ကျန်းမာရေးဗဟုသုတ

ပူပြင်းတဲ့ နွေရာသီမှာ အပူရှပ်ခြင်းကို ကာကွယ်ရန် နည်းလမ်းကောင်းများ

ပူပြင်းတဲ့ နွေရာသီမှာ အပူရှပ်ခြင်းကို ကာကွယ်ရန် နည်းလမ်းကောင်းများ

မတ်လ ကုန်ခါနီးပါပြီ။ နွေရာသီကို လုံးလုံးလျားလျားကြီး တိုးဝင်ရတော့ မည့် မြန်မာနိုင်ငံသူနိုင်ငံ သားတွေ အတွက်ကတော့ နွေရာသီ မှာဖြစ်ပေါ်နိုင်တဲ့အပူရှပ်ခြင်းအန္တာ ရယ် သတိပြုစရာတွေကိုဖော်ပြပေးချင်ပါတယ်။

ပထမဆုံးအနေနဲ့ အပူရှပ်ခြင်း ဘာကြောင့်ဖြစ်ရလဲဆိုတာကို အတိုချုပ်ရေးသားချင်ပါတယ်။ ပူပြင်းတဲ့နွေရာသီမှာ နေအပူဒဏ်ဟာ အရေပြားကတစ်ဆင့် ခန္ခာကိုယ် သွေးကြေားထဲကို ရောက်ရှိ သွားပြီး အပူအအေး ဆန့် ကျင်ဘက်ဖြစ်စဉ် ပြင်းထန်းစွာဖြစ်ပေါ်လာတတ်ပါတယ်။

နေပူထဲကနေ အအေးထဲကို ရုတ်တရက်ဝင်လိုက်တဲ့အခါ၊ နေပူထဲကပြန်လာပြီး ရေခဲရေ တန်သောက်လိုက်ခြင်း၊ လေအေးခန်းထဲမှ နေပြီး ရုတ်တရက် နေပူထဲထွက်လိုက်ခြင်း ဥပမာ – air con ပါသောကားထဲမှ ရုတ်တရက် နေပူကြီးထဲဆင်းလိုက်ခြင်း တွေကြောင့် အပူရှပ်ခြင်းဖြစ်ပေါ်လာရပါတယ်။

အပူရှပ်ခြင်း ရဲ့ လက္ခဏာများ

အသားရည်ဖျော့တော့လာခြင်း

မေားပန်းနွမ်းနယ်
မူးဝေခြင်း၊ပျို့အန်ခြင်း
ချွေးအလွန်းမင်းထွက်ခြင်း
ကြွက်တက်ခြင်း စသည်တို့ဖြစ်နိုင်ပြီး အပူရှပ်ခြင်းကြောင့် ချက်ချင်း အသက်ဆုံးရူံးနိုင်ခြင်း ထိဖြစ်စေနိုင်ပါတယ်။
အပူရှပ်ခြင်းကို ဘယ်လိုကာကွယ်ရမလဲ…

တင်းကျပ်သောအဝတ် ဝတ်ဆင်ခြင်းရှောင်ပါ။

နေရောင်ခြည်ကာကွယ်သော အဝတ်အစား ဝတ်ဆင်ပါ။ ချည်ထည်လက်ရှည်များဝတ်ဆင်ပါ။

အသီးနှံများစားသုံးပါ။ ရေဓာတ်ပြည့်ဝအောင်နေပါ။ ချွေးထွက်လွန်ခြင်းမှ ကိုယ်ခန္ခာမှ ဓာတ်ဆား များကုန်ခန်းလွယ်နိုင်ပါသောကြောင့် ရေဓာတ်ပြည့်ဝ အောင် နေထိုင်စားသောက်ရန်လိုအပ်သည်။

ရေဓာတ်အားနည်းသော ကဖိန်းပါသောဖျော်ရည်များ၊ အရက် နှင့် သကြားပါဝင်မူများသော သောက်စရာများကို ရှောင်ပါ။

နေပူထဲမှ ပြန်လာလာခြင်း ရေခဲရည်သောက်ခြင်း၊ ခြေလက်ဆေးခြင်း၊ ရေချိုးခြင်း မပြုပါနှင့်

နေ့ခင်းဘက်ပြင်းထန်သော ကိုယ်လက်လူပ်ရှားမူလုပ်ခြင်းရှောင်ပါ။

လေအေးပေးစက်ပါသော ကားထဲမှ နေပူထဲသို့ တိုက်ရိုက်ဆင်းခြင်းရှောင်ပါ။

စောင့်ဆိုင်းရမည့်အရာများအတွက် နေရိပ်မှစောင့်ပါ။ နေပူထဲသွားသည့်အခါထီး၊ ဦးထုပ် အကာကွယ်ယူပါ။

အပူရှပ်ခြင်း သည် နွေရာသီတွင် အထူးသတိထားရမည့်ဖြစ်သော အရာဖြစ်ပါသည်။မကြာမှီကာလတွင် နွေရာသီကို နဖူးတွေ့ဒူးတွေ့ကြုံရတော့မည့်စာဖတ်သူပရိတ်သတ်များအတွက် အထက်ဖော်ပြပါ အချက်များကို ဗဟုသုတ ဖြစ်ဖွယ်ရေးသားတင်ဆက်ထားခြင်းဖြစ်ပါတယ်။

From MM

Leave a Reply

Your email address will not be published. Required fields are marked *