ကျန်းမာရေးဗဟုသုတ

ငရုတ်သီး ၏ ကျန်းမာရေး အကျိုးကျေးဇူး

#ငရုတ်သီး ၏ #ကျန်းမာရေး #အကျိုးကျေးဇူး

ဘယ်လောက်ပဲ ပူတယ်၊စပ်တယ် ပြောပြော
ငရုတ်သီးက လူ့ကျန်းမာရေး အတွက် များစွာ
အထောက်အကူပြုနေတာကို ဘယ်သူမှ ငြင်းမရ ပါဘူး။
.
ငရုတ်သီးကို အရိုးအကျော် ရောဂါကုဆေးနဲ့
အရည်အပြား ယားနာ ပျောက်ဆေး တို့မှာ
ထည့်သွင်း အသုံးပြုကြ ပါတယ်။
.
ငရုတ်သီး ပုံမှန် စားသုံးသူဟာ ကင်ဆာရောဂါ
ဖြစ်နိုင်ချေ ရှိတဲ့ဆဲလ်များကို အမြဲ တွန်းလှန်နေတာကြောင့်

ကင်ဆာရောဂါကိုလည်း မဖြစ်အောင် ကာကွယ်ပေး ပါတယ်။
.
ဆီးချိုရောဂါရှိသူများလည်း ပုံမှန် စားသုံးသင့်တဲ့
အစားအစာ အဖြစ် ပါဝင် ပါတယ်။
.
ငရုတ်သီးမှာ ဗစ်တာမင် စီ ကြွယ်ဝပြီး ကျန်းမာရေးအတွက်
ပုံမှန်စားသုံးသင့်ကြောင်း ဆိုပါတယ်။
.
ကမ္ဘာမှာ အပူဆုံး၊ အစပ်ဆုံး ငရုတ်သီးအဖြစ်
လက်ရှိ စံချိန်တင်ထားတာ ကတော့ ဖိလပိုင် နိုင်ငံမှ
Siling labuyo လို့အမည်ရတဲ့ ငရုတ်သီး ဖြစ်ပါ တယ်။
.
မြန်မာပြည်မှာဆိုရင် ကုလားအော်သီး
လို့ခေါ်တဲ့ ငရုတ်သီးနဲ့ မျိုးစိတ် နီးစပ်ကြောင်း သိရ ပါတယ်

ငရုတ်မှာ ဆေးစွမ်းတွေရှိတယ်။

– မှိုပိုးကိုနိုင်တယ်။ ပိုးတွေကိုနိုင်တယ်။
– အဆစ်နာတာအတွက် .05% Capsaicin (ခရင်မ်) သုံးတယ်။
– ခွဲစိတ်လို့နာတာ၊ အဆစ်နာတာတွေအတွက် အနာသက်သာဆေး Adlea ထိုးဆေးထဲမှာပါတယ်။
– ယောက်ျား ဆီးကျိတ်-ကင်ဆာ (ဆဲလ်) ကို သတ်နိုင်တယ်။
– သွေးဖိအား ကျစေတယ်။
– သွားရည်များစေလို့ စားရတာ ခပ်ပြင်းပြင်းရှိတဲ့ အစာနဲ့တွဲစားလို့ ကောင်းတယ်။
– တခြား ခံစားနေရတာကို လွှမ်းမိုးစေတယ်။
– Capsaicin topical ointments နဲ့ Qutenza ဆေးကပ်ခွါတွေက အဖျားအနားအာရုံကြောရောဂါကြောင့် နာတာကို သက်သာစေတယ်။
– 0.025% – 0.075% ကို သာမန်ကိုက်ခဲတာ၊ အဆစ်နာရောဂါ၊ ခါးနာတာ၊ ဟိုနာ-ဒီနာတာတွေအတွက် ထုံအောင်အရင် လုပ်ပြီးမှ ဆေးကို လက်အိပ်သုံးပြီး လိမ်းပေးရတယ်။
– (ကက်ပစီယန် ခရင်မ်) ကို Psoriasis အရေပြားနာကြောင့် ယားတာ-ရောင်တာ သက်သောစေအောင် သုံးနိုင်တယ်။
– (ကာဗွန်ဟိုက်ဒရိတ်) တွေ ဖျက်ပေးလို့ ကိုယ်ကအပူတွေ ထွက်လာတယ်။ ဆီးချို၊ လူဝတာတွေအတွက်လဲ သုံးကြတယ်။

ငရုတ်သီး မျက်စိထဲဝင်လို့ ခြေမကို ရေလောင်းတာ စိတ်ပြောင်းအောင် လုပ်တာနေမယ်။ (ကက်ပစီယန်) ဟာ အဆီမှာ ပျော်ဝင်လို့ ပူစပ်တာ ပြေစေအောင် ရေနဲ့မရဘူး။ နွားနို့အေးအေး နဲ့ သကြားရည်အေးကလဲ သက်သာစေမယ်။ ငရုတ်သီး မထောင်းတတ်ရင် ချွေးမ မတော်ချင်ကြဘူး။

Leave a Reply

Your email address will not be published. Required fields are marked *