`ပိန်ချင်ရင်သစ်သီးစားပြီးမှထမင်းစား´
“““““““““““““““““““““““
လူတွေကထမင်းစားပြီးတော့အချိုပွဲအနေနဲ့သစ်သီးတွေစားကြလေ့ရှိပါတယ်။ပိန်ချင်တဲ့သူတွေ၊မဝချင်တဲ့သူတွေအတွက်အဲ့လိုစားတာနည်းမကျဘူးလို့ပြောရမယ်။ဘာကြောင့်လဲဆိုတာရှင်းပြပါမယ်။
လူတစ်ယောက်ဟာဝမ်းဟာလာပြီဆိုတာနဲဦးနှောက်ကနေဗိုက်ဆာတယ်လို့သိပြီးအစာအိမ်တွေအူတွေကနေအစာတွေကိုစုပ်ယူဖို့တကွီကွီအော်လာပါတော့တယ်။အဲဒီ့အခါမှာပါးစပ်ကနေအစာတွေကိုထည့်ပေးလိုက်တယ်ပေါ့။အစာတွေအူထဲရောက်တဲ့အခါမှာအူနံရံတွေကနေစုပ်ယူပါတော့တယ်။ဆာနေတဲ့အချိန်မှာပထမဦးဆုံးဝင်လာတဲ့အစာတွေကိုအငန်းမရစုပ်ယူကြတယ်။ဦးနှောက်ကအဆာပြေသွားပြီလို့သိသွားတဲ့အခါမှာတော့သိပ်မစုပ်တော့ဘူး။စားလို့ကျေနပ်သွားပြီလို့ဦးနှောက်ကသိရင်အလွန်နှေးကွေးစွာနဲ့နည်းပါးစွာပဲစုပ်ယူပါတော့တယ်။ဒါဟာအစာစုပ်ယူမှုဇီဝကမ္မဖြစ်စဉ်ပါပဲ။
အူတွေကနေစုပ်ယူမှုအားအကောင်းဆုံးအချိန်ဖြစ်တဲ့ဗိုက်ဆာနေတဲ့အချိန်မှာအဆီအဆိမ့်ကယ်လိုရီများတဲ့ထမင်းဟင်းတွေကိုအားရပါးရစားထည့်လိုက်တော့အဲဒီ့အဆီအဆိမ့်တွေကိုအူတွေကအကြီးအကျယ်ဝိုင်းစုပ်ယူကြတာပေါ့။အဲဒါကြောင့်ကိုယ်အလေးချိန်လည်းတက်ပြီပေါ့။ဗိုက်ဆာနေချိန်မှာထမင်းမစားသေးပဲသစ်သီးဒါမှမဟုတ်တို့စရာအသီးအရွက်တွေကိုအရင်စားမှအူတွေကကယ်လိုရီနည်းတဲ့အသီးအရွက်တွေကိုအရင်စုပ်ယူကြပြီးအဲဒီနောက်မှစားတဲ့ထမင်းဟင်းတွေကိုသင့်ရုံလောက်ပဲစုပ်ယူပါတယ်။အသီးအရွက်တွေထဲမှာပါတဲ့လူကိုအကျိုးပြုပြီးနုပျိုလှပစေနိုင်တဲ့Antioxidantတွေဗီတာမင်တွေသတ္တုဓာတ်တွေကိုများများစုပ်ယူပြီးလူကိုအဝလွန်စေတဲ့အချို၊အဆီ၊အဆိမ့်တွေကိုအနည်းငယ်လောက်သာစုပ်ယူနိုင်ပါတယ်။
ဒါကြောင့်ပိန်ချင်တယ်ဆိုရင်ဒါမှမဟုတ်မဝချင်ဘူးဆိုရင်ထမင်းမစားခင်သစ်သီးသို့မဟုတ်အသီးအရွက်အသင့်အတင့်စားပေးပါ။အဲဒီ့လိုအသီးအရွက်အရင်စားလိုက်တော့ခါတိုင်းစားနေကျထမင်းAmountထက်လည်းလျော့ပြီးစားဖြစ်သွားတယ်။ဒါကြောင့်ပိန်ကျဖို့ပိုမြန်တယ်။ဗိုက်လည်းချပ်တာပေါ့နော။ဒီနည်းလေးကကိုယ်အလေးချိန်ကိုအမြဲတန်းထိန်းထားချင်သူတွေအတွက်နည်းကောင်းလေးတစ်ခုဖြစ်ပါတယ်။
ချစ်ခင်လေးစားလျက်………
စာအုပ် – အဆီကျသွယ်လျလှပကြစေရန်
ရေးသူ – မင်းကျော်ဝင်း