ကျန်းမာရေးဗဟုသုတ

နှလုံးသွေးကြောကျဉ်းရောဂါလုံးဝပြန်မဖြစ်စေနိုင်တော့သောကိုယ်တွေ့ ဆေးနည်းကောင်းတစ်လက်

“နှလုံးသွေးကြောကျဉ်းရောဂါလုံးဝပြန်မဖြစ်စေနိုင်တော့သောကိုယ်တွေ့ ဆေးနည်းကောင်းတစ်လက်”

ကျွန်တော်နှလုံးရောဂါပြင်းထန်စွာခံစားရချိန်ကျွန်တော်နေထိုင်ရာပုသိမ်မြိ ု့ ရှိပုသိမ်ဆေးရုံကြီးနှင့်ဇီဝကအထူးကု
ဆေးခန်းတို့တွင်တက်ရောက်ကုသခဲ့ရာဆေးစစ်ချက်အရနှလုံးသွေးကြော သုံးချောင်းကျဉ်းနေပြီးတစ်ချောင်းမှာ
ကောင်းစွာအလုပ်မလုပ်တော့သော ကြောင့်နှလုံးစက်ထည့်ရမည့်အခြေနေ
ဖြစ်ခဲ့ပါသည်။

ထိုအချိန်တွင်မိတ်ဆွေတစ်ယောက်မှ ကျွန်တော့်လိုခွဲစိပ်ခါနီးလူနာတစ်ဦး မခွဲစိပ်ရပဲသက်သာပျောက်ကင်းသွား
သည်ဆိုသောဆေးနည်းကိုပေးသဖြင့် ရန်ကုန်၌ဆေးကုသခံရန်ပြင်ဆင်နေချိန် တွင်ခုနှစ်ရက်မျှဆက်တိုက်သောက်ခဲ့ပါသည်။

ထို့နောက်ရန်ကုန်အာရှတော်ဝင် အထူးကုဆေးခန်းတွင်သွားရောက်စမ်းသပ်ရာနှလုံးသွေးကြောပိတ်ဆို့မှုများမရှိ တော့ပဲအကောင်းပကတိဖြစ်နေကြောင်းအံ့သြဖွယ်တွေ့ရှိရပါသည်-ဆရာမကြီးမှာပုသိမ်မှဆေးစစ်ချက်များကိုကြည့််၍မယုံနိုင်ဖြစ်ကာသေချာစေရန် မဟာမြိ ုင်အထူးကုဆေးခန်း၌24နာရီ စက်ဖြင့်ထပ်မံစမ်းသပ်ရာနှလုံးသွေး
ကြောများပုံမှန်ကောင်းမွန်နေကြောင်း သေချာသွားတော့သည်-ကျွန်တော်ခံစားနေရသောရင်ဘတ်
အောင့်ခြင်းနှင့်ဘယ်ဘက်လက်မောင်း ကို်က်ခြင်းဝေဒနာများလည်းပျောက်ကင်း သွားပါသည်။

ထို့ကြောင့်ကျွန်တော့်လို နှလုံးသွေးကြောကျဉ်းဝေဒနာခံစားနေရသူများအတွက်စေတနာရှေ့ ထား၍ကျွန်တော့်ကိုယ်တွေ့ဆေးနည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဆေးနည်းမှာ
၁- ကြွက်နားရွက်မှိုနှစ်ကျပ်ခွဲသား

၂-တရုတ်ဇီးသီးငါးလုံး

၃-ချင်း(ဂျင်း)တက်လက်တစ်ဆစ်ခန့်

၄-ဆားအနည်းငယ်တို့ကိုရေဖန်ခွက်

ခြောက်ခွက်ထည့်နှစ်ခွက်ကျန်အောင်ကျိုပြီးမနက်တစ်ခွက် ညတစ်ခွက်သောက်ရုံပင်ဖြစ်ပါသည်။
ဆေးနည်းပေးသူမိတ်ဆွေအားကျေးဇူးအထူးတင်ပါသည်။

Credit ( Ko Sai)

Leave a Reply

Your email address will not be published. Required fields are marked *