးစာကုန်ဆီခန်းတော့မယ်ပေါ့။အဲဒီ့နောက်မှာတော့သွေးအားလည်းနည်း၊ကိုယ်ခံစွမ်းအားလည်းကုန်ပြီးမီးငြိမ်းသွားတော့တာပါပဲ။ အဲဒီ့ဖြစ်စဉ်တွေကိုသဘောပေါက်ပြီဆိုရင်ကျနော်တို့ဘာလုပ်သင့်သလဲ။ကိုယ့်ရဲ့ရိုးတွင်းခြင်ဆီကိုအားဖြည့်ပေးဖို့လုပ်ရတော့မှာပေါ့။ရိုးတွင်းခြင်ဆီအားဖြည့်ဖို့အကောင်းဆုံးနည်းကတော့အရိုးပြုတ်ရည်သောက်ဖို့ပြဲဖစ်ပါတယ်။တိရစ္ဆာန်အရိုးတွေဖြစ်တဲ့ဝက်ရိုး၊အမဲရိုး၊ဆိတ်ရိုး၊ကြက်ရိုး၊ဘဲရိုးစတဲ့အရိုးတွေကိုပြုတ်သောက်ပေးရမယ်။ခြင်ဆီတွေများများပါတဲ့အရိုးတွေကိုဦးစားပေးသောက်ပေးဖို့လိုပါတယ်။အရိုးပြုတ်ရည်ထဲမှာလူကိုအသက်ရှည်စေတဲ့ကော်အစေးဓာတ်တစ်ခုပါဝင်နေပါတယ်။အဲဒီ့ကော်အစေးဓာတ်ထဲမှာဆိုရင်ရိုးတွင်းခြင်ဆီကိုသာမကအရိုးတွေကိုပါအားကောင်းစေမယ့်ခြင်ဆီ၊ကယ်စီယမ်၊ဂလူတာမင်၊ဂလိုင်ဆင်း၊ကော်လာဂျင်၊အရိုးအဆစ်တွေအတွက်လိုအပ်တဲ့သဘာဝဓာတ်များ၊ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အမိုင်နိုအက်ဆစ်များစသဖြင့်အကျိုးပြုတဲ့ဓာတ်တွေအများကြီးပါပါတယ်။ အရိုးပြုတ်ရည်သောက်ခြင်းအားဖြင့်ရိုးတွင်းခြင်ဆီတွေအားကောင်းလာပြီးကိုယ်ခံစွမ်းအားတွေသွေးအားတွေလည်းကောင်းလာပါလိမ့်မယ်။ခန္ဓာကိုယ်အစိတ်ပိုင်းအသီးသီးကCellတွေလည်းအားကောင်းလာပြီးရောဂါတွေလည်းကင်းရှင်းပါလိမ့်မယ်။အထူးသဖြင့်Auto Immune Disease ကြောင့်ဖြစ်လာရတဲ့နောက်ဆက်တွဲရောဂါတွေလည်းပျောက်ကင်းသက်သာသွားနိုင်ပါတယ်။လူကလည်းနုပျိုလှပလာမယ်။ရောဂါကင်းပြီးအသက်ရှည်နိုင်ပါတယ်။ ကျနော်ကဘယ်မြို့ရောက်ရောက်အရိုးပြုတ်ရည်ရှာသောက်ပါတယ်။သီးသန့်ရောင်းတာမရှိပေမဲ့မြန်မာဆိုင်မှာကြက်ပြုတ်ရည်၊တရုတ်ဆိုင်မှာကြေးအိုး၊ကုလားဆိုင်မှာဆိတ်ရိုးစွပ်ပြုတ်ရည်တွေဝယ်သောက်တယ်လေ။သို့သော်လဲကိုယ့်ဟာကိုယ်စိတ်ကြိုက်ပြုတ်သောက်တာကပိုကောင်းတာပေါ့။အိမ်မှာဆိုရင်ဆိတ်ခြေထောက်ရိုးဝယ်ပြုတ်ပြီးသောက်တယ်။အရိုးထဲကခြင်ဆီတွေကိုတပြွတ်ပြွတ်စုပ်စားရတာအရသာရှိလှပါတယ်။တကယ်ကိုအားရှိသလိုကိုခံစားရပါတယ်။ အရိုးပြုတ်ရည်ကိုဘယ်လိုပြုတ်လဲဆိုတာလည်းသိချင်ကြပါလိမ့်မယ်။အရင်ဆုံးကိုယ်ကြိုက်တဲ့အရိုးကိုဝယ်ပါ။ကျနော်ကတော့ဆိတ်ရိုးကြိုက်ပါတယ်။အရိုးကိုရေဆေးပြီးပြုတ်ပါ။အရိုးထဲကအကျိုးပြုဓာတ်တွေထွက်လာဖို့ပန်းသီးဗင်နီဂါနဲနဲလောက်ထည့်ပါ။အငန်အရသာအတွက်ကျောက်ဆား၊ပင်လယ်ဆား၊အိုင်အိုဒင်းဆားနဲနဲစီထည့်ပါ၊အချိုအရသာအတွက်ထန်းလျက်နဲနဲထည့်ပါ။ကြက်သွန်ဖြူကြက်သွန်နီထည့်ပြီးမီးပြင်းတိုက်ပါ။ရေပေါ်ကိုဝေ့တက်လာတဲ့အမြှုုပ်တွေကိုဖယ်လိုက်ပါ၊ပြီးရင်မီးအေးအေးနဲ့နာရီအတော်ကြာအောင်ထားပါ။အရိုးထဲကဓာတ်တွေဟာပြုတ်ရည်ထဲရောက်လာပါပြီ။မာလာနံ့ကြိုက်ရင်မာလာအနှစ်ထည့်။ယိုးဒယားစာကြိုက်ရင်တုံယမ်းအခဲထည်၊တရုတ်စာကြိုက်ရင်နှမ်းဆီမွှေးထည့်၊ကုလားစာကြိုက်ရင်ပဲမှုန့်နဲ့မဆလာထည့်၊ဟော့ပေါ့လိုစားချင်ရင်လည်းကြိုက်တဲ့အရွက်အသားတွေထည့်စားလိုက်ရုံပါပဲ။ကျောက်တည်သူတွေကျောက်ဖရုံသီးထည့်ပြုတ်သောက်ပါ။နှလုံးအားနည်းသူတွေခရမ်းချဉ်သီးထည့်ပြုတ်သောက်ပါ။သိုင်းရွိုက်မကောင်းသူတွေကျောက်ပွင့်ထည့်ပြုတ်သောက်ပါ။သွေးကြောကျဉ်းနေသူတွေကြွက်နားရွက်မှိုထည့်ပြုတ်သောက်ပါ။ အခုအခါမှာနိုင်ငံတကာမှာအရိုးပြုတ်ရည်အလွန်ခေတ်စားလာတဲ့အတွက်အရိုးပြုတ်ရည်ရောင်းတဲ့တဲ့ဆိုင်တွေဟာလမ်းထောင့်တွေမှာနေရာယူနေကြပါပြီ။ကျန်းမာရေးအတွက်ဆေးတစ်ခွက်ဖြစ်တဲ့အရိုးပြုတ်ရည်ကိုသာက်ပြီးကျန်းမာရေးတွေလည်းအလွန်ကောင်းနေကြပါပြီ။ကျနော်တို့မြန်မာတွေလည်းအရိုးပြုတ်ရည်သောက်ကြဖို့အချိန်တန်ပြီလို့ပြောပါရစေေနော်။အရိုးတွေကဝယ်ရတာဈေးပေါပေမဲ့မိမိရဲ့ခန္ဓာကိုယ်အတွက်ရလိုက်တဲ့အကျိုးကျေးဇူးကတော့ကြီးမားလှပါတယ်။ပြီးတော့အဲဒီ့အရိုးတွေကပြစ်လိုက်ရတာမဟုတ်ပါဘူး။ခွေးစာအဖြစ်လမ်းပေါ်ကခွေးလေးတွေကိုဒါနပြုလို့လည်းရပါသေးတယ်။ခွေးစာကျွေးခြင်းကလည်းလူကိုကျန်းမာရေးကောင်းတဲ့အကျိုးကျေးဇူးပြန်ရပါသေးတယ်။ဒါကြောင့်ကျန်းမာရေးလည်းကောင်း၊ကုသိုလ်တွေလည်းရဆိုတော့ဘယ်လောက်ကောင်းလိုက်သလဲနော်…… ချစ်ခင်လေးစားလျှက်………..

ကျန်းမာရေးဗဟုသုတ

ခေါင်းသိပ်ကိုက်ပါလျင်

ခေါင်းသိပ်ကိုက်ပါလျင် ~~~~~~~~~~~ နည်းလေးက အမှန်လွယ်သလိုတကယ်ပဲထိရောက်ပါသည်။ ထူးထူးထွေထွေလုပ်စရာလည်းမလိုပါ။ လူတိုင်းလက်တွေ့စမ်းကြည့်နိုင်တဲ့နည်းပါ။ ခေါင်းတစ်ခြမ်းကိုက်ပါက ကြက်သွန်ဖြူတစ်ဥ၊တစ်မွှာကို ခွာပြီးထုထောင်းပါ ပြီးလျင်စက္ကူပါးလေးတွင် အစေးကိုသုတ် လိမ်းပြီး ခေါင်းကိုက်သည့် နားထင်ဘက်တွင် ကပ်ထားလိုက်ပါ။ ခေါင်းနှစ်ခြမ်းစလုံးကိုက်ပါလျင် နားထင်နှစ်ဘက်လုံးကို စက္ကူပါးလေးကပ်လိုက်ရုံပါပဲ..။ချက်ချင်းကို ချွေးတွေပွင့် ထွက်လာပြီး ခေါင်းကိုက်ခြင်းဝေဒနာ သက်သာပျောက်ကင်း သွားပါလိမ့်မည်။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှရသော နည်းလမ်းဖြစ်ပါသည်။ ဆေးဝါးဝယ်ယူရန်ခက်ခဲသူများ၊ဆေးရုံဆေးခန်းပြရန် ခက်သူတို့အဖို့ အလွန်သုံးဝင်ပြီး အိမ်တိုင်းတွင်ရှိနေတတ်သော ကြက်သွန်ဖြူလေးတစ်တက်သာလိုပါသည်။ ခေါင်းကိုက်ခြင်းသည်က လူတိုင်းလိုလိုဖြစ်တတ်ကြပါ၍ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ခေါင်းကိုက်ခြင်းတို့ဖြစ်ခဲ့ပါက လက်တွေ့နည်း ကြက်သွန်ဖြူအစေးကို စက္ကူပါးလေးတွင်လူးပြီး နားထင်တွင်ကပ်ခြင်းဖြင့် စမ်းသပ်နိုင်ပါရန်လမ်းညွန်ပြလိုက်ပါသည်။ #ရဲမျိုးသူ(ဗောဓိမြိုင်) #မေသတင်းရပ်ကွက်လေး

ကျန်းမာရေးဗဟုသုတ

Diabetes Mellitus – ဆီးချိုရောဂါ

Diabetes Mellitus – ဆီးချိုရောဂါ ————————————— ဆီးချိုကို အင်္ဂလိပ်ဆေးပညာအခေါ်အရ Diabetes Mellitus လို့ခေါ်တယ်။ ဆီးချိုရောဂါသည် ခန္ဓာကိုယ်တွင်း Glucose များနှင့်ပတ်သက်သော ဇီဝကမ္မဖြစ်စဉ် (Metabolism) ကမောက်ကမဖြစ်ခြင်းကြောင့် ဖြစ်လာသော ဝေဒနာတစ်ခုဖြစ်တယ်။ ဆီးချို ဖြစ်ရခြင်းရဲ့ အကြောင်းရင် ၂ ရပ်ရှိတယ်။ ပထမအကြောင်းရင်းက မျိုးရိုးဗီဇ (Genetic) မျိုးရိုးလိုက်ခြင်း (Hereditary) ကြောင့်ဖြစ်တယ်။ ဒုတိရအကြောင်းရင်းက ဘဝနေထိုင်မှု Life Style ကြောင့် ဖြစ်တယ်။ (ဤနေရာတွင် ဘဝနေထိုင်မှု Life Style ဆိုသည်မှာ အထိုင်များခြင်း၊ အဝလွန် အစားအစာ များ စားသောက်ခြင်းတို့ကဲ့သို့ အလွန်အမင်း ဇိမ်ကျကျ နေထိုင်မှုမျိုးကို ဆိုလိုသည်။ မျိုးရိုးဗီဇ၏ အပြစ် မဟုတ်ပါဘဲ မိမိ၏ နေပုံထိုင်ပုံ […]

ကျန်းမာရေးဗဟုသုတ

ဆေးဖက်အသုံးဝင် ခွေးထောက်နွယ်ပင်

< ဆေးဖက်အသုံးဝင် ခွေးထောက်နွယ်ပင် > ************************************ ခွေးတောက်ပင်သည်….. မြန်မာနိုင်ငံ အနှမ့်အပြားတွင် သဘာဝ အလျောက် ပေါက်ရောက်သည့် အပင် တစ်မျိုး ဖြစ်သည်……။ လေအားဖြင့် ပြန့်ပွားသည့်မျိုးဖြစ်၍ ပေါက်ရောက်ပြန့်ပွားမှုနှုန်း အလွန်များသည် သစ်တောထူထက်သည့် နေရာတွင် လူတစ်ကိုယ်လုံးခန့်. အပင်ကြီးများကို တွေ့မြင်နိုင်ပေသည်……။ <ပုံဏ္ဍာန်>…… နွယ်ပင်းကြီးမျိုးဖြစ်ပြီး ပင်စည်းမှာ အခက် အလက်များ ဖြာထွက်သည်….။ အရွက်မှာ နှလုံးပုံရှိပြီး ထိပ်ဖျားချွန်သည်။ အပွင့်မှာ စိမ်းဝါရောင်ရှိပြီး တစ်နှစ်ပတ်လုံး ပွင့်သည်….။ <ဆေးဖက်ဝင် အစိတ်အပိုင်း>……. ခွေးတောက်ပင်၏ အပွင့် ၊ အရွက် ၊အခေါက်၊ အမြစ်တို့သည် ဆေးဖက်ဝင်ပြီး အရသာမှာ ပူ၍ ခါးသည်…။ဆေးအတွက် စုဆောင်း ရန် အချိန်မှာ ဆောင်းနှင့်နွေ ဖြစ်သည်…။ < အသုံးပြုပုံ […]

ကျန်းမာရေးဗဟုသုတ

ဒညင်းသီးရဲ့ ဆိုးကျိုးများ (ဒညင်းသီးနဲ့ ကျောက်ကပ်)

ဒညင်းသီးရဲ့ ဆိုးကျိုးများ (ဒညင်းသီးနဲ့ ကျောက်ကပ်) *********************************** ကိုနေမင်းထွန်းက ဒညင်းသီးအကြောင်းမေးထားလိုတင်ပေးလိုက်ပါတယ် ကျနော်တို့ မြန်မာနိုင်ငံသူ/သားများဟာ ဒညင်းသီးကို နှစ်ခြိုက်စွာပဲ စားသုံးကြပါတယ်။ အထက်ပိုင်းဒေသတွေနဲ့ အချို့နယ်များမှာဆို ပိုလို့တောင် စားသုံးကြတာပါ။ ဒညင်းသီး အကြောင်း ဆောင်းပါးအတိုလေး တပုဒ်ကို ဖတ်မိသဖြင့် ကျနော်လဲ ကျနော် ကြုံခဲ့ဖူးသမျှ ကို မျှဝေချင် သိစေချင်တာကြောင့် ဒီဆောင်းပါးလေးကို ရေးဖြစ်လိုက်တာပါ။ ဘယ်အရာမဆို ကောင်းကျိုးနဲ့ ဆိုးကျိုးဆိုတာတော့ ရှိစမြဲပဲလေ။ ဒညင်းသီးဟာဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုပြီး များနေတယ် ဆိုတာကို ကြုံခဲ့ရ ခံခဲ့ရတာတွေက သက်သေလို ဖြစ်နေပါတယ်။ ကျနော် ဖတ်လိုက်ရတဲ့ ဆောင်းပါးတိုလေးထဲမှာ- တညင်းသီးမှာ ပါတဲ့ အဆိပ်ဟာ ဝ.၃ % ကနေ ၁.၃% အထိ ပါဝင်ပါတယ်။ […]