ကျန်းမာရေးဗဟုသုတ

အိုမင်းရင့်ရော်ခြင်းကို အံတုမည့် “ နနွင်း ”

???အိုမင်းရင့်ရော်ခြင်းကို အံတုမည့် “ နနွင်း ”

…………………………………………………

?ယနေ့ခေတ် ကမ္ဘာတစ်လွှားမှာ သတင်းမွှေးနေတဲ့ သဘာဝထုတ်ကုန်တစ်ခုကတော့ နနွင်းဖြစ်နေတာကို အံ့သြဖွယ် သိရှိရပါတယ်။

နနွင်းဟာ ရောင်ရမ်းတာကို ဖြစ်စေတတ်တဲ့ အင်ဇိုင်းတစ်မျိုးကို ပိတ်ပင်တားဆီးနိုင်ပါတယ်။

?ခန္ဓာကိုယ်မှာ အနာတရ ထိခိုက်ဒဏ်ရာရချိန်ရောက်မှ ရောင်ရမ်းတယ်လို့ ထင်နေရင် မှားယွင်းနေပြီလို့ ဆိုပါတယ်။

အနာတရလည်း မဖြစ်ပါဘဲ အိုမင်းရင့်ရော်တဲ့ အကြောင်းကြောင့် သင်္ကေတမပြ၊ တိတ်တိတ်ကလေး ရောင်ရမ်းနေတာဟာ တစ်ကိုယ်လုံး နေရာအနှံ့အပြားမှာ ဖြစ်ပွားနေနိုင်တယ်လို့ ဆိုပါတယ်။

နှလုံး နှင့် ဦးနှောက်တို့မှာ အထိအခိုက် အများဆုံး ဖြစ်ပွားနိုင်တယ်။

နှလုံးကြွက်သားတွေ၊ သွေးကြောမျှင်တွေ ရောင်ရမ်းတတ်တယ်။

ဦးနှောက်အတွင်း အာရုံကြောတွေ ရောင်ရမ်းလာတာကြောင့် မှတ်ဉာဏ်ရေတို ဆုံးရှုံးတာ၊ မေ့လျော့တာ၊ ဦးနှောက်လုပ်ဆောင်နိုင်စွမ်း လျော့တာတွေ ဖြစ်တတ်ပါတယ်။

ခန္ဓာကိုယ်မှာရှိတဲ့ အရိုးအဆစ်တွေ၊ အရွတ်တွေ ရောင်ရမ်းတာတွေ ဖြစ်လာမယ်။

?အဲဒီ့လို ရောင်ရမ်းမှုမျိုးစုံကို အထိရောက်ဆုံး နှင့် ဘေးထွက်ဆိုးကျိုး အနည်းဆုံး အဖြစ် ကာကွယ်နိုင်တာဟာ နနွင်းတက်ကထွက်တဲ့ Curcumin ဓါတ်ပဲ ဖြစ်ပါတယ်။

Free Radical ခေါ် ဓါတ်တွေကြောင့် ရောင်ရမ်းမှု ဖြစ်ပွားတာဟာ အစားမှားခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အိပ်ရေးပျက်ခြင်း၊ ထိခိုက်အနာတရ ဖြစ်ခြင်း နှင့် ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ပိုပြီး ဆိုးရွားစေတတ်ပါတယ်။

?အဲဒီ့ အခါမျိုးမှာ ရောင်ရမ်းမှုဟာ ပြင်းထန်သိသာလာတတ်ပါတယ်။
သာမန် ရောင်ရမ်းမှု လက္ခဏာ မပြတဲ့ ရောင်ရမ်းမှုမျိုးဟာလည်း အိုမင်းခြင်းကို အရွယ်မတိုင်မီ ဖြစ်ပေါ်စေတတ်ပါတယ်။

မှတ်ဉာဏ် ချို့ယွင်းခြင်း နှင့် နှလုံးဖောက်ပြန်ခြင်းတွေဟာ လူသိများတဲ့ အိုမင်းရင့်ရော်ခြင်းတွေ ဖြစ်ပါတယ်။

?နနွင်းကို တစ်နေ့ ၁၀၀၀ mg စားသုံးပေးရင် မှတ်ဉာဏ်ပျက်စီးတာကို တားဆီးပေးပြီး မှတ်ဉာဏ်တိုးတက်မှုတောင် ရှိလာနိုင်တယ်လို့ သြစတြေးလျက ပြုလုပ်တဲ့ သုတေသန တစ်ခုမှာ ဖေါ်ထုတ်ခဲ့ပါတယ်။

နှလုံးသွေးကြောတွင်း သွေးခဲပိတ်ဆို့ခြင်းတွေကို နနွင်းက တားဆီးနိုင်တယ်လို့လည်း ဆိုပါတယ်။ ကိုလက်စထရော ဓါတ်တိုးခြင်းကို ဟန့်တားပြီး LDL ကို ကျဆင်းစေပါတယ်။

?နနွင်းစားသုံးရာမှာ သန့်ရှင်းစွာ အနှစ်ထုတ်ထားတဲ့ နနွင်းအဆီ (Curcumin Extract) သာလျှင် ထိရောက်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ နနွင်းဆေးတစ်မျိုးကတော့ Fame မှ ထုတ်လုပ်တဲ့ နနွင်းဆေးတစ်မျိုးလို့ သိရပါတယ်။ (ဆေးကြော်ငြာနေတာ မဟုတ်ပါ)။

အသက်ကြီးလာရင် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဆဲလ်တွေက စွမ်းအင်ထုတ်လုပ်မှု ကျဆင်းလာတတ်ပါတယ်။

ဆဲလ်တွင်းရှိ Mitochondria အစိတ်အပိုင်းက CoQ₁₀ ဓါတ်ထုတ်ပေးရာမှာ အသက် (၇၀) ရောက်လာရင် ၅၀% ပဲ ထုတ်ပေးတော့တယ်။

CoQ₁₀ ဓါတ်ကို နနွင်း နှင့် တွဲသောက်ရင် ပိုကောင်းတယ်လို့လည်း သိရပါတယ်။

အကောင်းဆုံးကတော့ ဆရာဝန်နှင့် တိုင်ပင်ပြီးသာ သုံးစွဲသင့်ပါတယ်လို့ အကြံပြု တိုက်တွန်းချင်ပါတယ်။

နေမျိုးသီဟ။

Leave a Reply

Your email address will not be published. Required fields are marked *