ခေါင်းသိပ်ကိုက်ပါလျင်
~~~~~~~~~~~
နည်းလေးက အမှန်လွယ်သလိုတကယ်ပဲထိရောက်ပါသည်။ ထူးထူးထွေထွေလုပ်စရာလည်းမလိုပါ။ လူတိုင်းလက်တွေ့စမ်းကြည့်နိုင်တဲ့နည်းပါ။
ခေါင်းတစ်ခြမ်းကိုက်ပါက ကြက်သွန်ဖြူတစ်ဥ၊တစ်မွှာကို ခွာပြီးထုထောင်းပါ ပြီးလျင်စက္ကူပါးလေးတွင် အစေးကိုသုတ် လိမ်းပြီး ခေါင်းကိုက်သည့် နားထင်ဘက်တွင် ကပ်ထားလိုက်ပါ။ ခေါင်းနှစ်ခြမ်းစလုံးကိုက်ပါလျင် နားထင်နှစ်ဘက်လုံးကို စက္ကူပါးလေးကပ်လိုက်ရုံပါပဲ..။ချက်ချင်းကို ချွေးတွေပွင့် ထွက်လာပြီး ခေါင်းကိုက်ခြင်းဝေဒနာ သက်သာပျောက်ကင်း သွားပါလိမ့်မည်။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှရသော နည်းလမ်းဖြစ်ပါသည်။
ဆေးဝါးဝယ်ယူရန်ခက်ခဲသူများ၊ဆေးရုံဆေးခန်းပြရန် ခက်သူတို့အဖို့ အလွန်သုံးဝင်ပြီး အိမ်တိုင်းတွင်ရှိနေတတ်သော ကြက်သွန်ဖြူလေးတစ်တက်သာလိုပါသည်။
ခေါင်းကိုက်ခြင်းသည်က လူတိုင်းလိုလိုဖြစ်တတ်ကြပါ၍ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ခေါင်းကိုက်ခြင်းတို့ဖြစ်ခဲ့ပါက လက်တွေ့နည်း ကြက်သွန်ဖြူအစေးကို စက္ကူပါးလေးတွင်လူးပြီး နားထင်တွင်ကပ်ခြင်းဖြင့် စမ်းသပ်နိုင်ပါရန်လမ်းညွန်ပြလိုက်ပါသည်။
#ရဲမျိုးသူ(ဗောဓိမြိုင်)
#မေသတင်းရပ်ကွက်လေး