နွားနို့နှင့် ဓါတ်မတည့်ရခြင်းအကြောင်းရင်းတွေ့ရ
——————————————–
ကလေးများနှင့် အရွယ်ရောက်သူများတွင် နွားနို့နှင့်ဓါတ်မတည့်ရ ခြင်းအကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့ ကြောင်း သုတေသနသစ်တစ်ခုက ကြေငြာထားသည်။
Medical University of Vienna University of Vienna တို့မှသုတေသနအဖွဲ့က နွားနို့တွင် beta -lacoglobulin အမည်ရှိ ပရို တင်းတစ်မျိုးကို တွေ့ရှိခဲ့ပြီး နို့ထဲ၌ သံဓါတ်ကင်းစင်နေပါက ဓါတ်မတည့်သည့် လက္ခဏာများဖြစ်ပေါ်စေ နိုင်ကြောင်း သိရသည်။ သံဓါတ်နှင့် ပေါင်းစပ်ထားပါက အဆိုပါပရိုတင်း သည် အန္တရာယ်မရှိဟုဆိုသည်။
နွားနို့နှင့် ဓါတ်မတည့်ခြင်းသည် နွားနို့တွင်ပါဝင်သည့် Lactase ဓါတ်ကို မချေဖျက်နိုင်ခြင်းမဟုတ်ပေ Lactase ဓါတ်ကို မချေဖျက်နိုင်သူ များတွင်
Lactase ဟူသည့် အင်ဇိုင်း တစ်မျိုး ချို့ယွင်းလျက်ရှိသောကြောင့် မချေဖျက်နိုင်ခြင်းဖြစ်ပြီး နို့နှင့်ဓါတ် မတည့်ခြင်းတွင်မူ ပ။ခန္ဓာကိုယ်ခုခံအား စနစ်က နို့တွင်းပရိုတင်းကို ပဋိပစ္စည်း များဖြင့် တိုက်ခိုက်ခြင်းကြောင့် ဖြစ် ပေါ်ရခြင်းဖြစ်သည်။
ဥရောပကလေးငယ် (၂)ရာခိုင် နှုန်းမှ (၃)ရာခိုင်နှုန်းတွင် နို့နှင့်ဓါတ် မတည့်သည့် ရောဂါခံစားနေရပြီး အရွယ်ရောက်သည်နှင့် ဓါတ်မတည့် ဖြစ်စဉ်များ တစ်စတစ်စလျော့နည်း သွားလေ့ရှိသည်။ Th2Lymphocyte ဟုအမည်ရသည့် သွေးဆဲလ်များ ကြောင့်ပဋိပစ္စည်းများထွက်ရှိလာပြီး နို့ပရိုတင်းကို တိုက်ခိုက်ခြင်းဖြစ် ကြောင်း သုတေသီများကဆိုသည်။
beta-lactoglobulin ပရို တင်းသည် ူ lipocalin ပရိုတင်း မိသားစုတွင်ပါဝင်ပြီး သံဓါတ်မော်လီ ကျူးများနှင့် ပေါင်းစပ်နိုင်သည်။ သံ ဓါတ်နှင့် ပေါင်းစပ်ထားခြင်းမရှိသည့် နို့ပရိုတင်းသည် သွေးတွင်း Th2Lymphocyte
ဆဲလ်ကိုလှုံ့ဆော်ပြီးပဋိပစ္စည်းများထွက်ရှိကာ ဓါတ်မတည့်ဖြစ်စဉ်များဖြစ်ပေါ်ရကြောင်း သုတေသနတွင်ဖော်ပြထားသည်။
Health Updates Journal
No,(133)