မာလကာရွက်ရဲ့ အသုံးတည့်ပုံ (၇) မျိုး
——————————————
ဒါတွေ သင်သိပါသလား။ မာလကာသီးက ကောင်းကျိုးတွေပေးသလို မာလကာရွက်ကလည်း အသုံးတည့်တယ်ဆိုတာ ရေးသားဖော်ပြလိုက် ပါတယ်။
မာလကာသီးဟာ ဗီတာမင် A နဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတဲ့ သစ်သီးပါ။ ထို့ပြင် ပိုတက်ဆီယံ၊ လိုက်ကိုပိန်းနဲ့ အမျှင်ဓာတ်တွေ ပါဝင်နေလို့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေနိုင်ပါသေးတယ်။ မာလကာသီးတင် မဟုတ်ပါဘူး။ မာလကာရွက်ကလည်း အသုံးတည့်တယ်ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။
(၁) ဝိတ်ကျဖို့ အထောက်အကူ
———————————-
မာလကာရွက်ကို အခြောက်ခံပြီး လက်ဖက်ခြောက်အစားထိုး သောက်သုံးပေးတဲ့အခါ ကိုယ်တွင်းက လိုအပ်တဲ့ ကာဗိုဟိုက်ဒြိတ်ကို ဖြည့်တင်းပေးနိုင်လို့ ဆာလောင်မှု လျော့ပါးစေမှာပါ။
play
(၂) ဆီးချိုသွေးချို ကာကွယ်ပေး
————————————-
မာလကာရွက်ဟာ သွေးတွင်းအချိုဓာတ်ကို ကျဆင်းစေနိုင်တာကြောင့် အရွက်နုနုလေးတွေကို ဖျော်ရည်သဘောမျိုး သောက်ပေးနိုင်ရင် ဆီးချိုကာကွယ်ရာရောက်ပါတယ်။
(၃) ရှုဆေး
ခေါင်းမူး၊ ခေါင်းကိုက်လာချိန်မှာ မာလကာရွက်ရင့်ရင့်တွေကို လက်နဲ့ခြေပြီး ရှုပေးရင် အမူးအမော် ပြေစေပါလိမ့်မယ်။
play
(၄) သွားနဲ့ခံတွင်း
——————–
သွားကိုက်တာ၊ သွားဖုံးရောင်တာနဲ့ အပူကန်ပြီးလည်ချောင်း၊ ခံတွင်း နာကျင်တာမျိုးတွေအတွက် အရွက်ကို ဝါးစားပေးနိုင်ပါတယ်။
(၅) အမျိုးသားရောဂါ
ဆီးကျိတ်ရောင်တာ၊ ဆီးကျိတ်ကင်ဆာတွေအတွက် မာလကာရွက်ကို သုံးစွဲလို့လည်း ရပါတယ်။
(၆) ယားယံပျောက်စေ
————————–
ပိုးကောင်ကိုက်တာ အပါအဝင် အခြားယားယံမှုတွေကိုလည်း မာလကာရွက်က ကုသနိုင်ပါတယ်။ အရွက်တွေကို ကြိတ်လိုက်ပြီး ယားယံတဲ့နေရာပေါ် အုပ်ထားပေးရင် တကယ်သက်သာမှုကို ခံစားရမှာပါ။
play
(၇) ဆံပင်
————
မာလကာရွက်တွေကို ရေနွေးနဲ့ဆူအောင်ပြုတ်ပြီး အခန်းအပူချိန်မှာပဲ အအေးခံပါ။ ဆံပင်နဲ့ ဦးရေပြားတွေကို ဆွတ်ပေးပြီး နှိပ်နယ်ပေးရင် ဆံပင်ကျွတ်တာ သက်သာစေပါတယ်။
Source : Health Digezt