အူလမ်းကြောင်းက်ိုရှင်းလင်းခြင်း
=====================
ကျွန်တော်တို့ရဲ့အူလမ်းကြောင်းဟာ အညစ်အကျေးတွေနဲ့ပြည့်နေလေ့ရှိပါတယ်။အညစ်အကျေးတွေက အစဉ်အမြဲရှိနေတတ်တော့ အဲဒီ့အညစ်အကျေးတွေကနေဖြစ်လာတဲ့ ချိုးတွေလည်းအူနံရံတွေမှာကပ်နေလေ့ရှိပါတယ်။
လူတွေရဲ့အူဟာ အမြဲတန်းသန့်နေဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ သွေးဟာအူတွေကနေစဖြစ်တာမို့လို့ပါ။
အစားအသောက်တွေကနေရလာတဲ့ အာဟာရရည်ကို အူတွေကနေစုပ်ယူပြီး သွေးအဖြစ်ပြောင်းလဲပေးတာပဲဖြစ်ပါတယ်။
ဒါကြောင့်အူသန့်ရင်သွေးသန့်မယ်၊ အူမသန့်ရင် သွေးမသန့်ဘူးဆိုတာထင်ရှားပါတယ်။
အူတွေကိုသန့်ရှင်းပေးတော့မှ အဆိပ်တောက်ကင်းတဲ့ သွေးသန့်ကိုရမှာပဲဖြစ်ပါတယ်။ခန္ဓာကိုယ်မှာကသွေးကအဓိကပဲ။ သွေးသန့်ရင်ရောဂါကင်းမယ်၊ သွေးညစ်ရင်ရောဂါများမယ်။သွေးသန့်ဖို့အတွက် အူသန့်အောင်လုပ်ပေးရမှာပဲဖြစ်ပါတယ်။
အူတွေသန့်ရှင်းအောင်လုပ်ဖို့ကလည်းမခက်ပါဘူး။စင်ထိုးပြီးစိုက်ရတဲ့ အညွန့်အရွက်တွေစားပေးရုံပါပဲ။
ဘူးညွန့်၊ဂေါ်ရခါးညွန့်၊ရွှေဖယုံညွန့်စတဲ့ အညွန့်အရွက်တွေမှာ အမွှေးအမျှင်လေးတွေပါပါတယ်။ အဲဒီ့အရွက်အညွန့်တွေဟာ မျက်နှာသုတ်ပဝါမှာပါတဲ့ အမွှေးလေးတွေလိုပဲသုတ်လို့ရှိရင် စင်ကြယ်သွားပါတယ်။
အဲဒီအမွှေးအမျှင်ပါတဲ့ အညွန့်အရွက်တွေကိုကြော်ပြီးစားပါ။အစာလမ်းကြောင်းတစ်လျှောက်က အညစ်အကျေးတွေကိုပြောင်အောင် သုတ်သင်ပေးသွားပါလိမ့်မယ်။
အစာလမ်းကြောင်းတစ်ခုလုံး သန့်ရှင်းနေတော့အာဟာရကနေရတဲ့ ရသရည်ကလည်းသန့်ရှင်းပြီး သွေးကလည်းသန့်တော့တာပေါ့ အဲဒီ့အပြင်အူတွေထဲမှာ အညစ်အကျေးချိုးကပ်မှုတွေများလို့ ဗိုက်ပူနေတဲ့သူတွေလည်း တဖြည်းဖြည့်နဲ့ဗိုက်ချပ်သွားပါလိမ့်မယ်။
အနာရောဂါကင်းကင်းနဲ့ အသက်ရှည်ရှည်နေနိုင်တဲ့နည်းကောင်းတစ်ခုပါပဲ။
crd;copy