ကျန်းမာရေးဗဟုသုတ

ပျားရည်ကို_ဘယ်ချိန်မှာသောက်ဖို့သင့်တော်သလဲ

ပျားရည်ကို_ဘယ်ချိန်မှာသောက်ဖို့သင့်တော်သလဲ
++++++++++++++++++++++++++

*ပျားရည်ဟာ လူတိုင်းနဲ့ သင့်တော်တဲ့ အစားအစာလို့ သိကြပါတယ်။ ပျားရည်လို့ ပြောလိုက်တာနဲ့ ကျန်းမာရေး လိုက်စားသူတွေ စားသုံးတဲ့ အစားအစာဆိုတာ သိကြပါတယ်။ ပျားရည်ကို ကျန်းမာရေးနဲ့ ညီညွှတ်စေဖို့ ဘယ်လို စားသောက်ရမယ် ဆိုတာတော့ သိတဲ့လူ နည်းပါတယ်။

*ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ လူတွေဟာ ကျန်းမာရေးနဲ့ အညီနေထိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေပြီး စားသုံးနေကြသလို Diet Plan တွေနဲ့အညီ ပြုမူနေထိုင် စားသောက်နေကြပါတယ်။

*ပျားရည်မှာ အာဟာရဓာတ်နဲ့ သတ္တုဓာတ်တွေ များစွာ ပါဝင်ပြီး ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများထဲက တစ်ခုပါ။ ပျားရည်ကို ရေနွေးနဲ့ ဖျော်ရည်လုပ်သောက်မယ်ဆိုရင် ကိုယ်အလေးချိန် ထိန်းပေးပြီး ကိုယ်တွင်း ကလိစာတွေကို ကျန်းမာစေပါတယ်။

*ပျားရည်ကို သောက်ပေးခြင်း အားဖြင့် ကိုယ်ခံအား တိုးမြှင့်လာစေနိုင်ပြီး ရာသီဥတုကြောင့် ဖြစ်တဲ့ အအေးမိနှာစေး ချောင်းဆိုးတွေကို ကာကွယ်ပေးပါတယ်။

*အဆုတ်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်ပေးနိုင်ပါတယ်။ ပျားရည်ဟာ အရက်နာကျသူတွေ အတွက် အကောင်းဆုံးဆေးပါပဲ။ မနက် ပျားရည်ဖျော်ရည်ကို သောက်ပေးခြင်းအားဖြင့် အရက်နာကျခြင်းကြောင့် ဖြစ်တ ဲ့ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ မလန်းဆန်းခြင်းတွေကို ပျောက်ကင်းစေနိုင် ပါတယ်။ အူလမ်းကြောင်းတွေမှာ ရှိတဲ့ အဆိပ်အတောက်တွေကို ပြေစေပြီး အစာခြေလမ်းကြောင်းက မကောင်းတဲ့ ပိုးတွေကို သေစေနိုင်ပါတယ်။

*ကျောက်ကပ်ရဲ့ လုပ်ဆောင်ပုံကို အကောင်းဆုံး အထောက်အပံ့လုပ်ပြီး ညနေပိုင်းတွေမှာ သောက်ပေးရင် ညဘက် ဆီးပြဿနာ မဖြစ်စေတော့ပါဘူး။ ပျားရည်ဟာ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ယုံတင်မကပဲ တစ်ရှူးများ အနာ ကျက်မြန်ခြင်းကို ကာကွယ်ပေးခြင်း ၊ အမာရွတ် ဖြစ်ခြင်းနှင့် ရောင်ရမ်းခြင်းများကို လျော့နည်းစေခြင်း စတဲ့ အချက်တွေ ရရှိပါတယ်။

*ပျားရည်ဖျော်ရည်မှာ အဓိက ပါတာကတော့ ပျားရည်နဲ့ ရေနွေးပါပဲ။ အဆီကျချင်သူတွေ အတွက်ကတော့ လီမွန်တစ်ခြမ်းလောက် ထည့်သောက်လို့ ရပါတယ်။ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေခပ်နွေးနွေး တစ်ခွက်ထဲထည့် မွှေပြီး သိပ်မအေးခင် သောက်ပေးပါ။

#ဘယ်အချိန်တွေမှာ
#သောက်ဖို့သင့်တော်သလဲဆိုရင်တော့

*မနက်အိပ်ယာထိချိန် ဗိုက်ထဲ အစာ မရှိတဲ့အချိန်ဟာ အကောင်းဆုံးပါပဲ။

*အစာနဲ့ ဝေးတဲ့ ညပိုင်း

*ကြိုက်တဲအချိန်မှာ တစ်ကြိမ်လောက်တော့ သောက်ပေးသင့်ပါတယ်။ တစ်လလောက် သောက်လိုက်ရင်ပဲ အကျိုးကျေးဇူးတွေကို လက်တွေ့ခံစားသိလာနိုင်ပါလိမ့်မယ်။

မေတ္တာများစွာဖြင့်….
SuSu….

#TKW
#CREDIT- MyFood Myanmar

Leave a Reply

Your email address will not be published. Required fields are marked *