ကျန်းမာရေးဗဟုသုတ

သင်မသိသေးတဲ့ ကဖင်းဓာတ်အကြောင်း

သင်မသိသေးတဲ့ ကဖင်းဓာတ်အကြောင်း
———————————————–

ကော်ဖီမကြိုက်တဲ့သူဆိုတာ ခပ်ရှားရှားပါ။ တစ်ချို့ကျတော့လည်း ကော်ဖီကြိုက်ပေမယ့် ရင်တုန်တာကို မခံစားနိုင်လို့ ဒါမှမဟုတ် ကော်ဖီကို ရှောင်ကို ရှောင်မှဖြစ်မှာမို့ မသောက်ရတဲ့သူတွေလည်း ရှိတာပေါ့လေ။ ကျန်းမာရေးသုတေသီတွေ ရဲ့ စစ်တမ်းကောက်ချက်အရ နိုင်ငံတကာက ကျောင်းသား၊ ကျောင်းသူ အထူးသဖြင့် တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ကော်ဖီကို ပုံမှန်သောက်သုံးလာကြသလို တစ်ချို့ဆို တစ်နေ့ကို သုံး၊ လေးခွက် ထက်ပိုသောက်လာကြတာမို့ သုံးခွက်ထက် ပိုမသောက်ဖို့တောင် တားမြစ်ကြရပါတဲ့။ ကော်ဖီဟာ စိတ်ကိုတက်ကြွလန်းဆန်းစေတယ်ဆိုပေမယ့် ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်အကြောင်းတော့ သင်ရောသင့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းက အသိမိတ်ဆွေတွေပါ သိရှိထားမှာ မဟုတ်တာကြောင့် ခုလို ဖော်ပြပေးလိုက်ပါတယ်။

၁။ကဖင်းဓာတ်ဟာ ကိုယ့်ရဲ့မှတ်ဉာဏ်၊ မှတ်နိုင်စွမ်းအားတစ်ချို့ကို အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။

ဒါ့ကြောင့် အန်ဇိုင်းမားရောဂါ ခံစားနေရတဲ့သူတွေဟာ ကဖင်းဓာတ်ပိုလိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ်က ကဖင်းဓာတ်နဲ့ တည့်မတည့်ဆိုတဲ့အပေါ်မှာတော့ မူတည်နေပါသေးတယ်။

၂။အားကစားလုပ်တဲ့အခါ ကိုယ့်ရဲ့စွမ်းရည်၊ လုပ်ဆောင်မှုကို မြင့်မားစေပါတယ်။

ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ခင်၊ အားကစားတစ်ခုခု မပြိုင်ခင် တစ်နာရီလောက်အလို ကော်ဖီသောက်ထားလိုက်ပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒါမှမဟုတ် ပြိုင်ပွဲတစ်ခုခုမှာ ပြိုင်တဲ့အခါ နိုးကြားမှုတွေ မြင့်မားနေတာတွေ့ရမှာပါ။ ဒါပေမယ့် တုံ့ပြန်ချက်မှာတော့ လျော့ကျသွားပါတယ်။ ဒီတော့ သင်သာ နိုးကြားမှုရှိသလို သင့်ရဲ့အားစိုက်မှုကိုလည်း တန်းတူထားနိုင်မယ်ဆိုရင် ကဖီးဓာတ်ဟာ သင့်အတွက် အကျိုးပြုတဲ့အပိုင်းရောက်သွားမှာပါ။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ အားစိုက်မှု အပိုင်းမှာ ပြသနာဖြစ်နိုင်ပါတယ်။

၃။ကဖင်းဓာတ်ရဲ့ အကျိုးသက်ရောက်မှုဟာ မြန်ဆန်လွန်းပါတယ်။

ကဖင်းဓာတ်ဟာ ဦးနှောက်သွေးကြောထဲကို လွယ်ကူစွာဖြတ်သန်းတတ်တဲ့အတွက် ပင်မအာရုံကြောတွေဟာ မြန်မြန်ဆန်ဆန်ကို နိုးကြားလိုက်ရတဲ့အတွက် ကိုယ့်စိတ်ထဲမှာ တစ်ခုခုကို သပ်ရပ်လား၊ သေသပ်လား၊ ကြောက်စရာကောင်းသလားဆိုတာမျိုးတောင် သေချာ မဆုံးဖြတ်နိုင်ပါဘူး။ ဒါ့ကြောင့်လည်း သင်ဟာ ကော်ဖီသောက်ထားပြီးတဲ့နောက် ပေါ့ပေါ့ပါးပါးကြီး ဖြစ်နေသလိုလို၊ တစ်ခုခုဆို တက်တက်ကြွကြွ ဖြစ်နေသလိုမျိုးတွေ ခံစားနေရတာပါ။

၄။ကော်ဖီတစ်ခုချင်းစီးမှာ ကဖင်းဓာတ်ပါဝင်နှုန်းချင်း မတူပါဘူး။

ကော်ဖီအမျိုးအစားကွဲတဲ့အခါ အရသာကွဲတယ်လို့ ဆိုကြပါတယ်။ ဘယ်ကော်ဖီလေးမှ ကြိုက်တယ်။ ဘယ်တံဆိပ်မှ ကောင်းတယ်ဆိုတာမျိုးဟာ ကော်ဖီထဲမှာပါတဲ့ ကဖင်းဓာတ်မတူညီတာကြောင့်လည်း အများကြီးဆိုင်ပါတယ်။

၅။ကဖင်းဓာတ်ဟာ အသားအရေကို ခြောက်ခန်းစေပါတယ်။

ကော်ဖီတော်တော်များများမှာ ပါတဲ့ ကဖင်းဓာတ် ၉၈ရာခိုင်နှုန်းကြောင့် သင်ကော်ဖီသောက်လိုက်တဲ့အခါ အသားအရေခြောက်ခန်းတာမျိုးတွေ ဖြစ်လာပါတယ်။ ကဖင်းဓာတ်ဟာ ဆီးရွှင်စေတာမှန်ပေမယ့် အသားအရေခြောက်စေတယ် ဆိုတာကလည်း အမှန်မို့ ကော်ဖီသောက်တဲ့သူတွေဟာ ရေများများ သောက်သင့်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်…

Credit: womenshealthmag

Leave a Reply

Your email address will not be published. Required fields are marked *