ထမင်းစားပြီးတိုင်း ရေနွေးတစ်ခွက် သောက်ပါ
———————————————-
ထမင်း စားပြီးလျှင် ချက်ချင်း ရေမသောက်ဘဲ နေလျှင် အစာကိုပို၍ကြေစေ နိုင်ပါသည်။ စားသည့် အစာတွင် ဟင်းချိုနှင့် အရည်ဓာတ်များပါသင့် သလောက် ပါပြီး ဖြစ်သဖြင့် ထပ်သောက်လျှင် ရေများပြီး
ဝမ်းမီးကအစာကို ချေအား လျော့သွား နိုင်သောကြောင့် ရေထပ် မသောက်သင့်ပါ။သို့သော် စားပြီး ခဏအကြာတွင် အစာချေသော ဝမ်းမီးမှ ပါစကတေဇော ဓာတ်ကြောင့် အာခေါင်ခြောက် လာလျှင် ရေအေးဖြင့် လောင်းမချဘဲ ရေနွေးကြမ်း တစ်ခွက် သောက်လျှင် အစာ ကြေကျက်မှုကို အထောက်အကူ ပေးရာ ရောက်ကြောင်း ရေးသားတင်ပြ လိုက်ရ ပေသည်။
ရေနွေး (သို့မဟုတ်) ရေနွေးကြမ်း သောက်သူများ အတွက် ဆက်လက်တင်ပြရန် လိုပါသည်။ ရေကို ဆူပွက်အောင် ကျိုချက်ပြီး လက်ဖက်ခြောက်ခပ်ထားသော ရေနွေးကြမ်းကို တစ်နေကုန် သောက်သော အကျင့်မှာကျေးလက် တောရွာများတွင် အများဆုံး တွေ့ရသော မြန်မာ့ ဓလေ့ ဖြစ်ပါသည်။ အချို့မှာ ထမင်းစားရင်း ရေနွေးကြမ်း သောက်သော အလေ့ရှိကြသည်။ ထမင်းစားရင်း ရေအေး မသောက်သင့်ဟု ပြောခဲ့သလို ရေနွေးကြမ်း သောက်၍ ထမင်းစားခြင်း သည်လည်း မကောင်းပါ။ တစ်ခွက်စ၊နှစ်ခွက်စ သောက်လျှင် မဆိုသာ သော်လည်း လွန်ကဲလျှင်တော့ မကောင်းပါ။
ရေနွေးကြမ်း အဖန်ရည်တွင် လက်ဖက်ခြောက် အခပ်များသဖြင့် အဖန်ဓာတ် လွန်ကဲလျှင် ဝမ်းချုပ်စေ နိုင်သည်။ အစာအိမ်မှ အာဟာရစုပ် ယူမှုကို အဖန် ဓာတ်က ဟန့်တား နိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ဆေးသောက်လျှင် ရေနွေးကြမ်း အဖန်ရည်နှင့် မသောက်ပါနှင့်ဟု အချို့ဆရာ များက တားမြစ် ကြသည်။ ဆေးအာနိသင်ကို အဖန်ရည်က ကျဆင်းစေ နိုင်သောကြောင့် ဖြစ်နိုင်သည်။
အချုပ်အားဖြင့် ကောက်နုတ် တင်ပြရလျှင်-
(၁) အစာကြေစေရန် ချက်ပြုတ်ပြီး နှစ်နာရီအတွင်း ပူနွေးသော ထမင်းဟင်း ကို စားနိုင်အောင် ကြိုးစားပါ။
(၂) ထမင်းမစားမီနှင့် စားနေဆဲ အချိန်တွင် အချိုရည်နှင့် ရေခဲရေ မသောက် သင့်ပါ။
(၃)ရေမသောက်ဘဲ မနေနိုင်လျှင် ရေကျက်အေး(သို့မဟုတ်) ရေနွေးကြမ်း သင့်ရုံမျှ သောက်ပါ။
(၄) ထမင်းစားပြီးလျှင် ရေနွေးကြမ်း တစ်ခွက် သောက်ခြင်းဖြင့် အစာကြေဖို့ အထောက်အကူ ဖြစ်သည်။
(၅) နေ့လည်စာ ထမင်းစားပြီးနောက် ထန်းလျက်ခဲနှင့် ရေနွေးကြမ်း
သောက်ခြင်းသည် ရှေးကမြန်မာ လူကြီးများ၏ ဓလေ့ဖြစ်ပြီး အစာအိမ် အတွက် အကျိုး ရှိစေပါသည်။
မြဝတီ
ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ