ဘာကြောင့် အရက်သောက်ကြတာလဲ
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များအတွက် ဘာသာရေးအရ အရက်သောက်ခြင်းမှာ ငါးပါးသီလကို ဖောက်ဖျက်ခြင်းကြောင့် အရက်သေစာသောက်သုံးမှုကို အထူးရှောင်ကြဉ်လေ့ရှိသလို မြန်မာ့လူမှု အသိုင်းအဝိုင်းတွင်လည်း အရက်သမားဆိုသည်မှာ လူအများ၏ ကဲ့ရဲ့ခံရလေ့ရှိခြင်းကြောင့် အရက်သောက်ခြင်းကို ရှောင်ကြဉ်လေ့ရှိကြသည်။
သို့သော် ပြောင်းလဲလာသော လူနေမှုအကျင့်စရိုက်များ၊ ပြည်ပမှ ယဉ်ကျေးမှုဓလေ့များ ကူးစက်လာ ခြင်းကြောင့် အရက်သောက်သုံးခြင်း မှာ ထူးဆန်းသောအရာဟုမမြင်ကြ တော့ဘဲ ကြီးငယ်မရွေးအရက်သောက် သုံးသောအလေ့အကျင့် ရရှိလာကြသည်။ ထို့အပြင် အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်း၊ ဈေးနှုန်းသက်သာခြင်း၊ အခြေခံ လူတန်းစားများအတွက် အရက်သောက်ခြင်းသည် ထွက်ပေါက်သဖွယ် ဖြစ်လာခြင်းတို့ကြောင့် အရက် သောက်သုံးမှု မြင့်တက်လာရကြောင်း လေ့လာသူတို့က ဆိုကြသည်။
“အခြေခံလူတန်းစားတွေ အထူးသဖြင့် လက်လုပ်လက်စားတွေက အရက်ကိုပင်ပန်းမှုအကြောင်းပြပြီး သောက်သုံးလေ့ရှိပါတယ်။ အထူးသဖြင့် လယ်ထဲကိုင်းထဲဆင်းရတဲ့သူ တွေဆိုရင်အရက်ကို ဆေးဖြစ်ဝါးဖြစ် ဆိုပြီး သောက်ကြလေ့ရှိပါတယ်။ အဲဒါကြောင့် နယ်တွေမှာ အရက်က စပြီးဖြစ်ရတဲ့ မှုခင်းတွေ မကြာခဏ ဆိုသလို ဖြစ်ပေါ်တာတွေ့ရပါတယ်။ မြို့ပေါ်မှာတော့ အရက်အလွန်အကျွံသောက်လို့ စိတ်ရောဂါ၊ အသည်း ရောဂါနဲ့တခြားရောဂါတွေ ဖြစ်ပွားမှု နှုန်းများပါတယ်”ဟု အငြိမ်းစား ဆရာဝန်ကြီးတစ်ဦးကပြောပါသည်။
“အရက်ရဲ့ဆိုးကျိုးကြောင့်လည်း လူမှုရေးပြဿနာ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်တယ်။ စိတ်ပိုင်းဆိုင်ရာအရ စိတ်ကယောင်ကတမ်းဖြစ်တာ၊ လှုံ့ဆော်မဲ့ အာရုံတွေကြားရတာ၊ အာရုံကြောတွေ ထုံထိုင်းတာ၊ မှတ်ဉာဏ်ချို့ယွင်းတာ စတာတွေဖြစ်နိုင် . . .”
ခန္ဓာကိုယ်ရဲ့အရက်ဒဏ်ခံနိုင်ရည်
ခန္ဓာကိုယ်၏ ခံနိုင်စွမ်းရည် အနေအထားအရ အရက်ကိုအလွန် ကျွံသောက်၍ ဖြစ်စေ၊ အရက်ကို စွဲလန်းစွာ နှစ်ရှည်လများသောက်သုံးလျှင်ဖြစ်စေ ခံနိုင်စွမ်းရည်မရှိကြောင်း သိရပါသည်။
“အရက်ကို အလွန်အကျွံ သောက်လို့ပဲဖြစ်ဖြစ်၊ စွဲစွဲလမ်းလမ်း သောက်သုံးလို့ပဲဖြစ်ဖြစ် အသည်း ရောဂါအပြင် အစာအိမ်ရောဂါ၊ ပါးစပ်နဲ့လည်ချောင်းရောဂါတို့အပြင် ကင်ဆာအထိဖြစ်နိုင်ပါတယ်။ တခြား စိတ်ပိုင်းဆိုင်ရာ၊ အာရုံကြောဆိုင်ရာ ရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ လူတစ်ယောက် အရက်သောက်ပြီးပြီ ဆိုရင် အရက်ကိုပြင်ပကိုပြန်စွန့်ထုတ်နိုင်ဖို့ သွေးအရည်ကြည်နဲ့ အသည်းတို့က ချေဖျက်ရတယ်။ အဲဒီနောက် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့နဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့အဖြစ် နှာခေါင်းနဲ့ ဆီးကနေ အပြင်ကို ပြန်ထွက်စေပါ တယ်။ ဒါပေမယ့် အယ်လ်ကိုဟော ၂ ရာခိုင်နှုန်းလောက်ပဲ အပြင်ကို ပြန်ထွက်နိုင်ပြီး ကျန်တာတွေက ခန္ဓာကိုယ်ထဲမှာ ကျန်ခဲ့ပါတယ်။ အရက် သောက်လွန်းရင် ချေဖျက်ဖို့ကြိုးစား ပေးရတဲ့အသည်းက အလုပ်ပိုလုပ်ရတယ်။ ချို့ယွင်းဖို့ပိုလွယ်တယ်။ လက်ရှိ လူမှုဝန်းကျင်မှာ ဘီပိုး၊ စီပိုး တို့လို အသည်းရောဂါပိုးတွေ ရှိနေတာများတယ်။ ဒါကြောင့် အရက်နဲ့ အဲဒီရောဂါပိုးတွေပေါင်းပြီး အသည်း က ပိုပျက်စီးဖို့လွယ်တယ်။ အသည်း ရောဂါ၊ အသည်းကင်ဆာဖြစ်တဲ့သူ တွေများလာတယ်”ဟု ပါမောက္ခ ဒေါက်တာမြင့်မြင့်ခင်က ရှင်းပြခဲ့သည်။
“အရက်ကို သောက်ကြတဲ့ အကြောင်းပြချက်အမျိုးမျိုးရှိနိုင်ပါ တယ်။ ပတ်ဝန်းကျင်ကြောင့်၊ အပေါင်းအသင်းကြောင့်၊ စိတ်ခံစား ချက်ကြောင့် စသဖြင့်ရှိနိုင်
တယ်။ အရက်ရဲ့ဆိုးကျိုးကြောင့်လည်း လူမှု ရေးပြဿနာ၊ ရုပ်ပိုင်းဆိုင်ရာ၊
စိတ် ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ တွေဖြစ်နိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ
အရ စိတ်ကယောင်ကတမ်းဖြစ်တာ၊ လှုံ့ဆော်မဲ့အာရုံတွေကြားရတာ၊
အာရုံ ကြောတွေ ထုံထိုင်းတာ၊ မှတ်ဉာဏ် ချို့ယွင်းတာ စတာတွေဖြစ်နိုင်တယ်။ အရက်သောက်လို့ စိတ်ဖိစီးသလို စိတ်ဖိစီးမှုကြောင့် အရက်သောက်ဖြစ်တာလည်း ရှိနိုင်တယ်။ အရက်သောက် သုံးသူတချို့မှာ စိတ်ဓာတ်ကျတဲ့ ရောဂါမျိုးစွဲကပ်တတ်တယ်။
လက်တွေ့နဲ့မလျော်ညီတဲ့ အတွေးမျိုး ဝင်တာလည်းရှိနိုင်တယ်။ ငယ်စဉ်က
တည်းက ကြုံတွေ့ခဲ့ရတဲ့ပြဿနာတွေ၊ နာကျင်မှုတွေကို အခုအသက်အရွယ် အထိ စုစည်းသယ်ဆောင်လာပြီး အရက်ကို အသုံးချပြီး ဖြေသိမ့်တတ်ကြတယ်။
ဒါပေမယ့် အရက်ကြောင့် တချို့ခံစားမှုတွေပိုတိုးလာနိုင်တယ်။ အရက်ကို
အလွန်
အကျွံ သောက်သုံးရင် အလုပ်အကိုင်ထိခိုက်နိုင်တယ်၊ အလုပ်မလုပ်နိုင်ရင်
ဝင်ငွေကျဆင်းမယ်။ မိသားစုအပါအဝင် အသိုင်းအဝိုင်းတွင်းမှာ ပြဿနာဖြစ်နိုင်တယ်၊ လူမှုစီးပွားဘ၀ ပျက်ယွင်းစေနိုင်တယ်” ဟု စိတ်ပညာပါမောက္ခ ဒေါက်တာ ဒေါ်ခင်အေးဝင်းက ဆိုပါသည်။
Credit to Origin
#MUNA