ကျန်းမာရေးဗဟုသုတ

ပန်းသီး ရှာလကာရည် (Apple Cider Vinegar)

ပန်းသီး ရှာလကာရည် (Apple Cider Vinegar)

“ပန်းသီး ရှာလကာရည် ၏ ပြိုင်ဖက်ကင်းသော အသုံးကျမှုများ”

(၁) ခန္ဓာကိုယ်တွင်းမှ အဆိပ်ထုတ်ပေးခြင်း။
– စစ်ထုတ် မထားသော ပန်းသီး ရှာလကာရည် သည် အသည်း နှင့် သွေးဖြူလင့် တို့ အတွက် အားဆေးဖြစ်ပြီးခန္ဓာကိုယ်တွင်းမှ အဆိပ် ထုတ် ပေးရန် ကူညီပေးနိုင်သည်။
– ခန္ဓာကိုယ်၏ pH ကို မျှတစေသည်။
– နှလုံးသွေးကြောဆိုင်ရာ လှုံ့ဆော်မှု၊ အူသိမ်အူမ စေ့ဆော်မှု နှင့် သွေးဖြူလင့် စီးဆင်းမှု စသည်တို့ကို လှုံ့ဆော်ပေးခြင်း။
(၂) ဆံပင်ကို တောက်ပ စေရန် သဘာဝ ဆံပင်ကိုပြုပြင်သော ဆေးရည်ဖြစ်ခြင်း။
– အော်ဂဲနစ် ပန်းသီး ရှာလကာရည် ၁ ဇွန်း + ရေ ၁ ခွက် = သဘာဝ Hair Conditioner

(၃) သဘာဝ သွားဖြူဆေး ဖြစ်ခြင်း။
– သွားများကို ပန်းသီး ရှာလကာရည်ဖြင့် ၁ မိနစိခန့် ပွတ်တိုက် ပေးခြင်းဖြင့် ပန်းသီး ရှာလကာရည် ၏ pH ကြောင့် သွားအစွန်းအထင်းများကို ဖယ်ရှားပေးခြင်းဖြင့် သဘာဝအလျောက်ဖြူဖွေးစေရန် ကူညီပေးနိုင်သည်။

(၄) အစာအိမ် အက်စစ် နောက်ပြန်ဆန်ခြင်းနှင့် ရင်ပူရင်ဆာ ဖြစ်ခြင်းတို့ကို ကုသနိုင်ခြင်း။
– ရင်ပူရင်ဆာဖြစ်ခြင်းသည် အစာအိမ် pH မမျှတခြင်းနှင့် အင်ဇိုင်းများ၊ ပရိုဘိုင်အောတစ်များ ချို့တဲ့ခြင်းကြောင့်ဖြစ့်ပြီး ပန်းသီး ရှာလကာရည်သည် ၎င်း သြဇာဓာတ်များဖြင့် ပြည့်ဝသည်။
– အစာအိမ်အက်စစ် နောက်ပြန်ဆန်ခြင်းကို သက်သာစေရန် ပန်းသီး ရှာလကာရည် တစ်ဇွန်း ကို ရေ တစ်ခွက်ဖြင့်ရောပြီး အစာမစားမီ ငါးမိနစ် အလိုတွင် သောက်သုံးနိုင်သည်။

(၅) ကပ်ပါးမှို (ရိစ့်) ကို သေစေနိုင်ပြီး ပရိုဘိုင်အောတစ်များကို မြှင့်တင်ပေးခြင်း။
– ကပ်ပါးမှို (ရိစ့်) ကြောင့် ပါးစပ်နံခြင်း၊ အားအင်မဲ့ခြင်း၊ ဆီးလမ်းကြောင်း ကူးစက်ရောဂါ နှင့် အစာခြေချက်ခြင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်စေသည်။

(၆) ခန္ဓာကိုယ် ၏ pH ကို ထိန်းညှိပေးခြင်း။
– ခန္ဓာကိုယ် pH ကိုမျှတ စေခြင်းဖြင့် ကင်ဆာ ကဲ့သို့ နာတာရှည် ရောဂါများ၏ အန္တရာယ်ကို လျော့ချပေးနိုင်ပြီး ခန္ဓာကိုယ် စွမ်းအင်ကို သိသာထင်ရှားစွာ တိုးမြှင့် စေနိုင်သည်။

(၇) ကိုယ်အလေးချိန်လျော့ချ ခြင်းနှင့် ခန္ဓာကိုယ် ဓာတုဖြစ်စဉ် တို့ကို ထောက်ပံ့ပေးနိုင်ခြင်း။
– ပန်းသီး ရှာလကာရည် တွင်ပါဝင်သော အဆီးတစ် အက်စစ် (Acetic Acid) သည် ခန္ဓာကိုယ် အဆီကို လျော့ကျစေနိုင်သည်။

(၈) သဘာဝ အိမ်တွင်း သန့်ရှင်းရေးပစ္စည်းဖြစ်ခြင်း။
– ပန်းသီး ရှာလကာရည် သည် ဘက်တီးရီးယား ဆန့်ကျင့်မှု ဂုဏ်သတ္တိ နှင့် pH မျှတစေခြင်း စသည်တို့ကြောင့် ပြည့်စုံကောင်းမွန်သော အိမ်တွင်း သန့်ရှင့်ရေး ပစ္စည်း ဖြစ်စေသည်။
– စပရေး ပုလင်း ထဲသို့ – ရေ (၅၀%) + ပန်းသီး ရှာလကာရည် (၅၀%) ဖြည့်ပြီး ပြတင်းပေါက်၊ စားပွဲ စသည်တို့ကို သန့်ရှင်း စေရန် ပက်ဖျန်း အသုံးပြုနိုင်သည်။

(၉) နေလောင်ခြင်း ကို သက်သာစေခြင်း။
– နေလောင်ခံရသော အရေပြားအတွက် = ပန်းသီး ရှာလကာရည် ၁ ခွက် + အုန်းဆီ ၁/၄ ခွက် + လားဗင်ဒါ ဆီ။

(၁၀) သွေးတွင်း သကြားကို မျှတစေပြီး ဆီးချိုရောဂါကို တိုးတက်ကောင်းမွန် စေခြင်း။
– ပန်းသီး ရှာလကာရည် တွင် ပါဝင်သော အဆီးတစ် အက်စစ်သည် သွေးတွင်း သကြားကို မျှတစေနိုင်ပြီး အင်ဆူလင်တုံ့ပြန်နိုင်မှုတို့ကို တိုးတက်ကောင်းမွန်စေသည်။

(၁၁) တိုက်ကပ် နွယ်ပင် အဆိပ်ကို ကုသပေးနိုင်ခြင်း။
– ပန်းသီး ရှာလကာရည် တွင်ပါဝင်သော ပိုတက်ဆီယမ် သည် ရောင်ကိုင်း(ဖောရောင်)ခြင်း နှင့် ရောင်ရမ်းခြင်းတို့ကို လျော့နည်းစေရန် ကူညီပေးနိုင်သည်။

(၁၂) အိမ်မွေး တိရိစ္ဆာန်များ၏ လှေး၊ သန်း စသည်တို့ကို ဖယ်ရှားပေးနိုင်ခြင်း။
– ရေ နှင့် ပန်းသီး ရှာလကာရည် တို့ကို ဆတူရောပြီး အိမ်မွေး တိရိစ္ဆာန်တို့ကို စိမ်ပေးနိုင်သည်။

(၁၃) သွေးဖိအား ကျစေခြင်း။
– ပန်းသီး ရှာလကာရည် ကို သုံးစွဲခြင်းကြောင့် ထရိုင်ဂလစ်စရိုက် နှင့် သွေးဖိအား တို့ကို ကျဆင်းစေနိုင်သည်။

(၁၄) ရာသီအလိုက် ဖြစ်သော ဓာတ်မတည့်ခြင်းများ (ရာသီ တုပ်ကွေး များ စသည်ဖြင့်) ကို တိုက်ခိုက်ပေးခြင်း။
– ပန်းသီး ရှာလကာရည် သည် ခန္ဓာကိုယ်တွင်း၌ ချွဲသလိပ် တို့ကို ပြိုကွဲစေပြီး သွေးဖြူလင့် စီးဆင်းမှု တို့ကို ထောက်ပံ့ ပေးသည်။ ကိုယ်ခံအား စနစ်ကိုလည်း ထောက်ပံ့ပေးပြီး အသက်ရှူလမ်းကြောင်း (လေလမ်းကြောင်း) တို့ကို ရှင်းလင်းစေနိုင်သည်။
– ရာသီအလိုက် ဖြစ်သော ဓာတ်မတည့်ခြင်းများ (ရာသီ တုပ်ကွေး များ စသည်ဖြင့်) တို့ အတွက် ပန်းသီး ရှာလကာရည် ၂ ဇွန်း ကို ရေဖန်ခွက်ကြီး တစ်ခွက်တွင် ရောစပ်ပြီး တနေ့ ၃ ကြိမ် သောက်သုံးနိုင်သည်။

(၁၅) ခြေချောင်းများ နှင့် အရေပြား မှိုစွဲခြင်း တို့ကို သုတ်သင် ပေးနိုင်ခြင်း။
– ပန်းသီး ရှာလကာရည် တွင်ပါဝင်သော ဘက်တီးရီးယား နှင့် မှို စသည်တို့ ဆန့်ကျင်သည် ဒြပ်ပေါင်းများသည် အရေပြားနှင့် ခြေချောင်းမှိုစွဲခြင်းတို့ အတွက် အထူးကောင်းမွန်သော သဘာဝ ကုသမှုကို ဖြစ်စေသည်။
– မှိုစွဲသော နေရာ တဝိုက်ကို တစ်နေ့နှစ်ကြိမ် ပွတ်လိမ်းပေးနိုင်ပါသည်။
– အုန်း ဆီ၊ အော်ရီဂါနို ဆီ တို့နှင့် ရောစပ်၍လည်း အသုံးပြုနိုင်ပါသည်။

(၁၆) နှင်းခူနာနှင့် ဝက်ခြံအတွက် အရေပြားဆေး(Skin toner) အဖြစ်အသုံးပြုနိုင်ခြင်း။
– ပန်းသီးရှာလကာရည်၏ pH သည် အရေပြား ပြဿနာများအတွက် အကောင်းဆုံး ကုထုံး ဖြစ်စေသည်။
– ပန်းသီးရှာလကာရည်ကို သက်ဆိုင်ရာအရေပြားပေါ်သို့ သုတ်လိမ်းပေးခြင်း သို့မဟုတ် ဆေးကြောပေးပြီး အုန်းဆီနှင့် ရနံ့အဆီတို့ကို သုတ်လိမ်းပေးနိုင်ပါသည်။

(၁၇) သွေးကြောထုံးခြင်း (အထူးသဖြင့် ခြေသလုံး နေရာများ) ကို သက်သာစေခြင်း။
– ပန်းသီးရှာလကာရည် သည် သွေးကြောထုံးခြင်းအတွက် အကောင်းဆုံးဖြစ်သည်။ ၎င်းသည် သွေးပြန်ကြောနံရံများအတွင်း သွေးလှည့်ပတ်ခြင်းကို တိုးတက်ကောင်းမွန်စေပြီး ရောင်ရမ်းခြင်းကို ဆန့်ကျင် ပေးသည်။ ထို့ကြောင့် ဖောင်းထွက်လာသော သွေးကြောများကို လျော့နည်းစေသည်။
– ပန်းသီးရှာလကာရည် + ဝစ်-ဟေစော (Witch-hazel) တို့ကို လိမ်းကျံပေးနိုင်ပါသည်။

(၁၈) သဘာဝအနံ့အသက်ပျောက်ဆေးဖြစ်ခြင်း။
– မကောင်းသော ဘက်တီးရီးယားများနှင့် ရိစ့် တို့သည် ခန္ဓာကိုယ် အနံ့ဆိုးခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်သည်။ ချိုင်းအောက်နေရာများကို ပန်းသီးရှာလကာရည် တို့လိမ်းပေးခြင်းဖြင့် ရိစ့်များကို သေဆုံးစေပြီး အနံ့ဆိုးများကို ပျက်ပြယ်စေနိုင်ပါသည်။

(၁၉) အအေးမိခြင်းနှင့် လည်ချောင်းနာခြင်းကို ကုသပေးခြင်း။
– ပန်းသီးရှာလကာရည်သည် အအေးမိခြင်းနှင့် လည်ချောင်းနာခြင်းကို အမြန်ဆုံး ကုသပေးရန်အတွက် အကောင်းဆုံး ကုထုံး ဖြစ်ပါသည်။ ၎င်းတွင်ရှိသည့် ဗိုက်တာမင်များနှင့် ပရိုဘိုင်အောတစ် အားဖြည့်ထားသည့် အက်စစ်တစ်အင်စစ် စသည်တို့သည် ထူးကဲသော သဘာဝ ဆေးနည်းဖြစ်ပါသည်။
– အအေးမိခြင်းကို ကုသရန် အတွက် ပန်းသီးရှာလကာရည် နှစ်ဇွန်းနှင့် ရေ တစ်ခွက်တို့ကို တစ်နေ့သုံးကြိမ် သောက်သုံးနိုင်ပါသည်။

(၂၀) ကြွက်နို့ အသားမာတို့ကို လျော့ကျစေနိုင် ကောင်းခြင်း။
– ပန်းသီးရှာလကာရည်ကို ကြွက်နို့နေရာ တဝိုက်တွင် လိမ်းပေးပြီး တစ်ညတာ စည်းထားပေးနိုင်ပါသည်။ သို့သော် ၎င်းသည် ကြွက်နို့ပျောက်ကင်းရန်အတွက် အချိန်ယူကောင်းယူနိုင်သည်။

ပန်းသီး ရှာလကာရည် ကိုရွေးချယ်ရာတွင် အော်ဂဲနစ်ဖြစ်ခြင်း၊ စစ်ထုတ် မထားခြင်း (Unfiltered)၊ အပူပေး၍ ပိုးသတ် မထားခြင်း (Unpasteurized) စသည့် အမျိုးအစားကို ရွေးချယ်ခြင်းအားဖြင့် များစွာသော ကျန်းမာရေး နှင့် အလှအပ ဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။
နှောက်နေသော အမျှင်များပါဝင်သည့် ပန်းသီး ရှာလကာရည်သည် အကျိုးပြု အင်ဇိုင်းများနှင့် ဘက်တီးရီးယားတို့ ပါဝင်ခြင်းဖြစ်ပြီး ၎င်းသည် ” The Mother” ဟု ရည်ညွှန်းသည့် ပရိုဘိုင်အောတစ်များ ဖြစ်ကြသည်။

– စစ်ထုတ် မထားသော (Unfiltered)၊ အပူပေး၍ ပိုးသတ် မထားသော (Unpasteurized) ပန်းသီးရှာလကာရည် (Raw) သည် ခန္ဓာကိုယ်အတွက် တစ်ခုတည်းသော အယ်ကာလိုင်း-ပုံစံ ရှာလကာရည်ဖြစ်ပါသည်။
– ပန်းသီးရှာလကာရည် (Raw) သည် ခန္ဓာကိုယ်၏ pH ကို မျှတစေသဖြင့် ကင်ဆာ ဆဲလ် ကြီးထွားခြင်းကို ရပ်တန့်စေနိုင်ပြီး နှိမ်နင်းကောင်း နှိမ်နင်း စေနိုင်ပါသည်။
– အခြားသော ရှာလကာရည်များ (အဖြူရောင် ရှာလကာရည်၊ ဒန်းတလက် ရှာလကာရည်၊ ဝိုင်နီ စသည်ဖြင့်) မှာ အက်စစ်-ပုံစံ ဖြစ်ပါသည်။
– ပန်းသီးရှာလကာရည် (Raw) ကို အစာမစားမီ ရေဖြင့်ရော၍ သောက် သုံးခြင်းဖြင့် အာဟာရ စုပ်ယူ အသုံးချနိုင်မှု ကို အားကောင်း စေပြီး အစာခြေချက်ခြင်းကို တိုးတက်ကောင်းမွန် စေပါသည်။

Sai Myo Tun’s Health Diary

Leave a Reply

Your email address will not be published. Required fields are marked *