“ခြင်အန္တရာယ်ကို သဘာဝနည်းဖြင့် ကာကွယ်နည်းများ”
မိမိတို့၏ နေအိမ်၊ အိပ်ခန်း၊ ရုံးခန်း၊
အလုပ်နေရာ စသည်တို့မှာ
ခြင်ရှိနေပြီး ဓါတုဗေဒနည်းပညာများဖြင့်
ပြုလုပ်ထားသည့်ဆေးများကို
အသုံးပြုလျှင် ကင်ဆာရောဂါ ဖြစ်မှာကို စိုးရိမ်၍
ဘေးကင်းသည့် သဘာဝနည်းများဖြင့် ခြင်အန္တရာယ်ကို
ကာကွယ်နိုင်ရန် ဆေးနည်းတောင်းဆိုလာသူများအတွက် ကျန်းမာရေးသတင်းများမှ သဘာဝဆေးနည်းများကို ဖော်ပြပေးလိုက်ပါသည်။
၁။ ကြက်သွန်ဖြူတစ်မွှာကို ထု၍ ပြုတ်လိုက်ပါ။ ထိုကြက်သွန်ဖြူပြုတ်ရည်ကို ဗူးထဲထည့်၍ အိမ်ထဲ ဖြန်းထားလျှင် စူးရှသော ကြက်သွန်အနှံ့ကြောင့် ခြင်မလာတော့ပါ။
၂။ စပါးလင်အဆီဖြင့် မီးထွန်းထားပါ။ ၎င်းအနှံ့ကို ခြင်များကြောက်ပါသည်။ ခြင်ကိုက်နေသည့်နေရာများကို စပါးလင်အဆီကို လိမ်းပေးလျှင် ရောဂါကို ကာကွယ်ပေးပါသည်။
၃။ ယူကလစ်နှင့် သံပရာဆီကို ဆတူရောစပ်၍ ခြေ၊ လက်တို့ကို လိမ်းပေးပါ။ ခြင်လုံး၀ မကိုက်တော့ပါ။ ဓါတုဗေဒပစ္စည်းများ မပါဝင်သည့်အတွက် ဘေးဥပါဒ်လုံးဝမဖြစ်ပါ။
၄။ တမာဆီနှင့် အုန်းဆီကို ဆတူရောစပ်၍ မိမိခန္ဓာကိုယ်ပေါ်ကို လိမ်းထားပါက ၎င်းအနံ့မပြယ်မခြင်း ခြင်လုံး၀ မကိုက်တော့ပါ။ ၎င်းအနံ့များသည် အနည်းဆုံး (၆) နာရီကြာအောင် ခံနိုင်ပါသည်။
၅။ Tea tree oil လို့ခေါ်တဲ့ လက်ဖက်ပင်၏ အဆီကို အခန်းထဲ ဖျန်းထားလျှင် ခြင်မလာတော့ပါ။ ခန္ဓာကိုယ်ပေါ်ကိုလည်း ၎င်းအဆီကို လိမ်းပေးနိုင်ပါတယ်။
၆။ Lavender (လာဗင်ဒါ) အပင်ရှိတဲ့ နေရာတွေမှာ ခြင်လုံး၀ မရှိပါဘူးတဲ့။ ၎င်းအနံ့ကို ခြင်တွေ မခံနိုင်ပါဘူး။ လာဗင်ဒါ အဆီကို လိမ်းပေး၊ ဖျန်းပေးလျှင် ခြင်အန္တရာယ်ကို ကာကွယ်နိုင်ပါတယ်။
၇။ လေးညှင်းအနံ့ကို ခြင်တွေ ကြောက်ပါတယ်။ သံပုရာသီးတစ်လုံးကို အကွင်းလိုက် ၄ ကွင်းရအောင် လှီးလိုက်ပါ။ အစေ့များကို ဖယ်ထုတ်ပြီး လေးညှင်းပွင့်
များကို သံပုရာကွင်းပေါ်စိုက်ထားပါ။ သံပုရာ ၈ ကွင်း(၂ လုံးစာ)ကို ပန်းကန်ပြားတို့လို အပြားတစ်ခုခုပေါ်တင်ထားပြီး ခြင်များတဲ့နေရာမှာ ချထားပါ။
(
လိုအပ်သော အဆီများကို ယခုအခါတွင် ကုန်တိုက်၊ City Mark တို့လို ဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ကြပါသည် )
ခြင်အန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ။
ကိုးကား ။ ။ How to Keep Mosquitoes Away by Natural Ways.