< ဆေးဖက်အသုံးဝင် ခွေးထောက်နွယ်ပင် >
************************************
ခွေးတောက်ပင်သည်…..
မြန်မာနိုင်ငံ အနှမ့်အပြားတွင် သဘာဝ
အလျောက် ပေါက်ရောက်သည့် အပင်
တစ်မျိုး ဖြစ်သည်……။
လေအားဖြင့် ပြန့်ပွားသည့်မျိုးဖြစ်၍
ပေါက်ရောက်ပြန့်ပွားမှုနှုန်း အလွန်များသည်
သစ်တောထူထက်သည့် နေရာတွင်
လူတစ်ကိုယ်လုံးခန့်. အပင်ကြီးများကို
တွေ့မြင်နိုင်ပေသည်……။
<ပုံဏ္ဍာန်>……
နွယ်ပင်းကြီးမျိုးဖြစ်ပြီး ပင်စည်းမှာ အခက်
အလက်များ ဖြာထွက်သည်….။
အရွက်မှာ နှလုံးပုံရှိပြီး ထိပ်ဖျားချွန်သည်။
အပွင့်မှာ စိမ်းဝါရောင်ရှိပြီး တစ်နှစ်ပတ်လုံး
ပွင့်သည်….။
<ဆေးဖက်ဝင် အစိတ်အပိုင်း>…….
ခွေးတောက်ပင်၏ အပွင့် ၊ အရွက် ၊အခေါက်၊
အမြစ်တို့သည် ဆေးဖက်ဝင်ပြီး အရသာမှာ
ပူ၍ ခါးသည်…။ဆေးအတွက် စုဆောင်း
ရန် အချိန်မှာ ဆောင်းနှင့်နွေ ဖြစ်သည်…။
< အသုံးပြုပုံ >……
ခွေးတောက်ရွက် သတ္တု ရည်ဖြင့် ရေယုန်နာ
အား မကြာခဏ. ဆွတ်ပေးလျှင်
ရေယုန်နာ လျှင်မြန်စွာ ပျောက်ကင်းစေသည်
ခွေးတောက်ရွက် သတ္တုရည် <၂>ဆ
ခရိုးရွက် သတ္တုရည် <၁>ဆကို ရောသောက်
ပေးပါက. ရုတ်တရက် လေထိုးလေအောက်
ခြင်းကို ပျောက်ကင်းစေသည်…..။
အဖုအကြိတ်များကို ခွေးတောက်ရွက်ကြိတ်
၍ အုံပေးနိုင်ပြီး အရွက်ကို မီးကင်၍
ကပ်ပေးပါက. အနာစိမ်း ၊ သွေးစုနာ နုလျှင်
ပိန် ၊ရင့်လျှင် ပေါက်၍ ပေါက်ကင်းစေ
သည်…..။
ခွေးတောက်ရွက် သို့မဟုတ် အခေါက်မှုန့်
၂ ဆကို ချင်းမှုန့်. ၁ ဆရော၍ ကွမ်းရွက်
ပြုတ်ရည်နှင့် သောက်ပါက. နာတာရှည်
အဖျားရောဂါများ ပျောက်ကင်းစေသည်…။
ခွေးတောက်ရွက်ကို ထောင်း၍ သကြားနှင့်
နယ်ပြီး စည်းအုံခြင်း ပြုလုပ်ပေးပါက
အကြောလွဲခြင်း ၊ အရိုးအက် ၊ အရိုးကျိုးခြင်း၊
တို့ကို ပေါက်ကင်းစေည်…..။
ခွေးရူးဆိပ်နှင့် သာမန် ခွေးကိုက်နာများကို
ခွေးတောက်မြစ်ကိုသွေး၍ ငရုပ်ကောင်းမှုန့်
နှင့် ရောပြီး တစ်နေ့သုံးကြိမ် ပုံမှန်တိုက်
၍ အကိုက်ခံရသော နေရာသို့. ၎င်းဆေး
ကို လိမ်းပေးပါက. ပေါက်ကင်းစေသည်…။
ခွေးတောက်ရွက်နှင့် ကြက်သား ချက်စား
ပါက. အသည်းမာခြင်း ၊ အသည်းတွင်
အနာဖြစ်ခြင်းများကို ပေါက်ကင်းစေသည်..။
ခွေးတောက်ရွက် အမှုန့်နှင့် ၊ ချင်းမှုန့်
ရော၍ နံနက် ၊ည. ၊ ပုံမှန် သောက်ပါက
မီးယပ်သွေးမဆင်းခြင်း ၊ မီးယပ်မမှန်ခြင်းကို
ပျောက်ကင်းစေသည်…..။
အထက်တွင်…..
ဖော်ပြခဲ့သည့်အတိုင်း ခွေးတောက်ပင်၏
အစိတ်အပိုင်းများသည် ဆေးဖက်ဝင်၍
ရောဂါများကို ပျောက်ကင်းစေသည်ကို
တွေ့ရှိရပါသည်…..။
သို့ဖြစ်၍…….
မိမိပတ်ဝန်းကျင်တွင် အလွယ်တစ်ကူ
ရရှိနိုင်ပြီး ဆေးဖက်ဝင်သည့် ခွေးတောက်
ပင်ကို အကျိုးရှိရှိ အသုံးချနိုင်ရန်
ရည်ရွယ်၍ ရေးသားတင်ပြလိုက်ရပေသည်။
<သတ္တဝါ အားလုံး ကျန်းမာကြပါစေ>
မေတ္တာဖြင့်….
< စောပြည့်ညို >
*************************************