`အရိုးထဲကိုcalciumဖြည့်သွင်းပေးပါ´
“””””””””””””””””””””””””””””””””””””‘””‘
ကျွန်တော်တို့ကကိုယ့်ကိုယ်ကိုမှန်ထဲမှာကြည့်ပြီးတော့ချောချောလှလှကြီးဆိုပြီးကျေနပ်နေတတ်ကြပါတယ်……………သို့သော်လဲခန္ဓာကိုယ်အတွင်းထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုတော့မသိကြပါဘူး…………အထူးသဖြင့်အရိုးတွေဘယ်လိုအခြေအနေရှိသလဲဆိုတာကိုမသိကြပါဘူး။
လူအများစုရဲ့အရိုးတွေဟာအရိုးပွတဲ့အခြေအနေမျိုးဖြစ်နေကြပြီးအတွင်းမှာဆန်ကါပေါက်တွေဖြစ်နေကြပါတယ်………ကိုယ့်ကိုယ်ကိုတော့မသိဘူးပေါ့…………အရိုးပွတယ်အရိုးပါးတယ်ဆိုတာတွေကအသက်ကြီးမှဖြစ်ကြတာမဟုတ်လားလို့ထင်မြင်ယူဆနေတတ်ကြပါလိမ့်မယ်………သို့သော်လဲအသက်၃၀တောင်မပြည့်သေးတဲ့သူတွေမှာတောင်အရိုးပွနေကြပြီဆိုတာကိုတွေ့ရပါတယ်။
ကိုးရီးယားနိုင်ငံကရုံးstaff မလေးတွေပိန်သွယ်ချောလှအောင်လုပ်ထားကြတာဆိုတာလန်ပျံနေတာပဲ………ဝမှာကြောက်လို့ဘာမှသိပ်မစားဘူး………မနက်စောစောရုံးလာ…တစ်နေကုန်A/C အခန်းထဲမှာပဲနေ…ညနေကျမှအိမ်ပြန်……အဆာပြေလောက်ပဲစား……နေရောင်ခြည်လည်းမခံရဘူး……အဲဒါနေ့စဉ်လိုလိုပဲ………ကြာလာတော့ကျန်းမာရေးမကောင်းတော့ဘူး……အာဟာရလည်းချို့တဲ့…နေရောင်ခြည်လည်းမရ……နေတာကလည်းတိုက်အမြင့်ကြီးတွေပေါ်မှာ………သူတို့ကို Checkup လုပ်လိုက်တော့အရိုးတွေကဆန်ကာပေါက်တွေဖြစ်နေကြပြီ………ကြည့်စမ်း…ငယ်ငယ်လေးတွေနဲ့……အာဟာရကိုထိန်းချုပ်လွန်းပြီးနေရောင်ခြည်မခံကြရလို့အခုလိုဖြစ်ကြရတာပဲဖြစ်ပါတယ်။
လူတွေအရိုးပွတဲ့ပြသနာဖြစ်ကြတာဟာကယ်စီယမ်ကြွယ်ဝတဲ့အာဟာရတွေကိုမစားတတ်ကြလို့အဓိကဖြစ်ရတာပါ………ပြီးတော့ခန္ဓာကိုယ်ထဲမှာအက်စစ်ဓါတ်တွေများနေကြလို့………အက်စစ်တွေကအရိုးကကယ်စီယမ်တွေကိုစားသွားတဲ့အတွက်အရိုးကဆန်ကါပေါက်တွေဖြစ်ကုန်တာပါ………အဲဒီလိုဖြစ်ရင်ကြောက်စရာကောင်းတယ်……ချော်လဲမိလို့အရိုးကျိုးသွားရင်တော့သွားပြီ……ပြန်ဆက်ဖို့လည်းမလွယ်တော့ဘူး………ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့အဖွားဆိုရင်ချော်လဲပြီးပေါင်၂ဖက်လုံးကျိုးသွားတာ………သေတဲ့အထိနှစ်ပေါင်းများစွာအိပ်ယာထဲမှာဝဋ်ခံရပြီးမှသေသွားရှာပါတယ်။
ခန္ဓာကိုယ်ထဲမှာကယ်စီယမ်အားနည်းနေရင်လူကတအားဝလာတတ်ပါတယ်…သွေးလည်းတိုးတယ်…ရင်ကျပ်ပန်းနာလည်းဖြစ်တတ်တယ်……ဒေါသလည်းထွက်လွယ်တယ်…သွားတွေလည်းကျိုးတယ်…ညအိပ်နေရင်းကြွက်တက်တယ်…လမ်းသွားနေရင်းခြေချောင်းလေးတွေကပ်ကုန်တယ်…နှလုံးခုံနှုန်းကမောက်ကမဖြစ်လာတယ်…စိတ်ကစဉ့်ကလျားဖြစ်ပြီးစိတ်ဖေါက်ပြန်တဲ့အထိဖြစ်တတ်ပါတယ်။
ခန္ဓာကိုယ်မှာကယ်စီယမ်ဓါတ်ပြည့်ဝအောင်ဘယ်လိုလုပ်ရမလဲ………ကယ်စီယမ်ကြွယ်ဝတဲ့အစားအစာတွေကိုစားပေးခြင်း………နေရောင်ခြည်ခံပေးခြင်း……လမ်းလျှောက်ခြင်းပေးခြင်းတို့ပြုလုပ်ပေးရုံပါပဲ………ကယ်စီယမ်စားရင်ခနါ္ဓကိုယ်ထဲမှာကယ်စီယမ်အားကောင်းလာမယ်……နေရောင်ခြည်ကဗီတာမင်Dကအရိုးတွေမှာကယ်စီယ်မ်ပြည့်သွာ်း
အောင်တည်ဆောက်ပေးမယ်…… လမ်းလျှောက်ခြင်းဖြင့်အရိုးတွေသိပ်သည်းမာကြောသွားမယ်။
တိုက်အိမ်တစ်လုံးတည်ဆောက်မယ်ဆိုရင်အရေးအကြီးဆုံးက Steel structure ပဲဗျ………သံတိုင်တွေသံချောင်းတွေတောင့်တင်းရင်အဲဒီအိမ်ဟာရာစုနှစ်တစ်ခုကျော်သည်အထိတောင်မပြိုကျနိုင်ပါဘူး……လူမှာလည်းအရိုးတွေမာကြောခိုင်ခံ့ရင်အသက်ရာကျော်တဲ့အထိဒေါင်ဒေါင်မြည်အောင်သန်မာနိုင်ပါတယ်………ဒါကြောင့်အရိုးတွေအားကောင်းအောင်ကယ်စီယမ်ဓါတ်ဖြည့်သွင်းကြဖို့လိုပါတယ်။
ခန္ဓာကိုယ်ထဲကိုကယ်စီယမ်ဓါတ်ဘယ်လိုဖြည့်သွင်းရမလဲ………ကယ်စီယမ်ကြွယ်ဝတဲ့အစားအစာတွေကတော့အများကြီးရှိပါတယ်………အဲဒီ့အထဲကအကောင်းဆုံးကတော့အရိုးပါဝါးစားနိုင်တဲ့ငါးသေးသေးလေးတွေဖြစ်ပါတယ်……အဲဒီ့ငါးလေးတွေကိုတစ်ပတ်တစ်ကြိမ်လောက်ဝအောင်စားပေးပါ……မြန်မာနိုင်ငံကအသက်အကြီးဆုံးဖြစ်တဲ့ဒေါ်မြကြီးဟာငါးလေးအိုးကပ်ဟင်းကိုသိပ်ကြိုက်လို့ခဏခဏချက်စားရင်းနဲ့အသက်၁၂၀ကျော်နေတာတောင်ကျန်းမာနေတုန်းပါပဲ။
မြန်မာပြည်မြို့ရွာအနှံ့ကလူတွေကိုလေ့လာကြည့်ရင်အများစုဟာအသက်ကြီးလာတဲ့အခါမှာအိမ်ထဲမှာပဲနေပြီးအပြင်မထွက်ကြတော့ဘူး……အာဟာရလည်းကောင်းကောင်းမစားတတ်…နေရောင်ခြည်လည်းမခံ…လမ်းလည်းမလျှောက်ဆိုတော့အရိုးတွေအားနည်းပြီးကျန်းမာရေးလည်းချူချာကြပါတယ်………ဒါကြောင့်မိဘများအသက်ကြီးလာပြီဆိုရင်အဲ့လို့မဖြစ်အောင်နည်းလမ်းပေးစေချင်ပါတယ်……သက်တမ်းစေ့သည်အထိကျန်းမာသန်စွမ်းစေဖို့အတွက်အရိုးတွေမာကြောနေဖို့လိုပါတယ်။
ရှေးလူကြီးတွေမှာခဲ့တဲ့စကားတစ်ခုရှိပါတယ်……`ခေါင်းတစ်ရာသားကိုစားပါ´ တဲ့………ဘာကြောင့်စားခိုင်းတာလဲဆိုရင်ကျန်းမာရေးဒေါင်ဒေါင်မြည်စေချင်လို့ပဲပေါ့ဗျာ………ခေါင်းတစ်ရာသားဆိုတာတစ်ခြားမဟုတ်ပါဘူး……အရိုးပါဝါးစားနိုင်တဲ့ငါးလေးများပဲဖြစ်ပါတယ်…
ချစ်ခင်လေးစားလျှက်……
စာညွှန်း -အာဟာရဓါတ်
ရေးသူ -မင်းကျော်ဝင်း