ကျန်းမာရေးဗဟုသုတ

ဆေးဖက်ဝင်တဲ့ မိဿ လင်

ဆေးဖက်ဝင်တဲ့ မိဿ လင်

ကျွန်ုပ်တို့ရဲ့အဘိုးအဘွားတွေ ထိခိုက်ဒဏ်ရာ, အရိုးအကြောဝေဒနာ, အဖျားရောဂါ ,မီးယပ်ချုပ်ပြီးကိုက်ခဲတဲ့ဝေဒနာ တွေအတွက် အမြဲအိမ်မှာဆောင်ထား စိုက်ပျိုးထားပြီး လက်စွဲသုံးခဲ့ကြတဲ့
ဒဏ်ကြေဆေးမှာ ”မိဿ လင်ပင်” ဆိုတာကို သိကြပြီးဖြစ်မှာပါ။အခုဆိုရင် အိန္ဒိယနိုင်ငံ ထိုင်းနိုင်ငံတွေမှာ ဒဏ်ကြေဆေးအတွက်သာမက အဆစ်အမြစ်ရောင်နာ ထိခိုက်ဒဏ်နာ အဆီချတဲ့နေရာတွေမှာပါ လိမ်းဆေးသောက်ဆေး အဖြစ် တွင်ကျယ်စွာ အသုံးပြုနေကြပါပြီ။
အထူးသဖြင့်ထိုင်းနိုင်ငံမှာ ထိုင်းအခေါ်” ပလိုင်” လို့ခေါ်ဝေါ်ပြီး လက်ဝှေ့ထိုးတဲ့ ကစားသမားတွေကို အရောင်လျော့ပြီးဒဏ်ကြေစေဖို့ မရှိမဖြစ်အသုံးပြုတဲ့ လိမ်းဆေးဖြစ်နေပါပြီ။ဒါ့အပြင် ဝမ်းဗိုက်က အဆီတွေ ပေါင်နဲ့ခါးကအဆီတွေကို လျော့ကျစေဖို့ နဲ့ထိုင်းနိုင်ငံရဲ့ အကြောပြင်အနှိပ်ခန်း အလှပြင်ခန်းမ အားလုံးလိုလိုမှာ အဓိကလိမ်းဆေးအဖြစ် သုံးစွဲနေကြပါတယ်။ဒါတွေသာမက ထိုင်းဟင်းမယ်တွေမှာလည်း မိဿလင်အရွက်သုပ် နဲ့ဟင်းတွေထဲမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အရသာရှိစွာသုံးစွဲနေကြပါတယ်။
မြန်မာပြည်မှာလည်း ကျွန်ုပ်တို့ငယ်စဉ်ကတည်းက အဘိုးအဘွားတွေရဲ့ဒဏ်ကြေစေဖို့ အဖျားကျစေဖို့ အကိုက်အခဲတွေပျောက်စေဖို့ လက်တွေ့သုံးစွဲပုံတွေ သိရှိခဲ့ကြရပါတယ်။တိုင်းရင်းဆေးကျမ်းတွေမှာတော့ မိဿ လင်ရဲ့ကောင်းကျိုးတွေကို …ဝမ်းမီးကိုတောက်စေခြင်း အစာကြေစေခြင်း သုက်ကိုခန်းခြောက်စေခြင်း လူကိုပိန်စေခြင်း သွေးကြိတ်လေကြိတ်တို့ကိုကြေစေခြင်းထိခိုက်ဒဏ်ရာနာများ အရိုးကျိုးနာ ရောင်ရမ်းနာ မီးယပ်သွေးချုပ်နာ ဝမ်းဖောဝမ်းရောင် ဝမ်းသက် ဝက်ရှုးနာ ထုံနာကျင်နာ နှင့် လေငန်း,လက်ကပ်ခြေကပ်ရောဂါများမှာ (ကြပ်ထုပ်ထိုးပြီး) လိမ်းပေးခြင်းသောက်ပေးခြင်း တို့ဖြင့် သက်သာပျောက်ကင်းစေ၏…လို့ဖော်ပြထားပါတယ်။
အအေးအကြောင်းခံဖြစ်တဲ့ နာတာရှည်ရောဂါစွဲကပ်ပြီး လေးလံထှိုင်းမှိုင်းတဲ့ရောဂါ မီးယပ်အကြောဆွဲ ချိနဲ့ရောဂါတွေမှာ လိမ်းဆေးရှုဆေးအဖြစ် သုံးပေးရုံနဲ့သက်သာပျောက်ကင်းစေပါတယ်။မိဿလင်ဥ ကို ထုထောင်းအရေညှစ်ပြီး ရေနွေးနဲ့သောက်ပေးရင်လည်း ဝမ်းကိုက်ရောဂါ နဲ့အေးဖွဲ့ပိတ်ပြီးဖြစ်တဲ့ လေထိုးလေအောင့်နာရောဂါများကိုလည်း ပျောက်စေပါတယ်။
မိဿ လင်ဥ အရည်နဲ့ နှမ်းဆီ သို့မဟုတ် မုံညှင်းဆီ တို့ဆတူရောစပ်၍ ဝမ်းဗိုက်တွင် လိမ်းပေးပါက ဝမ်းဗိုက်ရှိအဆီပိုများကို လျော့ကျစေပါတယ်။ အဆီကြိတ်များ သွေးကြိတ်လေကြိတ်များကိုလည်း မိဿလင်ဥအရည်လိမ်းပြီးစည်းပေးခြင်းဖြင့် ပျောက်စေတယ်လို့ ဆိုပါတယ်။
ကြွက်သားများတင်းမာကိုက်ခဲခြင်း လေးဘက်နာ အဆစ်ရောင် ကျီးပေါင်းရောဂါ အားကစားသမားတွေဒဏ်ရာရခြင်း တွေမှာတော့ မိဿလင်ဥ အရည်ကိုဆီနဲ့ရောပြီး
လိမ်းခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။ဒါတွေသာမက မိဿလင်ဥမှုန့် သက်ရင်းကြီးမှုန့် ဂ ျင်းမှုန့်တို့ရောစပ်၍အဝတ်စဖြင့်ထုပ်ပြီး ကြပ်ထုပ်အဖြစ် အသုံးပြုကြပါတယ်။
မိဿ လင်အပင်ကို ထုထောင်းအခွံခွါပြီး အတို့အမြှုပ်လုပ်စားခြင်း ဓားဖြင့်ပါးပါးလှီးပြီး ငရုတ်ကြက်သွန် ဆီဆားပုဇွန်ခြောက် တို့နဲ့လည်းသုတ်စားလေ့ရှိကြပါတယ်။ အချို့လည်းဟင်းခါးချက်သောက်တတ်ပြီးအချို့ကအကြော်မှုန့်နဲ့နယ်ပြီး ကြော်စားတတ်ကြပါတယ်။မိဿ လင် ကိုငါးရံ့သားနဲ့ဟင်းခါးချက်သောက်တာကို အမျိုးသမီးများမီးဖွားပြီးစ သွေးကြေစေရန် ဆီးဝမ်းလေမှန်စေရန် မီးယပ်ဝမ်းကို ကာကွယ်စေရန် အတွက် ဟင်းအဖြစ်ချက်စားကြပါတယ်။ဒါ့အပြင် ဝမ်းဗိုက်ထဲ ထိုးအောင့်ခြင်း ကိုယ်လက်ယားယံခြင်း တို့ကိုပါသက်သာစေ လို့ဆိုပါတယ်။ ငါးရံ့ကင်နဲ့မိဿလင်ကို သုပ်စားပါက ဌက်ဖျားရောဂါ မီးယပ်သွေးထိန်သောရောဂါ ထှိုင်းမှိုင်းတွေဝေသောရောဂါ ချမ်းတလှည့်ပူတလှည့်ဖြစ်သောရောဂါတွေ ပျောက်စေပါတယ်။ကိုယ်လက်ထုံကျင်နာ အမျိုးသမီးသက ျည်းကိုက်သောရောဂါ သွေးပုပ်ကျန်သောရောဂါ မီးယပ်ချမ်းထသောရောဂါ ကိုယ်လက်ခြောက်အာခေါင်ခြောက်ရောဂါ နို့နာနို့ကိုက် ရောဂါတွေမှာ
မိဿ လင်ပင်နဲ့ ငါးကျည်းခြောက်သုပ်စားပါက ပျောက်ကင်းစေပါတယ်။မိဿ လင်ဥနဲ့နနွင်းတက် တို့ဆတူကြိတ် အုံပေးပါက အနာစိမ်းနာ သွေးခြေဥနာ ခြေလက်လေဝင်
နာက ျင်သောရောဂါ အနာဝင်သောရောဂါ အကြောထုံး/ထုံကျင်ခြင်း တို့ကိုပျောက်စေပါတယ်။
မိဿ လင်ဥကို နှမ်းဆီနဲ့ကျောက်ပျဉ်တွင်သွေးပြီး ဝဲခြောက်နာ နှင်းခူနာ ပွေးနာများကိုလိမ်းပါက အထူးသက်သာ ပျောက်ကင်းစေပါတယ်။မိဿ လင်ဥကိုသွေးပြီး

လေငန်းရောဂါနှင့်ပါးစပ်ခံတွင်းခါးခြင်း တွေမှာ လ ျှာပွတ်ပေးပါက အမြန်ဆုံးသက်သာ ပျောက်ကင်းစေပါတယ်။ရှေးက အရိုးက ျိုးအရိုးဆက်ရာမှာ မိဿ လင်ဥနဲ့နှမ်းဆီကြိတ်ပြီး အရိုးဆက်မြန်စေရန် စည်းဆေးအဖြစ် အသုံးပြုကြပါသေးတယ်။ တစ်လအတွင်းအမြန်ဆုံးဆက်စေရန် နှမ်းဆီကိုရွှဲအောင် မကြာခဏဆွတ်ပေးရမှာဖြစ်ပါတယ်။
မိဿ လင်ဟာ ရေလဲအမျိုးမျိုး နဲ့ အကိုက်အခဲရောင်ရမ်းနာ ထိခိုက်ဒဏ်နာ မီးယပ်ရောဂါတွေမှာအသုံးဝင်လှတဲ့ ဆေးစွမ်းကောင်း
တစ်လက်ဖြစ်ပြီး ထိခိုက်ဒဏ်နာအကိုက်အခဲ ပျောက်တဲ့နေရာမှာ ဘုရင်တစ်ပါး လို့ခေါ်ရလောက်အောင် အစွမ်းထက်လို့ မိမိတို့အိမ်မှာဆောင်ထား စိုက်ပျိုးထားသင့်ပါကြောင်း တင်ပြလိုက်ပါတယ်။

ဆရာရဲ(မင်္ဂလာ တိုင်းရင်းဆေး)

Leave a Reply

Your email address will not be published. Required fields are marked *