အရိုးပွရောဂါအကြောင်း သိမှတ်ဖွယ်ရာအဖြာဖြာ
အရိုးပွရောဂါဆိုတာ
အရိုးဆိုတာ သက်ရှိတစ်သျှူးတစ်မျိုးဖြစ်ပြီး ယင်းကို ဆဲလ်များ၊ ကော်လာဂျင်ဖိုင်ဘာများ၊ သတ္တုဓာတ်များဖြင့် ဖွဲ့စည်းတည်ဆောက် ထားပါတယ်။ ပျမ်းမျှအသက် ၃၅ နှစ်နောက်ပိုင်းမှစ၍ အရိုးရဲ့ သတ္တုဓာတ်များဟာ စွမ်းဆောင် ရည်တဖြည်းဖြည်းကျဆင်းလာတာကြောင့် အရိုး၏သိပ် သည်းဆလျော့နည်းသွားကာ၊ သန်မာမှုလည်းလျော့ကျသွား ပါတယ်။ သို့သော် လူတစ်ဦးနှင့်တစ်ဦး အရိုးအားကျဆင်း မှုနှုန်းထား ပမာဏချင်း မတူညီကြပါဘူး။
အရိုးအားကျဆင်း မှုပမာဏများပြားလာခြင်းကို ဆေးသိပ္ပံနည်းအရ အရိုးပွ ရောဂါ၊ အရိုးကြွပ်ဆတ်ရောဂါ၊ အရိုးပါးရောဂါ (Osteoporosis) ဖြစ်တယ်လို့ ခေါ်ပါတယ်။ Osteoporosis လောက် မပြင်းထန်တဲ့ရောဂါကိုတော့ Osteopenia လို့ဆိုပါတယ်။ အရိုးပွရောဂါဖြစ်လာပါက အရိုးဟာ ကြွပ်ဆတ်သွားတာ ကြောင့် ရုတ်တရက်ချောင်းဆိုးလျှင်ဖြစ်စေ၊ တစ်စုံတစ်ခု ကို ကုန်း၍ကောက်လျှင်ဖြစ်စေ၊ ဈေးဆွဲခြင်း ခပ်လေးလေး ကို ဆွဲမ,လိုက်လျှင် ဖြစ်စေ အရိုးအက်သွားတတ်ပါတယ်။ ယုတ်ဆွအဆုံး မတော်တဆ ခြေချော်လဲရုံမျှဖြင့်တောင် အရိုးတွေအလွယ်တကူ ကျိုးသွားပါတယ်။
အရိုးပွရောဂါ ဆိုတာဟာ တစ်ကိုယ်လုံးမှာဖြစ်ပွားတတ်တဲ့ရောဂါဖြစ်ပြီး တမြည့်မြည့်နဲ့ဖြစ်လာတဲ့ရောဂါမို့ စောစီးစွာသိရှိရန် လွန် စွာခဲယဉ်းပါတယ်။ တကယ်တော့ လူ့ခန္ဓာကိုယ်မှာ မွေးဖွား လာကတည်းက အလွန်မာကြောသော အရိုးနဲ့ ပုံမှန်အရိုး မာဟူ၍ နှစ်မျိုးရှိပြီး ပုံမှန်အရိုးမာအမျိုးအစားက ပို၍ထိ ခိုက်လွယ်ပါတယ်။ အထူးသဖြင့် အရိုးရှည်များဖြစ်ကြတဲ့ ကျောရိုး၊ ခါးရိုး၊ ခြေ၊ လက်၊ လက်မောင်းရိုးများ၊ လက်ဖျံ ရိုး၊ ပေါင်ရိုး၊ ခြေသလုံးရိုးတွေမှာ အရိုးပွရောဂါဖြစ်လေ့ရှိ ပါတယ်။
လူတို့မှာ အရိုးကောင်းခြင်းနှင့်အရိုးပွခြင်းတို့ကို ဓာတ် မှန်ရိုက်ကြည့်ရင် သဲကွဲစွာမြင်နိုင်ပါတယ်။ ကျန်းမာသန် စွမ်းတဲ့အရိုးဟာ ဓာတ်မှန်ပေါ်မှာ အဖြူရောင်ပုံရိပ်အကွက် များများထင်နေပါတယ်။ အကြောင်းမှာ X-rays အိပ်စ ရေးရောင်ခြည်များက ပိတ်နေတဲ့ ၎င်းအရိုးကို ဖြတ်သန်း မတိုးနိုင်တာကြောင့် ဖလင်ပေါ်မှာ အဖြူရောင်များတွေ့ မြင်ရခြင်းဖြစ်ပါတယ်။ အရိုးပွရောဂါရှိသူရဲ့ အရိုးကိုရိုက် ယူထားသောဓာတ်မှန်မှာတော့ ဓာတ်ရောင်ခြည်တွေက အရိုးပွတွေကိုဖြတ်သန်း၍သွားနိုင်တာကြောင့် အဖြူရောင် ပြန်မထင်ဟပ်ဘဲ အမည်းရောင်များများပေါ်နေပါတယ်။
အရိုးပွရောဂါအတွက် မထိတ်လန့်စေလို
အရိုးပွရောဂါဆိုတာ နှစ်နှင့်ချီ၍ရောဂါပျိုးလျက်ရှိပြီး နာကျင်ကိုက်ခဲခြင်းနှင့် အခြားလက္ခဏာဟူ၍လည်း တစ် စုံတစ်ရာမပြဘဲ “အသံတိတ်” ရောဂါတစ်မျိုးသာ ဖြစ်ပါ တယ်။ အဲဒီလို မိမိကိုယ်ကိုယ် စိုးစဉ်းမျှ သံသယဖြစ်ဖွယ် မရှိဘဲ ရုတ်တရက်အားထုတ်လှုပ်ရှားမှု ပြုလိုက်ခါမှသာ အရိုးပွရောဂါကို ရုတ်တရက်သိမြင်ခံစားရတာမျိုးပါ။ ထိုမျှ ရောဂါလက္ခဏာ ရှိနေပြီဆိုရင် နောက်ကြောင်းပြန်စရာ အကြောင်းမရှိတော့တဲ့ ကြောက်စရာရောဂါ ပါလို့ အီတလီ နိုင်ငံရှိ အရိုးပွရောဂါအထူးကုဆေးရုံမှ ဆရာဝန်ကြီးတစ်ဦး ဖြစ်သူ ဒေါက်တာမစ္စမယ်လ်ဘာ အိုင်းရစ်စ်အိုဗေးလ်ဆိုသူ က သတိပေးအကြံပြုထားပါတယ်။
သို့သော် ထိုရောဂါသည် များအတွက် မျှော်လင့်ချက်ကုန်ဆုံးသွားပြီလို့ မထင်လိုက်ပါ နဲ့။ ကံကောင်းထောက်မစွာဖြင့် အရိုးဟာလည်း သက်ရှိ တစ်သျှူးတစ်မျိုးဖြစ်၍ အရိုး၏သဘာဝမှာ ဆဲလ်အဟောင်း များပျက်စီး သွားချိန်မှာ ဆဲလ်အသစ်များက အလိုအလျောက် ပုံမှန်ဖြစ်ထွန်းလာကြပါတယ်။
အဲဒီလိုဆဲလ်အသစ်ဖြစ်ထွန်း မှုတိုးပွားစေရန်နှင့် ပျက်စီးမှုနှုန်းကို နှေးကွေးစေရန်တို့အ တွက် ယနေ့ကမ္ဘာမှာ ဆေးသိပ္ပံနည်းအရ နည်းလမ်းများ စွာရှိလာပြီမို့ ဆရာဝန်တွေညွှန်ကြားသောဆေးများကို လိုက်နာမှီဝဲပေးပါ။
ဘယ်အရွယ်မှာဖြစ်တတ်သလဲ
လူတစ်ယောက်၏အရိုးကို အမြင့်ဆုံးတည်ဆောက် ပြီးချိန်ဟာ အသက် ၃ဝအရွယ်ဖြစ်ပါတယ်။ အမျိုးသား အ မျိုးသမီးအားလုံး အရိုးပွရောဂါဖြစ်တတ်ပြီး အမျိုးသမီးတွေ မှာ ပို၍အဖြစ်များပါတယ်။ အမျိုးသမီးတွေသွေးဆုံးပြီးချိန် မှာ ခန္ဓာကိုယ်မှဟော်မုန်းထုတ်လုပ်မှုကျသွားခြင်းကြောင့် အရိုးပါးခြင်း လျင်မြန်စွာဖြစ်ပေါ်လာနိုင်ပါတယ်။ အမျိုး သားတွေမှာလည်း တက်စ်တိုထရုန်း ဟော်မုန်းဆုံးရှုံးမှုမှာ အမျိုးသမီးများသွေးဆုံးသည့်သဘောမျိုး နဲ့ဆင်တူဖြစ်၍ အမျိုးသားများ ပျမ်းမျှအ သက် ၆ဝ ဝန်းကျင်မှစ၍ အရိုးပါးလာကြ ပါပြီ။
လေ့လာဆန်းစစ်မှုမှတ်တမ်းများအရ အသက် ၅ဝကျော်သွေးဆုံးပြီး အမျိုးသမီး ဦးရေ ၁ဝဝမှာ ပျမ်းမျှနှစ်ဦး အရိုးပါးရောဂါ ဖြစ်တတ်ကာ အသက် ၈ဝအရွယ် အမျိုး သမီးလေးဦးမှာ တစ်ဦးအရိုးပါးရောဂါဖြစ် လာကြတာကိုတွေ့ရပါတယ်။
အသက် ၃ဝ အောက်ငယ်ရွယ်သူများက ကယ်လ်စီယမ် ကို တစ်နေ့လျှင် မီလီဂရမ်၁၂ဝဝရရှိအောင် မှီဝဲပါ။ အသက် ၃ဝမှ၅ဝအတွင်းရှိသူများ က မီလီဂရမ် ၁၂ဝဝမှ ၁၅ဝဝ အတွင်းမှီဝဲ သင့်ပြီး အသက် ၅ဝကျော်သွားတဲ့ အခါမှာ တော့ မီလီဂရမ် ၁၅ဝဝ မှ ၂ဝဝဝ အတွင်း နေ့စဉ်မှီဝဲသင့်ပါတယ်။ ဘယ်လိုလူတွေမှာ ပို၍အဖြစ်များသလဲ အသက် ၄၅နှစ် မတိုင်ခင် သွေးဆုံးချိန် စောသူများ၊ သားအိမ်ထုတ်ထားရသူများ၊ မတော်တဆခြေချော်လဲ၍ အရိုးကျိုးခဲ့ဖူးသူများ၊ မိဖမျိုး ရိုးမှာ အရိုးပွရောဂါရာဇဝင်ရှိသူများ၊ body mass index (BMI) ၁၉ (သို့) ၎င်းထက်နည်းသူများ၊ အက်စထရိုဂျင် ဟိုမုန်းကျဆင်း လေ့ရှိသူများ၊ လေ့ကျင့်ခန်း ပြင်းပြင်းထန် ထန်လုပ်ခြင်း (သို့) အစားတွေလျှော့စားလွန်းတာကြောင့် ဓမ္မတာရာသီ ခြောက်လ(သို့)တစ်နှစ်ခန့်ရပ် (ထိန်) တန့် သွားသူများ၊ ပန်းနာရင်ကြပ် ဝေဒနာကြောင့် predniso-lone ကဲ့သို့သော စတီရိုရိုက်ဒ်ဆေးဝါးတွေကို သုံးလနှင့် အထက်မှီဝဲသောက်သုံးနေရသူများ၊ ဆေးလိပ်စွဲနေသူများ၊ အရက်ကို လေးယူနစ်နှင့်အထက် နေ့စဉ်သောက်သုံးသူ များ၊ ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီဓာတ်ချို့တဲ့သူများ၊ နေ ရောင်ခြည်ဓာတ်ကို မရရှိဘဲ နေမထိလေမထိ နေထိုင်လေ့ ရှိသူများ၊ အထူးသဖြင့် ဆယ်ကျော်သက် အရွယ်ကတည်း မှစ၍ ကိုယ်လက်လှုပ်ရှားအားကစားမလုပ်သူများ၊ အိပ် ယာထဲကြာရှည်စွာလှဲနေရသူများ၊ အရိုးကျိုး၍ ကျောက် ပတ်တီး စည်းထားရသူများ၊ ကဖိန်းဓာတ်လွန်ကဲစွာသောက် သုံးသူများမှာ အရိုးပါးရောဂါပို၍အဖြစ်များကြပါတယ်။
ဒါ့ပြင် သိုင်းရွိုက်ရောဂါပျောက်ဆေး၊ celiac (ခေါ်) အစား ကျူး၍ဖြစ်ရသော အူသိမ်ရောဂါပျောက်ဆေး၊ Crohn’s disease (ခေါ်) အစာခြေလမ်းကြောင်း နာတာရှည်ရောင်တင်း ရောဂါပျောက်ဆေး၊ ကျောက်ကပ်ရောဂါပျောက်ဆေး၊ အ ဆစ်အမြစ်ရောင်နာတာရှည်ရောဂါပျောက်ဆေး၊ အသည်း ရောဂါပျောက်ဆေး၊ အမှတ်(၁)ဆီးချိုရောဂါပျောက်ဆေးစတဲ့ ပဋိဇီဝဆေးများကို အမြဲမှီဝဲသောက်သုံးခြင်း၏ ဘေးထွက် ဆိုးကျိုးများကြောင့်လည်း အရိုးပွရောဂါဖြစ်လာရပါတယ်။
ရောဂါလက္ခဏာများ
အရိုးပွရောဂါလက္ခဏာများမှာ အရိုးနှင့်ခါးရိုးများ နာခြင်း၊ အရပ်အမောင်းနိမ့်ဆင်းသွားခြင်း၊ အရိုးကျိုးလွယ် ခြင်း၊ ကျောရိုးကိုတည်ဆောက်ထားတဲ့အရိုးပွများမှာ အ ရိုးသိပ်သည်း ဆပို၍ပွလာတာကြောင့် ဒဏ်မခံနိုင်တော့ဘဲ ခါးမှာ အရှေ့ဘက်သို့ တဖြည်းဖြည်းကုန်းလာခြင်း စသည် တို့ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ကုလားထိုင်ပေါ်က ပြုတ်ကျရုံမျှလောက်ဖြင့် အလွယ်တကူ အရိုးကျိုးလေ့မရှိ ပါဘူး။ သို့သော် ထိုခုံအမြင့်လောက်မှပြုတ်ကျရုံမျှဖြင့် တင် ပါးဆုံရိုးကျိုးသွားခြင်း(သို့) လက်ကောက်ဝတ်ကျိုးသွားခြင်း တို့ဟာ အရိုးပွရောဂါရှိပြီဖြစ်ကြောင်း ရာခိုင်နှုန်း၉ဝကျော် သေချာနေပါပြီ။
ဆောင်ရန်ရှောင်ရန် နည်းလမ်းကောင်းများ
(၁) နံနက်စောစော နေပူစာလှုံပါ။ နေရောင်ခြည်ဟာ ကိုယ်အရေပြားပေါ်သို့ကျရောက်တဲ့အခါတိုင်း ခန္ဓာကိုယ် ကအရိုးကိုကာကွယ်ပေးတဲ့ ဗီတာမင်ဒီကို ထုတ်လုပ်ပေး လေ့ရှိပါတယ်။ သို့သော် နေရောင်ခြည်တိုက်ရိုက်ခံယူရ မှာဖြစ်ပြီး အကယ်၍ တစ်ဆင့်ခံအလင်းဖောက်မှန်ကိုသုံး ၍ နေပူစာလှုံခြင်းက နေရောင်ခြည်မှ ပါလာသော ဗီတာ မင်ဒီဓာတ်ကို ခံစားရမည်မဟုတ်ပေ။ နေလောင်ကာခရင်မ် လိမ်းပြီး နေပူစာလှုံခြင်းကလည်း အရိုးအတွက်လိုအပ်တဲ့ နေရောင်ခြည်မှ ပါလာသော ဗီတာမင်ဒီဓာတ်ကို အပြည့် မရရှိနိုင်ပါဘူး (နေရောင်ခံခြင်း မပြုလိုသူများနှင့် နေမသာ မိုးအုံ့သော ရာသီဥတုတွေမှာသာ နေထိုင်ကြရသူများ အ တွက် ဗီတာမင်ဒီအား ဆေးမှီဝဲသင့်ပါတယ်)
(၂) ကိုယ် လက်လှုပ်ရှားမှုမရှိခြင်းက ကျောရိုးမကြီး၏အရိုးကို ကြံ့ ခိုင်မှုအားနည်းစေပါတယ်။ ဒါကြောင့် နေ့စဉ်နေ့တိုင်း ကိုယ် လက်လှုပ်ရှား လေ့ကျင့်ခန်းကို နာရီဝက်ခန့်လုပ်ပေးပါ။
(၃) ရေကူးခြင်းနှင့်စက်ဘီးစီးခြင်းတို့က အရိုးသန်မာမှု အတွက် အထောက်အကူမဖြစ်စေနိုင်ပါဘူး။ အမြန်လျှောက် ခြင်း၊ အပြေး၊ အေရိုးဗစ်စတဲ့လေ့ကျင့်ခန်းများကို နာရီ ဝက်ကြာအောင် မရပ်မနားပြု၍ ရက်သတ္တတစ်ပတ်လျှင် ငါးရက်ခန့်လုပ်ပေးပါ။လက်မောင်းလက်ဖျံရိုး တွေသန်မာ စေဖို့အတွက်ကိုတော့ မိမိတနိုင်အပေါ့စားအလေးပြားမ၍ လေ့ကျင့်ခန်းလုပ်ပါ။ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန် ဆောင်များက နေ့စဉ်လမ်းမှန်မှန်လျှောက်ပေးဖို့လိုအပ် ပါတယ်။
(၄) ကခုန်ခြင်းက အရိုးအားကောင်း၍ အရိုးသန် မာစေတယ်လို့ အမေရိကန်နိုင်ငံရှိ The National Osteoporosis foundation (ခေါ်) အမျိုးသားအရိုးပျော့ရော ဂါကာကွယ်စောင့်ရှောက်ရေးအဖွဲ့က အကြံပြုထားပါတယ်။
(၅) မော်တာစက်မပါသော လမ်းလျှောက်စက် (သို့) အပြေး လေ့ကျင့်စက်များကိုမသုံးပါနှင့်။ မော်တာမပါသော ၎င်း အားက စားစက်ပစ္စည်းတွေက ခြေထောက်ကိုအတင်းဖိ အားစိုက်၍ ပြင်းပြင်းထန်ထန်လုပ်ရတာကြောင့် အရိုးများကို ဆက်နွှယ်ထားတဲ့ အရွတ်ပြားတွေကို ဒဏ်ဖြစ်စေကာ နောက် ဆက်တွဲဘေးထွက်ဆိုးကျိုးများ အဖြစ် အရိုးပွန်း၍ ပါးလာ နိုင်ပါတယ်။
(၆) အရိုးပါးခြင်းရှိ၊ မရှိကို ခြောက်လတစ် ကြိမ်ပုံမှန်စစ်ဆေးပါ။
(၇) ဆေးလိပ်သောက်ခြင်းနှင့် တစ် ဆင့်ခံစီးကရက် မီးခိုးငွေ့ရှူရှိုက်ခြင်းတို့ ကလည်း အရိုး၏ခံနိုင်ရည်စွမ်းရည်ကို လျော့ကျသွားစေနိုင်ပါတယ်။
အရိုးပါးရောဂါအတွက် ရှောင်ရန်အစားအစာလေးများ…
(၁) အငန်လျော့စားပါ။ ဆိုဒီယမ်(ဆား)ကို များများ စားလေ၊ ကယ်စီယမ်ဆုံးရှုံးရလေဘဲဖြစ်ပါတယ်။ ဥပမာ တာရှည်ခံအောင် ပြုပြင်ထားသော ငပိ၊ ငခြောက်၊ ငံပြာ ရည်၊ ပုစွန်ခြောက်၊ ချဉ်ဖတ်၊ မျှစ်ချဉ်၊ အခြားအသင့်စားအ စားအစာတွေမှာလည်း ဆားပါဝင်မှုများတတ်ပါတယ်။
(၂) အချိုမှုန့်ထဲမှာပါရှိတဲ့ဓာတုပစ္စည်းများဟာ အရိုးပွ၊ အရိုး ပါး၊ အရိုးကြွပ်ဆတ်ရောဂါတွေဖြစ်ပွားနိုင်ပါတယ်။ ကြက် သားမှုန့်ထဲမှာတော့ ¤င်းအချိုမှုန့်အပြင် တာရှည်ခံမှိုသတ် ဆေးများ၊ ဓာတုပစ္စည်းများပါ ရောနှောပါဝင်နေတာကြောင့် ကြက်သားမှုန့်တွေက အချိုမှုန့်ထက်ပင် ပိုမိုဆိုးရွားနေပါ တယ်။
(၃) ကဖိန်းဓာတ်နဲ့ဓာတ်မတည့်သူများ(သို့) ကဖိန်း ဓာတ်ပြင်းပြင်း သောက်သုံးသူများ(သို့)ကော်ဖီအမှုန့်တွေ ကိုမစစ်ခံဘဲ သောက်လေ့ရှိသူများမှာ ခန္ဓာကိုယ်အတွက် အကျိုးယုတ်စေတဲ့ LDL ကိုလက်စထရောတွေမြင့်တက် လာပြီး ဘေးထွက်ဆိုးကျိုးအဖြစ် အရိုးပါးရောဂါဖြစ်စေ နိုင်ပါတယ်။
(၄) ဗီတာမင်စီဓာတ်ပါသောဆေးဝါးများကို အလွန်အကျွံသောက်သုံးပါက အရိုးအဆစ်ရောင်ရောဂါ ကို ဖြစ်ပွားစေပါတယ်။
(၅) အရက်အလွန်အကျွံသောက် သုံးခြင်းကြောင့် အရိုးဆဲလ်သစ် ဖွဲ့စည်းတည်ဆောက်မှုကို အားနည်းစေပြီး ခန္ဓာကိုယ်က ကယ်လ်စီယမ်စုပ်ယူနိုင်မှု ကိုလျော့ကျသွားတာကြောင့် အလွယ်တကူ အရိုးပွ၊ အရိုး အက်တာတွေဖြစ်လာစေပါတယ်။
(၆) ပြုပြင်ထားတဲ့ဖြူ ဆွတ်ဆွတ်သကြားများ(သို့) ၎င်းသကြားဖြင့်ပြုလုပ်ဖန်တီး ထားသော ဖျော်ရည်အချိုရည်များကို လျှော့၍သောက်ပါ။ ၎င်းထဲရှိ ဖော့စ်ဖရက်စ် သတ္တုဓာတ်များက အရိုးကိုသွယ် ဝိုက်သောနည်းဖြင့် ဆိုးကျိုးပေးနိုင်ပါတယ်။
(၇) ကဖိန်း ဓာတ်ပါသော ဆိုဒါအချိုရည်များနှင့် ဆိုဒါဓာတ်ပါသော ကိုလာအချိုရည်များကလည်း ခန္ဓာကိုယ်အတွက် ကယ်လ်စီ ယမ်စုပ်ယူမှုကို ကြီးစွာသော အဟန့်အတားဖြစ်စေပြီး အရိုး ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။
TheYangonTime