ထောပတ်သီး၏ အကောင်းဆုံး အစိတ်အပိုင်း
……………………………………………………
ထောပတ်သီး ကောင်းကြောင်း ပြောကြစတမ်းဆိုရင် ပြောမဆုံးပေါင် တောသုံးတောင် ဆိုရမလိုပင်။
အရင်က မြန်မာနိုင်ငံမှာ ထောပတ်သီးက ပေါများသလောက် အသုံးနည်းကြတယ်။
တခြားနိုင်ငံတွေမှာဆို ဈေးကြီးပြီး လူကြိုက်များတဲ့ ပစ္စည်းဖြစ်နေတာကို တွေ့ရပါတယ်။
ထောပတ်သီးမှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်တဲ့ ဓါတ် (antioxidant) တွေဟာဆိုရင် ၇၀% က အစေ့မှာ ဖြစ်နေတယ်။
အသားမှာ ပါဝင်မှုနည်းနေကြောင်း University Of Pennsylvania က ထုတ်ပြန်တဲ့ လေ့လာမှုစာတမ်းမှာ ပါရှိနေပါတယ်။
သို့သော် အစေ့ကတော့ မာကြောပြီး စားသုံးဖို့လည်း ခက်နေတတ်ပါတယ်။
အစေ့ထဲမှာ မှိုပိုးနှိမ်နင်းတဲ့ ဓါတ်ရှိပြီး ရောင်ရမ်းမှုတွေကို ကာကွယ်ပေးတယ်။
နှလုံးရောဂါရှိသူတွေ ထောပတ်သီးအစေ့ကို စားသင့်ကြောင်း Dr. Tom Wu က ဆိုထားပါတယ်။
Dr. Tom Wu ဟာ အမေရိကန် ကင်ဆာအဖွဲ့ရဲ့ “ကမ္ဘာကျော် ဆရာဝန်” ဆုတံဆိပ် ဆွတ်ခူးထားသူ ဖြစ်တယ်။
ကင်ဆာ နှင့် ဆီးချိုဆိုင်ရာ တွေ့ရှိချက်တွေကြောင့် ဆုဆွတ်ခူးခဲ့တာပဲ ဖြစ်တယ်။
ထောပတ်သီးအစေ့ဟာ သွေးတိုးရှိသူတွေ၊ ကိုလက်စရောမြင့်သူတွေ နှင့် ဆီးချိုသမားတွေကို ကိုယ်ခံအား မြှင့်တင်ပေးနိုင်ပါတယ်။
ဒါ့အပြင် လေဖြတ်ထားသူတွေ၊ ကိုယ်လက်ကိုက်ခဲ၊ အဆစ်အမြစ် ရောင်ရမ်းသူတွေ၊ နှလုံးရောဂါ နှင့် ကင်ဆာရောဂါ ခံစားရသူတွေလည်း စားသုံးသင့်ပါတယ်။
အစာကြေညက်မှုကိုလည်း အားပေးလို့ အစာအိမ်အတွက်လည်း အကျိုးရှိစေပါတယ်။
အစာမကြေဖြစ်ခြင်း နှင့် ဝမ်းလျှောရောဂါများအတွက်လည်း ဆေးတစ်ခွက် ဖြစ်တယ်။
သွေးတွင်းရှိ သကြားကို ထိန်းသိမ်းမှုကောင်းတဲ့ အပြင် အဝလွန်သူတွေ သောက်သုံးရင် မကြာခဏ ဆာလောင်မှုကို ပြေပျောက်ပေးနိုင်တယ်။
Columbia တက္ကသိုလ်မှ ၂၀၁၃ ခုနှစ်တွင် သွေးကင်ဆာရောဂါကို တိုက်ဖျက်နိုင်စွမ်းရှိကြောင်း တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။ ကင်ဆာအဖုအကြိတ်တွေ ကြီးထွားမှုကို ဟန့်တားနိုင်တဲ့ သတ္တိရှိတယ်။
ဖျော်ရည်လုပ်သောက်နည်း
………………………………..
ရေ သို့မဟုတ် နို့ သို့မဟုတ် နှုစ်သက်ရာ ဖျော်ရည်တစ်ခွက်
သစ်တော်သီးတစ်လုံး
ဟင်းနုနွယ် လက်နှစ်ဆုပ်စာ
ထောပတ်သီး အသားတစ်ခြမ်း
ထောပတ်သီး အစေ့တစ်ခြမ်း (အသီးကို အစေ့ငယ်များ အဖြစ် လှီးပြီးမှ ကြိတ်ရန်)
ပန်းသီးတစ်ခြမ်း
ဂျင်း (အနည်းငယ်) ကြိတ်၍ထည့်ရန်
ဖော်ပြပါအမျိုးအစားတို့ကို ရော၊ ဖျော်ရည်စက်အတွင်း ကြိတ်ပြီး သုံးစွဲဖို့ ဖြစ်ပါသည်။ ။
နေမျိုးသီဟ