ကျန်းမာရေးဗဟုသုတ

နှလုံးသွေးကြောကျဉ်းဝဒနာရှင်တို့အတွက်

နှလုံးသွေးကြောကျဉ်းဝဒနာရှင်တို့အတွက်
~~~~~~~~~~~~~~~~~~
နှလုံးသွေးကြောကျဉ်းပြီး အသက်ရှူုမဝ၍ ဆရာဝန်နှင့်ပြ၊ဆေးများသောက်သော်လည်း သက်သာလှသည်မဟုတ်ပါ။

နှလုံးအထူးကုဆရာဝန်ကြီးနှင့်ပြကြည့်ရာ ခွဲစိတ်ဖို့အကြံပေးပြီး ရက်ချိန်းပေးထားသည်ဆိုပါသည်။ထိုသူငယ်ချင်းကံကောင်းသည်ဟုဆိုရပေလိမ့်မည်။

ဖေ့ဘုတ်ပေါ် မှဆေးနည်းကောင်းလေးတစ်ခုရ၍ ခွဲစိတ်ချင်သော စိတ်ဆန္ဒလည်းမရှိသောကြောင့် ထိုဆေးနည်းလေးအား အားကိုးအားထား ကာ ဆေးညွှန်းအတိုင်းဆောင်ရွက်ခဲ့ပါသည်။

သူငယ်ချင်းအားလည်း မခွဲစိတ်စေချင်ပါ အကြောင်းကား ခွဲစိတ်မည်ဆိုပါက သိန်း(၁၀)အထက်သာကုန်ကျမည်ဖြစ်ပြီး ဝန်ထမ်းတစ်ယောက်၏ လစာအခြေအနေနှင့် လုံးဝမလွယ်ကူသောကြောင့်ဖြစ်လေသည်။
သူငယ်ချင်းဆုတောင်းပြည့်ပါသည်။

ခွဲစိတ်စရာမလိုတော့ပါ။နှလုံးသွေးကြောကျဉ်းရောဂါ သိသိသာသာသက်သာသွား၍ဖြစ် လေသည်။ထိုဆေးနည်းမှာ

(၁) ချင်းစိမ်းသတ္တုရည် လက်ဖက်ရည်ပန်းကန်(၁)ခွက်

(၂) ကြက်သွန်ဖြူသတ္တုရည် လက်ဖက်ရည်ပန်းကန်(၁)ခွက်

(၃) ရှောက်ရည် လက်ဖက်ရည်ပန်းကန်(၁)ခွက်

(၄) ပန်းသီးရှာလကာရည် လက်ဖက်ရည်ပန်းကန်(၁)ခွက်

ထို(၄)ခွက်အား ဆတူရော၍ (၃)ခွက်လျှင် (၂)ခွက်ကျန်အောင် ကျိုရပါမည်။

ထို(၃)ခွက်(၂)ခွက်စာကျန်ပါက ပျားရည်စစ်စစ် လက်ဖက်ရည်ပန်းကန်လုံး(၃)ခွက်နှင့်နနွင်းမှုန့်
ကွမ်းသီးလုံး(၁)လုံးစာမျှ ထည့်မွှေပြီး တစ်ညအိပ်နှပ်ထားရပါမည်။

တစ်နေ့လျှင် ထမင်းစားဇွန်း(၁)ဇွန်းသောက်ပါ။

ပန်းသီးရှာလကာရည်ကို အသင့်ဝယ်ယူ၍ရနေပါပြီ။

ထိုဆေးနည်းမှာ နက္ခတ္တရောင်ခြည်တွင်ဖတ်ရှုရသော မောင်အေးကြူ(စီးပွားရေး)၏နှလုံးသွေးကြောကျဉ်းဝေဒနာရှင်များ
အတွက်မှ ထုတ်နုတ်ဖေါ်ပြခြင်းဖြစ်ပါသည်။

နှလုံးသွေးကြောကျဉ်းရောဂါ သက်သာသည်မှာအမှန်ဖြစ်ပါ၍ ထပ်ဆင့်ဝေငှလိုက်ပါသည်။

လိုသူယူသုံး စိတ်နှလုံး ရွှင်ပြုံးနိုင်ပါစေ…။

#ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *