ဆေးလိပ်ဖြတ်ရန်နည်းလမ်း
(၁) ရေအေးလေး တစ်ကျိုက်စီငုံ
သေးသေးဖွဲဖွဲလေးတွေ စား ဝါး။ စီးကရက်ကို စုပ်ရှိုက်ရခြင်းကို အစားထိုးတာပဲ။ သုတေသနတွေ့ရှိ ချက်အရ ရေအေးလေးကို ပိုက်နဲ့စုပ်ငုံခြင်းက dopamine ထွက်စေတယ်။ dopamine သည် “မကောင်းစိတ်” တွေကို လျော့စေတယ်။ အစားနည်းနည်း နှင့် ဝါးစားခြင်း ကလည်း မီးခိုးငွေ့အလွမ်းကို လျော့စေတယ်။ အစားတော့ ရွေး နော်။ တော်ကြာနေ ဝလာဦးမယ်။
(၂) ကောင်းကျိုးစဉ်းစား
စီးကရက်၊ ဆေးလိပ်မသောက်ခြင်းရဲ့ ကောင်းကျိုးတွေ ကို စဉ်းစားပါ။ ကိုယ့်စိတ်ကိုယ် နိုင်ခြင်း၊ ငွေကုန် သက်သာခြင်း၊ အစားအသောက် အရသာပြည့်ပြည့် ဝဝ စားနိုင်ခြင်း၊ အမောခံနိုင်ခြင်း။
(၃) သွားခဏခဏတိုက်
ခံတွင်းနံ့လေး ကောင်းလာတတ် တဲ့ ကောင်းကျိုးရရှိဖို့ ဖြစ်တယ်။ ခံတွင်းရနံ့လေးကို ချစ်ပါ။
(၄) အယ်လ်ကိုဟော ရှောင်
အယ်လ်ကိုဟောသည် ဆေးလိပ်၊ စီးကရက် သောက်လိုစိတ်ကို အားပေးတယ်။ အကြောင်းပြ ချက်များစွာရှိနေ ပါတယ်။ အယ်လ်ကိုဟောသည် လုပ်ချင်ရာ လုပ်မိအောင် အားပေးတတ် တာကလည်း တစ်ကြောင်းပေါ့။
(၅) မိမိကိုယ်မိမိ ဆေးလိပ်၊ စီးကရက် ကန့်သတ်နယ်မြေသတ်မှတ်
လူရှေ့သူရှေ့ မသောက်တာ၊ အလုပ်ထဲမှာ မသောက်တာ၊ လူကြီး သူမတွေရှိရင် မသောက်တာမျိုး။
(၆) အကြောင်းပြချက် သတိရ
ကိုယ်ဘာကြောင့် ဒါတွေ ဖြတ်ချင်သလဲဆိုတဲ့ အကြောင်းပြချက် ကိုယ်စီရှိကြမှာပါ။ အဲဒါလေးကို မပြတ်သတိရ။
(၇) နေ့စဉ် တက်ကြွလန်းဆန်း
နေ့စဉ် လှုပ်ရှားတက်ကြွလန်းဆန်း လတ်ဆတ်ခြင်းကလည်း ဟိုဟာမလုပ်ရ မနေနိုင်၊ ဒီဟာမလုပ်ရ မနေနိုင် ဆိုတာတွေကို ဟန့်တားနိုင်တယ်။
(၈) ပြက္ခဒိန်မှာ မှတ်
ဒီနေ့တစ်လိပ်မှ မသောက်ဖြစ်ရင် အဲဒီရက်ကလေးကို ပြက္ခဒိန်မှာ မှတ်လိုက်။ ရက်တွေ တိုးပွားလာစိတ် ဖြစ်လာလိမ့်မယ်။
(၉) ပါးစပ်ထဲ တစ်ခုခုထည့်ထား
ပီကေ၊ မြေပဲ၊ နေကြစေ့ စသည်
(၁၀) အပေါင်းအသင်းလိုတယ်
ယခင်က ဆေးလိပ်၊ စီးကရက် သောက်ခဲ့ပြီး ယခုအောင်မြင်စွာ ဖြတ်ထားနိုင်ပြီးသော အပေါင်းအသင်း တစ်ယောက်ရှာပါ။
(၁၁) ကဖိန်းကန့်သတ်
ကော်ဖီ၊ လက်ဖက်ရည်ကို ဆိုလိုတယ်။ ကော်ဖီ၊ လက်ဖက်ရည်သည် နံနက်ပိုင်းမှာ လန်းဆန်းစေတာ မှန်ပါတယ်။သို့သော် စိတ်ဖိစီးမှု၊ စိတ်လိုလားမှုတွေ များစေတယ်။ ဒီအတွက် ကန့်သတ်လျှော့ချ ရလိမ့်မယ်။ မကန့်သတ်ရင် ဆေးလိပ် ပြန်သောက်ဖြစ်မယ်။
(၁၂) မကောင်းတဲ့ အနောက်တွေကိုသတိပြု
စိတ်ဆိုးတာ၊ စိတ်အလိုမကျတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာရင် ကိုယ့်စိတ် ကိုယ်ပြန်ရှုမှတ်ပါ။ အဲဒီ မကောင်းစိတ်တွေက ဆေးလိပ်၊ စီးကရက် ပြန်သောက်မိစေတယ်။
(၁၃) မကောင်းကျင့် အပေါင်းအသင်း ကိုရှောင်
ဘယ်သူတွေနဲ့ဆုံရင် ပြန်သောက် မိသလဲ။ အဲဒီလူတွေကို ရှောင်ပါ။
(၁၄) စိတ်ရှည်ပါ…ပြေးလမ်းပေါ်မှာ
၁၄ ရက်ကြာ ပြတ်နိုင်ရင် ဒါ ပြေးလမ်းပေါ်ရောက်ပြီ။ ဒီအချိန်မှာ မိသားစုနဲ့ မိတ်ဆွေတွေနဲ့ ဝိုင်းဖွဲ့ စားသောက်ဖို့လိုတယ်။ ကိုယ်လက် လှုပ်ရှားမှုလုပ်ဖို.လိုတယ်။ ဆေးလိပ်၊ စီးကရက် ပြတ်ခြင်း၊ မပြတ်ခြင်းသည် ကြားမှာ ပါးလွှာ လွန်းလှတယ်။ “တစ်လိပ်” ပဲခြားပါတယ်။ မီးခြစ်တစ်ခြစ်ပဲ ခြားပါတယ်။ ပြန်စသောက်မိရင် ပြန်ဖြတ်ပါ။ အောင်နိုင်မည်…မုချ။
credit – ကျန်းမာရေးဂျာနယ်