အသည်းကို သန့်စင်ပေးနိုင်တဲ့ အစားအစာ (၃) မျိုး
ဒီနေ့ခေတ် အစားအသောက်ပုံစံတွေက အသည်းကို ပိုပြီး အလုပ်တွေ ပေးနေသလိုဖြစ်နေပါတယ်။ အကြော်အလှော်တွေ၊ အသင့်စား အစားအစာတွေ စားသုံးခြင်း၊ လေထုညစ်ညမ်းတဲ့နေရာတွေမှာ နေထိုင်သွားလာခြင်း တို့ကလည်း အသည်းကို ထိခိုက်စေပါတယ်။
ဒီလို အသည်းကို ထိခိုက်စေတဲ့ နေ့စဉ်ကြုံတွေ့စားသုံးနေရတဲ့ အပြုအမူတွေကို မရှောင်လွဲနိုင်ရင်လည်း အသည်းမှာရှိနေတဲ့ အဆိပ်အတောက်တွေကို သဘာဝနည်းအတိုင်း ဖယ်ရှားလို့ရပါတယ်။
#ပန်းသီး
ပန်းသီးမှာ pectin ဓာတ်တွေ၊ ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကို ဆေးကြော ဖယ်ရှားပေးတဲ့ ဓာတ်တွေ အများကြီးပါရှိပြီး အစာခြေအားကိုလည်း ကောင်းစေပါတယ်။ ပန်းသီး စားခြင်းအားဖြင့် အဆုတ်မှာရှိတဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးသည့် ဇီဝဖြစ်စဉ်များကိုလည်း အားကောင်းစေပါတယ်။
#ထောပတ်သီး
အဟာရဓာတ်တွေ ကြွယ်ဝနေတဲ့ ထောက်ပတ်သီးကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကို Glutathione ဓာတ်တွေ ထုတ်ဖို့အတွက် ကူညီပေးပြီး ဒီဓာတ်တွေဟာ အဆုတ်မှာရှိတဲ့ အန္တရာယ်ကြီးမားတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးရာမှာ အသုံးပြုပါတယ်။
#သံပုရာသီး နှင့် သံပုယိုသီး
ဒီ သံပုရာသီး၊ သံပုယိုသီးတွေမှာ ဗီတာမင် စီ အမြောက်အမြား ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်များကို ရေထဲမှာ ပျော်ဝင်စေကာ ဆီးအဖြစ်နှင့် ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးဖို့ ကူညီပေးပါတယ်။ မနက်ပိုင်းမှာ သံပုရာသီး၊ သံပုယိုသီး ဖျော်ရည်ကို သောက်ပေးပါက အသည်းကို ပိုပြီး အကျိုးရှိစေပါတယ်။
crd;copyကျန်းမာရေးအတွက်ဆေးတစ်ခွက်