အစာအိမ် လေပူရောဂါနှင့်ဖီးကြမ်းငှက်ပျောသီး ဖီးကြမ်းငှက်ပျောသီး အခွံအတွင်းမှ အသား (အမြှေး) အမျှင်များမှာ လေပူကို နိုင်ပြီး ပါးစပ်အနာ၊ အစာအိမ် အနာများကို ပျောက်ကင်းစေနိုင်ပါသည်။ ဖီးကြမ်းငှက်ပျောသီး စားသူများမှာ ထိုဆေးဖက်ဝင်သည့် အမျှင်အသားများကို အခွံခွာပြီး မစားမိဘဲ လွှတ်ပစ်လိုက်ကြပါသည်။ ငှက်ပျောသီးမှည့်ကို မီးဖုတ်၊ မီးကင်သောအခါ ထိုအမြှေးများသည်ပျော်ပြီး ငှက်ပျောသီးအသားနှင့် ပေါင်းစပ်သွားသဖြင့် မီးဖုတ်စားခိုင်းခြင်းဖြင့် ပါးစပ်နှင့် အစာအိမ် အနာများကို သက်သာစေနိုင်လေသည်။ ပဲခူးရိုးမတွင် ဝါးခုတ်သည့် ကရင်လူမျိုးများသည် ဖီးကြမ်းငှက်ပျောသီး အစိမ်းများကို ဟင်းချက်စားလေ့ ရှိကြသည်။ ငရုတ်သီးစိမ်းထောင်း အနည်းငယ်၊ ငါးပိ အနည်းငယ်နှင့် ငှက်ပျောသီးစိမ်း၊ ငှက်ပျောဖူး၊ ငှက်ပျောအူတိုင်တို့ကို ရောချက်သည့် ဟင်းကို တာလပေါဟင်းဟု ခေါ်ကြလေသည်။ လွန်ခဲ့သော နှစ် ၂၀ ခန့် (၁၉၉၂ ခုနှစ်) […]
Month: March 2018
ဘာကြောင့် အရက်သောက်ကြတာလဲ
ဘာကြောင့် အရက်သောက်ကြတာလဲ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များအတွက် ဘာသာရေးအရ အရက်သောက်ခြင်းမှာ ငါးပါးသီလကို ဖောက်ဖျက်ခြင်းကြောင့် အရက်သေစာသောက်သုံးမှုကို အထူးရှောင်ကြဉ်လေ့ရှိသလို မြန်မာ့လူမှု အသိုင်းအဝိုင်းတွင်လည်း အရက်သမားဆိုသည်မှာ လူအများ၏ ကဲ့ရဲ့ခံရလေ့ရှိခြင်းကြောင့် အရက်သောက်ခြင်းကို ရှောင်ကြဉ်လေ့ရှိကြသည်။ သို့သော် ပြောင်းလဲလာသော လူနေမှုအကျင့်စရိုက်များ၊ ပြည်ပမှ ယဉ်ကျေးမှုဓလေ့များ ကူးစက်လာ ခြင်းကြောင့် အရက်သောက်သုံးခြင်း မှာ ထူးဆန်းသောအရာဟုမမြင်ကြ တော့ဘဲ ကြီးငယ်မရွေးအရက်သောက် သုံးသောအလေ့အကျင့် ရရှိလာကြသည်။ ထို့အပြင် အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်း၊ ဈေးနှုန်းသက်သာခြင်း၊ အခြေခံ လူတန်းစားများအတွက် အရက်သောက်ခြင်းသည် ထွက်ပေါက်သဖွယ် ဖြစ်လာခြင်းတို့ကြောင့် အရက် သောက်သုံးမှု မြင့်တက်လာရကြောင်း လေ့လာသူတို့က ဆိုကြသည်။ “အခြေခံလူတန်းစားတွေ အထူးသဖြင့် လက်လုပ်လက်စားတွေက အရက်ကိုပင်ပန်းမှုအကြောင်းပြပြီး သောက်သုံးလေ့ရှိပါတယ်။ အထူးသဖြင့် လယ်ထဲကိုင်းထဲဆင်းရတဲ့သူ တွေဆိုရင်အရက်ကို ဆေးဖြစ်ဝါးဖြစ် ဆိုပြီး […]
ပန်းသီး ရှာလကာရည် (Apple Cider Vinegar)
ပန်းသီး ရှာလကာရည် (Apple Cider Vinegar) “ပန်းသီး ရှာလကာရည် ၏ ပြိုင်ဖက်ကင်းသော အသုံးကျမှုများ” (၁) ခန္ဓာကိုယ်တွင်းမှ အဆိပ်ထုတ်ပေးခြင်း။ – စစ်ထုတ် မထားသော ပန်းသီး ရှာလကာရည် သည် အသည်း နှင့် သွေးဖြူလင့် တို့ အတွက် အားဆေးဖြစ်ပြီးခန္ဓာကိုယ်တွင်းမှ အဆိပ် ထုတ် ပေးရန် ကူညီပေးနိုင်သည်။ – ခန္ဓာကိုယ်၏ pH ကို မျှတစေသည်။ – နှလုံးသွေးကြောဆိုင်ရာ လှုံ့ဆော်မှု၊ အူသိမ်အူမ စေ့ဆော်မှု နှင့် သွေးဖြူလင့် စီးဆင်းမှု စသည်တို့ကို လှုံ့ဆော်ပေးခြင်း။ (၂) ဆံပင်ကို တောက်ပ စေရန် သဘာဝ ဆံပင်ကိုပြုပြင်သော ဆေးရည်ဖြစ်ခြင်း။ – အော်ဂဲနစ် ပန်းသီး ရှာလကာရည် […]
ပျားရည်ကို_ဘယ်ချိန်မှာသောက်ဖို့သင့်တော်သလဲ
ပျားရည်ကို_ဘယ်ချိန်မှာသောက်ဖို့သင့်တော်သလဲ ++++++++++++++++++++++++++ *ပျားရည်ဟာ လူတိုင်းနဲ့ သင့်တော်တဲ့ အစားအစာလို့ သိကြပါတယ်။ ပျားရည်လို့ ပြောလိုက်တာနဲ့ ကျန်းမာရေး လိုက်စားသူတွေ စားသုံးတဲ့ အစားအစာဆိုတာ သိကြပါတယ်။ ပျားရည်ကို ကျန်းမာရေးနဲ့ ညီညွှတ်စေဖို့ ဘယ်လို စားသောက်ရမယ် ဆိုတာတော့ သိတဲ့လူ နည်းပါတယ်။ *ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ လူတွေဟာ ကျန်းမာရေးနဲ့ အညီနေထိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေပြီး စားသုံးနေကြသလို Diet Plan တွေနဲ့အညီ ပြုမူနေထိုင် စားသောက်နေကြပါတယ်။ *ပျားရည်မှာ အာဟာရဓာတ်နဲ့ သတ္တုဓာတ်တွေ များစွာ ပါဝင်ပြီး ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများထဲက တစ်ခုပါ။ ပျားရည်ကို ရေနွေးနဲ့ ဖျော်ရည်လုပ်သောက်မယ်ဆိုရင် ကိုယ်အလေးချိန် ထိန်းပေးပြီး ကိုယ်တွင်း ကလိစာတွေကို ကျန်းမာစေပါတယ်။ *ပျားရည်ကို သောက်ပေးခြင်း […]
ကြက်သွန်နီသံပုရာဆမ်း စားခြင်းဖြင့် ရနိုင်သည့် ဆေးအကျိုးထူးများ
“ကိုယ်ခံအားကို”မြင့်တက်စေတဲ့ ကြက်သွန်နီသံပုရာဆမ်း အလွန်ရိုးရှင်းပြီး လုပ်ရလွယ်ကူတဲ့ မီးဖိုချောင်ထဲက ဆေးနည်းတစ်မျိုးကို ကျန်းမာရေးသတင်းများစာမျက်နှာမှ မျှေ၀ပေးချင်ပါတယ်။ အဲဒါကတော့ ကြက်သွန်နီသံပုရာဆမ်း ဖြစ်ပါတယ်။ (၁) ကြက်သွန်နီကို ဖင်ဖြတ်၊ ခေါင်းဖြတ်၊ အခွံခွါပါ။ (၂) ပုံထဲကအတိုင်း အကွင်းလိုက် လှီးထားပါ။ ရေမဆေးပါနဲ့။ (၃) ကြက်သွန်နီပေါ်ကို သံပုရာသီးညှစ်ထည့်ပါ။ (၄) ချိုတဲ့အရသာပေါ်လာပါမည်။ မွန်တဲ့အနံ့များ ပျောက််သွားမည်။ (၅) ၄င်းကြက်သွန်နီသံပုရာဆမ်းကို မကြာခဏ စားပေးပါ။ ထမင်းနှင့်သော်၄င်း၊ အခြားအစားအစာများနှင့်သော်၄င်း တွဲစားနိုင်ပါသည်။ ဒီနည်းကတော့ ထမင်းစားခါနီး ၂ မိနစ်အတွင်း အလွယ်တကူ ပြုလုပ်၍ စားသုံးနိုင်တဲ့ အလွယ်နည်း ဖြစ်ပါတယ်။ ဒီထက်ပိုအချိန်ပေးပြီး လုပ်နိုင်ပါက ကြက်သွန်နီကို ပါးပါးလှီး၍ သံပုရာသီးညှစ်ထည့်၊ ဆား၊ ငရုတ်သီးစိမ်းတို့ကို အနည်းငယ်စီထည့်၍ ကြက်သွန်နီသုပ်ကို လုပ်၍ စားသုံးနိုင်ပါသည်။ […]
နှလုံးသွေးကြောကျဉ်းဝဒနာရှင်တို့အတွက်
နှလုံးသွေးကြောကျဉ်းဝဒနာရှင်တို့အတွက် ~~~~~~~~~~~~~~~~~~ နှလုံးသွေးကြောကျဉ်းပြီး အသက်ရှူုမဝ၍ ဆရာဝန်နှင့်ပြ၊ဆေးများသောက်သော်လည်း သက်သာလှသည်မဟုတ်ပါ။ နှလုံးအထူးကုဆရာဝန်ကြီးနှင့်ပြကြည့်ရာ ခွဲစိတ်ဖို့အကြံပေးပြီး ရက်ချိန်းပေးထားသည်ဆိုပါသည်။ထိုသူငယ်ချင်းကံကောင်းသည်ဟုဆိုရပေလိမ့်မည်။ ဖေ့ဘုတ်ပေါ် မှဆေးနည်းကောင်းလေးတစ်ခုရ၍ ခွဲစိတ်ချင်သော စိတ်ဆန္ဒလည်းမရှိသောကြောင့် ထိုဆေးနည်းလေးအား အားကိုးအားထား ကာ ဆေးညွှန်းအတိုင်းဆောင်ရွက်ခဲ့ပါသည်။ သူငယ်ချင်းအားလည်း မခွဲစိတ်စေချင်ပါ အကြောင်းကား ခွဲစိတ်မည်ဆိုပါက သိန်း(၁၀)အထက်သာကုန်ကျမည်ဖြစ်ပြီး ဝန်ထမ်းတစ်ယောက်၏ လစာအခြေအနေနှင့် လုံးဝမလွယ်ကူသောကြောင့်ဖြစ်လေသည်။ သူငယ်ချင်းဆုတောင်းပြည့်ပါသည်။ ခွဲစိတ်စရာမလိုတော့ပါ။နှလုံးသွေးကြောကျဉ်းရောဂါ သိသိသာသာသက်သာသွား၍ဖြစ် လေသည်။ထိုဆေးနည်းမှာ (၁) ချင်းစိမ်းသတ္တုရည် လက်ဖက်ရည်ပန်းကန်(၁)ခွက် (၂) ကြက်သွန်ဖြူသတ္တုရည် လက်ဖက်ရည်ပန်းကန်(၁)ခွက် (၃) ရှောက်ရည် လက်ဖက်ရည်ပန်းကန်(၁)ခွက် (၄) ပန်းသီးရှာလကာရည် လက်ဖက်ရည်ပန်းကန်(၁)ခွက် ထို(၄)ခွက်အား ဆတူရော၍ (၃)ခွက်လျှင် (၂)ခွက်ကျန်အောင် ကျိုရပါမည်။ ထို(၃)ခွက်(၂)ခွက်စာကျန်ပါက ပျားရည်စစ်စစ် လက်ဖက်ရည်ပန်းကန်လုံး(၃)ခွက်နှင့်နနွင်းမှုန့် ကွမ်းသီးလုံး(၁)လုံးစာမျှ ထည့်မွှေပြီး တစ်ညအိပ်နှပ်ထားရပါမည်။ တစ်နေ့လျှင် ထမင်းစားဇွန်း(၁)ဇွန်းသောက်ပါ။ ပန်းသီးရှာလကာရည်ကို […]
တစ်ညနဲ့ တစ်မနက် ၂ ခွက်သောက်ရုံ ရှိသေးတယ် ဆီးအိမ်ကျောက်ကျလာတဲ့ လက်တွေ့ဆေး
တစ်ညနဲ့ တစ်မနက် ၂ ခွက်သောက်ရုံ ရှိသေးတယ် ဆီးအိမ်ကျောက်ကျလာတဲ့ လက်တွေ့ဆေး ================================================ ဆန်ဆေးရေ နဲ့ စပါးလင် စိမ်ပြီး သောက် တာ တစ်ညနဲ့ တစ်မနက် ၂ ခွက်သောက်ရုံရှိသေး တယ် ကျောက် ကျလာတယ် အဖေ့ ဆီက ဘာပဲဖြစ်ဖြစ် ဆေးနည်းဖြန့်ပေးတာပါ လက်တွေ့ တစ်ရက်နဲ့တစ်ည အောင့် တာ မခံနိုင် လို့ ဆေးရုံပြတာ ၂.၁.၁၈ ရက်နေ့ဆေးရုံမှာ လေဆာနဲ့ ချေဖို့ချိန်းထား ပြီးသား ကို မိတ်ဆွေတစ်ယောက်က ညွှန်လို့ သောက်ကြည့်တာပါ ဆေနည်းညွှန်တဲ့ ကို အသေး လေးလဲ ကျေး ဇူး အရမ်း တင်ပါတယ် သူ့မိတ်ဆွေတုန်းက လဲ ဘန် ကောက် သွားဖို့ လုပ် […]
ရေနွေးထဲ သံပရာရည် ထည့်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ
ရေနွေးထဲ သံပရာရည် ထည့်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ ========================= ရေနွေးထဲကို သံပရာသီးတစ်လုံး ညှစ်ထည့်ပြီး သောက်သုံးခြင်းသည် ကျန်းမာရေးအကျိုးကျေးဇူးများ ရှိကြောင်း သိရှိထားကြပြီဖြစ်သည်။ ကျန်းမာရေးအကျိုးကျေးဇူးရှိစေသော အကြောင်းရင်းများကို ဖော်ပြပေးလိုက်ပါသည်။ အစာချေဖျက်မှုကို ကူညီပေးသည် နံနက်စောစော အစာမစားမီ သံပရာသီးညှစ်ထည့်ထားသည့် ရေနွေးတစ်ခွက်သောက်သုံးခြင်းက အစာအိမ်အူလမ်းကြောင်းကို နှိုးဆွပေးသည်။ အစာချေဖျက်မှုအားကောင်းလာပြီး ရင်ပူရင်ဆာဖြစ်ခြင်း လျှော့ချပေးကာ အစာအိမ်ရှင်းလင်းရေး လုပ်ငန်းစဉ်ကို ကူညီပေးသည်။ အဆိပ်ပြေစေနိုင်သည် သံပရာသီးတွင် အင်ဇိုင်းများ လုပ်ဆောင်ချက်ပိုကောင်းလာအောင် ကူညီနိုင်သည့် စီးထရစ်အက်စစ်ပါဝင်သည်။ စီးထရစ်အက်စစ်က အသည်းကိုလည်း နှိုးဆွပေးပြီး အဆိပ်ဖြေရာတွင် ကူညီပေးနိုင်သည်။ ခန္ဓာကိုယ်ရေဓာတ်ကို ထိန်းပေးနိုင်သည် သံပရာသီးညှစ်ထည့်ထားသောရေကအန္တရာယ်ဖြစ်စေသော ကိုယ်ခန္ဓာထဲမှ အက်စစ်ဓာတ်ကို လျှော့ချပေးနိုင်သည်။ သံပရာရည်တွင် စီးထရစ်အက်စစ်ပါဝင်သော်လည်းယင်းတွင်ပါဝင်သည့် သတ္တု ဓာတ်နှင့် အာဟာရဓာတ်များမှာ အယ်လ်ကာလီသဘာဝရှိသည်။ စီးထရစ်အက်စစ်မှာ […]
အစာအိမ်ရောင်၍ဗိုက်အောင့်ခြင်း
အစာအိမ်ရောင်၍ဗိုက်အောင့်ခြင်း =================== အစာအိမ် ရောင်၍ အောင့်ခြင်းသည် အလွန် အဖြစ်များသည်။ အစာအိမ်၏ အတွင်းနံရံများ ရောင်သော အခါ ဖြစ်ပွားသည်။ ၎င်းသည် များသောအားဖြင့် ပြင်းထန်လေ့မရှိဘဲ သူ့အလိုလို ပျောက်ကင်းနိုင်သည်။ သို့သော် အစာအိမ်ရောင်ခြင်းသည် ဝမ်းဗိုက်အပေါ် အလယ်ပိုင်းတွင် နာကျင်ခြင်း ဖြစ်စေပြီး အစာအိမ်အနာကို ဖြစ်စေသည်။ နေထိုင်မှု ပုံစံကို ပြောင်းလဲခြင်း နှင့် အလွယ်တကူဝယ်နိုင်သော အစာအိမ်ဆေးများက တခါတရံ လိုအပ်သမျှပင် ဖြစ်သည်။ အစာအိမ်အတွင်း အက်ဆစ်ပမာဏကို လျော့ချရန် အချို့ဆေးများလည်း လိုအပ်သည်။ အစာအိမ်ရောင်ခြင်းသည် မည်သည့်ပြဿနာမှ မဖြစ်ဘဲ ပျောက်ကင်းသွားနိုင်ပေသည်။ သို့သော် ကောင်းကောင်း မကုသပါက အစာအိမ်ရောင်ခြင်းသည် အစာအိမ် အနာ နှင့် သွေးအားနည်းခြင်းကို ဖြစ်စေသည်။ အူလမ်းကြောင်း နှင့် အစာချေခြင်းကို […]
သွေးကင်ဆာ“Leukemia´´
သွေးကင်ဆာ“Leukemia´´ နဲ့ပတ်သက်ပြီး သောက်သုံးရန်သင့်တဲ့ သဘာဝဆေးဝါးများကို ကျွန်တော်ဖော်ပြပေးပါ့မယ်… သွေးကင်ဆာဟာ ခန္ဓာကိုယ်သွေးထဲမှာရှိတဲ့ သွေးဖြူဥတွေဟာ ပုံမှန်ရှိသင့်တာထက်ပိုမိုများပြားလာပြီး ကင်ဆာအဖြစ်သို့ ပြောင်းလဲသွားစေပါတယ်.. သွေးကင်ဆာရဲ့ရောဂါ လက္ခဏာဟာ .. ~ကိုယ်အလေးချိန် လျော့ကျလာခြင်း.. ~အဖျားရောဂါအမျိုးမျိုး ကျရောက်တတ်ခြင်း… ~အဆုတ်ပျက်စီး၍ အသက်ရှုမဝခြင်း.. ~အကြောအားနည်းခြင်း.. ~အဆစ်အမြစ်ကိုက်ခဲခြင်း… ~အစားအစာ စားချင်စိတ်မရှိခြင်း.. ~ချွဲသလိပ်ထခြင်း… ~စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်းရာကျဆင်းခြင်း.. ~သရက်ရွက်နှင့်အသည်းကြီးခြင်း.. ~အသားရေပျက်စီးခြင်း.. ~နှာခေါင်းသွေးလျှံခြင်း.. ~ယားယံခြင်း.. ~အရေပြားပေါ်၌ အဖုအပိတ်ထွက်ခြင်းများ ဖြစ်ပါတယ်။ သွေးကင်ဆာ အတွက် စားသုံးရန်နှင့် သောက်သုံးရန်သင့်သောအရာများမှာ… နနွင်း(ဆနွန်း)မှုန့် ၊ ဂျင်း(ချင်း)မှုန့် ၊ လေးညင်းပွင့်အမှုန့် များကို ရေနွေး ရေအေးဖြင့် မနက်ည ပုံမှန်သောက်သုံးပေးရပါမယ်။ အစိမ်းရောင် ပန်းဂေါ်ဖီပွင့်ကို ကြော်စားပေးပါ.. Beet root”လိုခေါ်တဲ့ အနီရောင် သကြားမုန်လာဥကို ကြိတ်ဖျော်၍ […]