ဟင်းပြန်နွှေးတော့မယ်ဆိုရင် ဒီအချက်လေးတွေကိုသတိထားပါ။
၁။ ဟင်းနုနွယ်ရွက်
ချက်ပြီးသား ဟင်းနုနွယ်ရွက်ကို ပြန်နွှေးပြီးမစားသင့်ပါဘူး။ဘာလို့လဲဆိုတော့ ဟင်းနုနွယ်ရွက်ထဲမှာပါတဲ့ နိုက်ထရိတ်(nitrates) ဓာတ်ဆားကြောင့်ဖြစ်ပါတယ်။ ချက်ထားတဲ့ ဟင်းနုနွယ်ရွက်ကို နွှေးလိုက်တဲ့အခါမှာ နိုက်ထရိတ်ဓာတ်ဆားကနေ
နိုင်ထရစ်အက်စစ် အဖြစ်ပြောင်းလဲသွားပြီး အဲ့ဒီပြောင်းလဲသွားတဲ့ နိုင်ထရစ်အက်စစ်ဟာ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
၂။ တရုတ်နံနံ
လူတွေဟာ များသောအားဖြင့် တရုတ်နံနံကြီးရွက်ကို ဟင်းအရည်သောက် လုပ်စားတဲ့အခါမှာ ထည့်လေ့ရှိပါတယ်။ တကယ်လို့အဲ့လို လုပ်စားမယ်ဆိုရင် လုပ်ထားတဲ့ အရည်သောက်ဟင်းရည်ကို တစ်ခါတည်း ကုန်အောင်စားပစ်သင့် ပါတယ်။ တကယ် လို့ ပြန်အပူပေး၊ ပြန်နွှေးစားမယ်ဆိုရင်လည်း တရုတ်နံနံကြီးအရွက်တွေကို ဖယ်ပြီး မှ နွှေးစားသင့်တယ်လို့ဆိုထားပါတယ်။သူ့ရဲ့ဆိုးကျိုးဟာလည်း ဟင်းနုနွယ်ရွက် လိုပဲ နိုင်ထရစ်အက်စစ်ကနေ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။
၃။ မုံလာဥအဖြူ?
မုန်လာဥအဖြူဆိုရင်လည်း နိုက်ထရိတ်ဓာတ်ဆားပါတဲ့ အစားစာတစ်မျိုး
ဖြစ်ပါတယ်။ သူ့ကို ပြန်နွှေးစားမယ်ဆိုရင် ခန္ဓာကိုယ်အတွက် အလွန် အန္တရာယ်ရှိစေတဲ့ ကင်ဆာရောဂါတွေ ဖြစ်စေနိုင်ပါတယ်…
၄။ အာလူး ?
အာလူးမှာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိတဲ့အတွက် အလွန်ပဲ အသုံးဝင်ပါတယ်။ ဒါပေမယ့်လည်း ချက်ပြီးသားအားလူးကို တစ်ရက်တည်းမှာ ကုန်အောင်မစားနိုင်ဘူး ဆိုရင်တော့ အဲ့ဒီ အကျိုးကျေးဇူးတွေ မရနိုင်ဘူး၊ ပျောက်ဆုံးသွား ပါမယ်။ အာလူးချက်ထားပြီးသားကို နောက်ရက်မှ စားခြင်းနှင့် ပြန်နွှေးစားခြင်းဟာ သင့်ခန္ဓာကိုယ်အတွက် အသုံးဝင်မယ့်အစား အန္တရာယ် ဖြစ်စေနိုင်တယ်…
၅။ ကြက်/ဘဲ ဥ?
ကြော်ထား ပြုတ်ထားတဲ့ ကြက်/ဘဲဥကြော်ကို ပြန်နွှေးစားခြင်းဟာ သင့်ရဲ့ organisms တွေကို သေစေနိုင်ပါတယ်…
၆။ မှို ?
ပြန်နွှေးထားတဲ့မှိုကို စားခြင်းဟာ ကျန်းမာရေးအတွက် ဆိုကျိုးတွေကို ဖြစ်စေပါ တယ်။ ဥပမာ- အစာခြေခြင်း၊ ချက်ခြင်း နှင့် နှလုံးကိုထိခိုက်စေနိုင်ပါတယ်…
ဒါကြောင့် ဒီဟင်းလေးတွေကိုတော့ ပြန်နွေးပြီး စားတာမျိုး မလုပ်ပါနဲ့နော်…
Credit: YunnanKitchen
စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ