ကျန်းမာရေးဗဟုသုတ

ခရမ်းသီးစားပါ

ခရမ်းသီးစားပါ

စားသုံးမှုများတဲ့စားဖိုဆောင်သီးနှံခရမ်းသီးဟာ ခန္ဓာ ကိုယ်အတွက် ကောင်းကျိုးတွေ အများကြီးပေးတဲ့အကြောင်း အသိပေးချင်ပါတယ်။ ဦးခေါင်းကအစ ခြေဖျားအဆုံး ဘာတွေကောင်းကျိုးပြုသလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

ခရမ်းသီးဟာ အမျှင်ဓာတ်ကြွယ်ဝပြီး သွေးတွင်းသကြားဓာတ် ပမာဏနဲ့ ဂလူးကို့စ်စုပ်ယူမှုကို ထိန်းချုပ်ပေးနိုင်တာကြောင့် ဆီးချိုသမားတွေစားပေးသင့်ပါတယ်။ ကိုလက်စထရောပမာဏကိုလည်း လျှော့ချပေးတဲ့အပြင် သွေးဖိအားကိုလည်း ပုံမှန်ဖြစ်စေတာကြောင့် နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းသီးမှာ မှတ်ဉာဏ်ကောင်း မွန်စေတဲ့အာဟာရဓာတ်တွေပါဝင်တဲ့အတွက် ဦးနှောက်အတွက် အကျိုးပြုပါတယ်။ နောက်ပြီး နေ့စဉ်လိုအပ်တဲ့ သံဓာတ်ပမာဏကိုလည်း ဖြည့်တင်းပေးနိုင်ပြီး ကယ်လိုရီပမာဏလည်း နည်းတာကြောင့် ကိုယ်အလေးချိန်လျှော့ချချင်သူတွေ စားပေးသင့်ပါတယ်။ အစာခြေဖျက်အားလည်း ကောင်း တာကြောင့် ဝမ်းချုပ်တာတွေ၊ အူကင် ဆာတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ခရမ်းသီးဟာ အာရုံကြောဆိုင်ရာရောဂါတွေနဲ့ လေဖြတ်ခြင်းဖြစ်ပွားမှုလျော့နည်းစေတဲ့အပြင် ခရမ်းသီးမှာ နီကိုတင်းဓာတ်အနည်းငယ်ပါ တာကြောင့် ဆေးလိပ်ဖြတ်သူတွေကိုလည်း ထောက်ကူပေးနိုင်ပါသေး တယ်။ ဗီတာမင်စီလည်း ကြွယ်ဝပြန်တာကြောင့် ရောဂါပိုးဝင်တာတွေကို လည်း ကာကွယ်ပေးပါတယ်။

သတ္တုဓာတ်တွေ၊ ဗီတာမင်တွေနဲ့ အမျှင်ဓာတ်တွေပါတာကြောင့် အသားအရေစိုပြည်လှပစေတဲ့အပြင် နူးညံ့ချောမွေ့စေနိုင်ပါတယ်။ အရွယ်မတိုင်မီအိုမင်း ရင့်ရော်တာတွေကို ကာကွယ်ပေးပြီး အရေပြား ကင်ဆာဖြစ်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။ ဆံသားတွေနက်မှောင်သန်စွမ်းကျန်းမာဖို့ အတွက်လည်း အကျိုးပြုပြီး ဦးရေပြားခြောက်သွေ့ခြင်းကို လည်း တားဆီးကာကွယ်ပေးနိုင်ပါတယ်

crd;copy

ကျန်းမာရေးအတွက်ဆေးတစ်ခွက်

Leave a Reply

Your email address will not be published. Required fields are marked *