ရိုးတွင်းခြင်ဆီကိုပြန်ဖြည့်ပေးဖို့မေ့နေကြလား……
~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျနော်တို့လူအများစုဟာကိုယ့်ကျန်းမာရေးကိုကိုယ်ကောင်းအောင်လုပ်ကြရာမှာအခြားသောကိစ္စတွေကိုချည်းအာရုံစိုက်နေကြတဲ့အတွက်ရိုးတွင်းခြင်ဆီကိစ္စကိုမေ့လျော့နေတတ်ကြပါတယ်။Bone Marrow လို့ခေါ်တဲ့ရိုးတွင်းခြင်ဆီဟာဦးနှောက်၊နှလုံး၊အသည်းပြီးရင်အရေးအကြီးဆုံးအစိတ်အပိုင်းပြဲဖစ်ပါတယ်။ရိုးတွင်းခြင်ဆီကဘာတွေလုပ်ပေးသလဲဆိုရင်ခန္ဓာကိုယ်ရဲ့အလုံးစုံသောခုခံအားcellတွေကိုမွေးထုတ်ပေးခြင်း၊ခန္ဓာကိုယ်အတွက်လုပ်ငန်းဆောင်တာတွေကိုလုပ်ပေးတဲ့ပင်မသွေးcellများကိုပြုလုပ်ပေးခြင်း၊ခန္ဓာကိုယ်ရဲ့သွေးထုတ်လုပ်ပေးရာအကြီးဆုံးဌာနဖြစ်ခြင်း၊ခန္ဓာကိုယ်နုပျိုသွက်လက်အောင်ပြုလုပ်ပေးခြင်း၊ဦးနှောက်နဲ့အာရုံကြောများကိုအားကောင်းစေခြင်းစသည်ဖြင့်အလွန်အရေးကြီးတဲ့ကိစ္စတွေကိုပြုလုပ်ပေးပါတယ်။ရိုးတွင်းခြင်ဆီဟာခန္ဓာကိုယ်ရဲ့မူလပထမကိုယ်ခံအားဖြစ်ပါတယ်။
ရိုးတွင်းခြင်ဆီဟာငယ်ရွယ်စဉ်မှာတော့အားကောင်းနေကြတာချည်းပါပဲ။သို့သော်လဲအသက်ကြီးလာတာနဲ့အမျှရိုးတွင်းခြင်ဆီတွေတဖြည်းဖြည်းခန်းလာပါတယ်။သုတေသနပြုလုပ်ထားချက်တွေအရအသက်၂၅နှစ်လောက်ကစပြီးတဖြည်းဖြည်းခန်းခြောက်လာတယ်လို့ဆိုပါတယ်။ရိုးတွင်းခြင်ဆီတွေအားလျော့လာတာနဲ့အမျှလူကလည်းကိုယ်ခံအားတွေသွေးအားတွေယုတ်လျော့လာပြီးရောဂါတွေလည်းဖြစ်၊အိုမင်းမှုတွေလည်းရောက်လာတော့တာပါပဲ။အိုမင်းမှုရဲ့နှုန်းထားဟာရိုးတွင်းခြင်ဆီပေါ်မှာအများကြီးမူတည်နေပါတယ်။ရိုးတွင်းခြင်ဆီနဲလာလေလေလူကလည်းအိုလာလေလေပြဲဖစ်တယ်။လူ့အသက်ဟာ၁၀၀ကျော်အောင်နေနိုင်ပါလျက်နဲ့လူတွေစောစီးစွာသေနေကြရတာဟာလည်းရိုးတွင်းခြင်ဆီခန်းခြောက်ခြင်းကအကြောင်းရင်းတစ်ခုပြဲဖစ်ပါတယ်။
ရိုးတွင်းခြင်ဆီအားကောင်းနေဆြဲဖစ်တဲ့အသက်၃၀အောက်အရွယ်မှာတော့ကျန်းမာသန်စွမ်းပြီးရောဂါကင်းကြပါတယ်။အဲဒီ့နောက်ပိုင်းမှာမူလကအနီရောင်ရဲရဲရှိနေတဲ့ရိုးတွင်းခြင်ဆီတွေဟာအနီရောင်ကနေဝါကျင့်ကျင့်ဖြစ်သွားပြီးအားနည်းသွားတော့တာပါပဲ။အသက်ကြီးသွားတော့ညိုတိုတိုအရောင်မျိုးအထိဖြစ်သွားပြီ။အဲဒါဟာခြင်ဆီခန်းပြီဆိုတာပြနေတာပဲ။လူကလည်းမီးစာကုန်ဆီခန်းတော့မယ်ပေါ့။အဲဒီ့နောက်မှာတော့သွေးအားလည်းနည်း၊ကိုယ်ခံစွမ်းအားလည်းကုန်ပြီးမီးငြိမ်းသွားတော့တာပါပဲ။
အဲဒီ့ဖြစ်စဉ်တွေကိုသဘောပေါက်ပြီဆိုရင်ကျနော်တို့ဘာလုပ်သင့်သလဲ။ကိုယ့်ရဲ့ရိုးတွင်းခြင်ဆီကိုအားဖြည့်ပေးဖို့လုပ်ရတော့မှာပေါ့။ရိုးတွင်းခြင်ဆီအားဖြည့်ဖို့အကောင်းဆုံးနည်းကတော့အရိုးပြုတ်ရည်သောက်ဖို့ပြဲဖစ်ပါတယ်။တိရစ္ဆာန်အရိုးတွေဖြစ်တဲ့ဝက်ရိုး၊အမဲရိုး၊ဆိတ်ရိုး၊ကြက်ရိုး၊ဘဲရိုးစတဲ့အရိုးတွေကိုပြုတ်သောက်ပေးရမယ်။ခြင်ဆီတွေများများပါတဲ့အရိုးတွေကိုဦးစားပေးသောက်ပေးဖို့လိုပါတယ်။အရိုးပြုတ်ရည်ထဲမှာလူကိုအသက်ရှည်စေတဲ့ကော်အစေးဓာတ်တစ်ခုပါဝင်နေပါတယ်။အဲဒီ့ကော်အစေးဓာတ်ထဲမှာဆိုရင်ရိုးတွင်းခြင်ဆီကိုသာမကအရိုးတွေကိုပါအားကောင်းစေမယ့်ခြင်ဆီ၊ကယ်စီယမ်၊ဂလူတာမင်၊ဂလိုင်ဆင်း၊ကော်လာဂျင်၊အရိုးအဆစ်တွေအတွက်လိုအပ်တဲ့သဘာဝဓာတ်များ၊ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အမိုင်နိုအက်ဆစ်များစသဖြင့်အကျိုးပြုတဲ့ဓာတ်တွေအများကြီးပါပါတယ်။
အရိုးပြုတ်ရည်သောက်ခြင်းအားဖြင့်ရိုးတွင်းခြင်ဆီတွေအားကောင်းလာပြီးကိုယ်ခံစွမ်းအားတွေသွေးအားတွေလည်းကောင်းလာပါလိမ့်မယ်။ခန္ဓာကိုယ်အစိတ်ပိုင်းအသီးသီးကCellတွေလည်းအားကောင်းလာပြီးရောဂါတွေလည်းကင်းရှင်းပါလိမ့်မယ်။အထူးသဖြင့်Auto Immune Disease ကြောင့်ဖြစ်လာရတဲ့နောက်ဆက်တွဲရောဂါတွေလည်းပျောက်ကင်းသက်သာသွားနိုင်ပါတယ်။လူကလည်းနုပျိုလှပလာမယ်။ရောဂါကင်းပြီးအသက်ရှည်နိုင်ပါတယ်။
ကျနော်ကဘယ်မြို့ရောက်ရောက်အရိုးပြုတ်ရည်ရှာသောက်ပါတယ်။သီးသန့်ရောင်းတာမရှိပေမဲ့မြန်မာဆိုင်မှာကြက်ပြုတ်ရည်၊တရုတ်ဆိုင်မှာကြေးအိုး၊ကုလားဆိုင်မှာဆိတ်ရိုးစွပ်ပြုတ်ရည်တွေဝယ်သောက်တယ်လေ။သို့သော်လဲကိုယ့်ဟာကိုယ်စိတ်ကြိုက်ပြုတ်သောက်တာကပိုကောင်းတာပေါ့။အိမ်မှာဆိုရင်ဆိတ်ခြေထောက်ရိုးဝယ်ပြုတ်ပြီးသောက်တယ်။အရိုးထဲကခြင်ဆီတွေကိုတပြွတ်ပြွတ်စုပ်စားရတာအရသာရှိလှပါတယ်။တကယ်ကိုအားရှိသလိုကိုခံစားရပါတယ်။
အရိုးပြုတ်ရည်ကိုဘယ်လိုပြုတ်လဲဆိုတာလည်းသိချင်ကြပါလိမ့်မယ်။အရင်ဆုံးကိုယ်ကြိုက်တဲ့အရိုးကိုဝယ်ပါ။ကျနော်ကတော့ဆိတ်ရိုးကြိုက်ပါတယ်။အရိုးကိုရေဆေးပြီးပြုတ်ပါ။အရိုးထဲကအကျိုးပြုဓာတ်တွေထွက်လာဖို့ပန်းသီးဗင်နီဂါနဲနဲလောက်ထည့်ပါ။အငန်အရသာအတွက်ကျောက်ဆား၊ပင်လယ်ဆား၊အိုင်အိုဒင်းဆားနဲနဲစီထည့်ပါ၊အချိုအရသာအတွက်ထန်းလျက်နဲနဲထည့်ပါ။ကြက်သွန်ဖြူကြက်သွန်နီထည့်ပြီးမီးပြင်းတိုက်ပါ။ရေပေါ်ကိုဝေ့တက်လာတဲ့အမြှုုပ်တွေကိုဖယ်လိုက်ပါ၊ပြီးရင်မီးအေးအေးနဲ့နာရီအတော်ကြာအောင်ထားပါ။အရိုးထဲကဓာတ်တွေဟာပြုတ်ရည်ထဲရောက်လာပါပြီ။မာလာနံ့ကြိုက်ရင်မာလာအနှစ်ထည့်။ယိုးဒယားစာကြိုက်ရင်တုံယမ်းအခဲထည်၊တရုတ်စာကြိုက်ရင်နှမ်းဆီမွှေးထည့်၊ကုလားစာကြိုက်ရင်ပဲမှုန့်နဲ့မဆလာထည့်၊ဟော့ပေါ့လိုစားချင်ရင်လည်းကြိုက်တဲ့အရွက်အသားတွေထည့်စားလိုက်ရုံပါပဲ။ကျောက်တည်သူတွေကျောက်ဖရုံသီးထည့်ပြုတ်သောက်ပါ။နှလုံးအားနည်းသူတွေခရမ်းချဉ်သီးထည့်ပြုတ်သောက်ပါ။သိုင်းရွိုက်မကောင်းသူတွေကျောက်ပွင့်ထည့်ပြုတ်သောက်ပါ။သွေးကြောကျဉ်းနေသူတွေကြွက်နားရွက်မှိုထည့်ပြုတ်သောက်ပါ။
အခုအခါမှာနိုင်ငံတကာမှာအရိုးပြုတ်ရည်အလွန်ခေတ်စားလာတဲ့အတွက်အရိုးပြုတ်ရည်ရောင်းတဲ့တဲ့ဆိုင်တွေဟာလမ်းထောင့်တွေမှာနေရာယူနေကြပါပြီ။ကျန်းမာရေးအတွက်ဆေးတစ်ခွက်ဖြစ်တဲ့အရိုးပြုတ်ရည်ကိုသာက်ပြီးကျန်းမာရေးတွေလည်းအလွန်ကောင်းနေကြပါပြီ။ကျနော်တို့မြန်မာတွေလည်းအရိုးပြုတ်ရည်သောက်ကြဖို့အချိန်တန်ပြီလို့ပြောပါရစေေနော်။အရိုးတွေကဝယ်ရတာဈေးပေါပေမဲ့မိမိရဲ့ခန္ဓာကိုယ်အတွက်ရလိုက်တဲ့အကျိုးကျေးဇူးကတော့ကြီးမားလှပါတယ်။ပြီးတော့အဲဒီ့အရိုးတွေကပြစ်လိုက်ရတာမဟုတ်ပါဘူး။ခွေးစာအဖြစ်လမ်းပေါ်ကခွေးလေးတွေကိုဒါနပြုလို့လည်းရပါသေးတယ်။ခွေးစာကျွေးခြင်းကလည်းလူကိုကျန်းမာရေးကောင်းတဲ့အကျိုးကျေးဇူးပြန်ရပါသေးတယ်။ဒါကြောင့်ကျန်းမာရေးလည်းကောင်း၊ကုသိုလ်တွေလည်းရဆိုတော့ဘယ်လောက်ကောင်းလိုက်သလဲနော်……
ချစ်ခင်လေးစားလျှက်………..