ကျန်းမာရေးဗဟုသုတ

“ပျိုမေတို့အတွက် သဘာဝ ဆံပင်ပျော့ဆေး တလက်”

“ပျိုမေတို့အတွက် သဘာဝ ဆံပင်ပျော့ဆေး တလက်”

ရေချိုးခေါင်းလျှော်ပြီးချိန်မှာ သင့်ရဲ့ဆံပင်တွေဟာ ရှုပ်ထွေးခြောက်သွေ့လို့ စိတ်ညစ်နေပါသလား။
ဆံပင်ပျော့ဆေး၊ ဆံပင်တွေ မရှုပ်ထွေးအောင်သုံးတဲ့ ဆေးတွေမလိုပဲ သဘာဝနည်းအတိုင်း ရိုးရှင်းစွာနဲ့ သင့်ဆံကေသာကို ပြုြုပင်နိုင်ပါတယ်။

စတိုးဆိုင်တွေကနေ အလွယ်တကူဝယ်ယူသုံးလို့ ရနိုင်တဲ့ ဆေးတွေဟာ ဆံပင်တွေပျော့ဖို့ ဆီလီကွန်ပါဝင်သော ဓါတုဗေဒ ဆေးများထဲ့သွင်းထားတဲ့ အတွက်ကြောင့် ဆံပင်ပျော့သော်လည်း ကြည်ရှည်စွဲသုံးပါက ဆံပင်များကို ပျက်ဆီးစေနိုင်ပါတယ်။

ဒါကြောင့်မို့ မိမိကိုယ်တိုင် အချိန်မရွေး အန္ဆရယ်ကင်းစွာဖြင့် သဘာဝနည်းများဖြင့် ဖေါ်စပ်ထားသော ဆံပင်ပျော့ဆေးကို အောက်ဖေါ်ပြပါ ပစ္စည်းများဖြင့် ပြုလုပ်သုံးစွဲပါ။ဆံပင်များ ပျက်ဆီးခြင်း၊ ခြောက်သွေ့ခြင်းကို ပြင်ဆင်ပေးခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။

(၁) အုန်းဆီ
(၂) ပေါင်းခံရည်
(၃) ရေမှုန်ဖြန်းနိုင်သည့်ဗူး (Spray Bottle)
(၄) သင်နှစ်သက်သည့် ရနံ့ပါသည့် အဆီ
(၅) ဗိုက်တာမင်အီး သို့မဟုတ် ရှားဇောင်းလက်ပတ်ဆီ (မထဲ့ပဲသုံးနိုင်သည်)

ပြုလုပ်နည်းလေးကတော့
ရေမှုန်လေးများ ဖြာထွက်နိုင်တဲ့ ရေဗူးကိုယူပြီး ပေါင်းခံရေကိုဖြည့်ပါ။
အုန်းဆီ စားပွဲတင်ဇွန်း ၂ဇွန်းကိုပါထဲ့ပါ၊
သင်နှစ်သက်တဲ့ ရနံ့ပါသော အဆီကို ၃ ၄ စက်လောက်ထဲ့ပြီး
အဆင်ပြေလျှင် ဗိုက်တာမင်အီး သို့မဟုတ် ရှားဇောင်းလက်ပတ် အဆီ/ဂျယ်လီကို ဗူးအတွင်းသို့ထဲ့ကာ အဖုံးဖုံးလိုက်ပါ။

ဗူးအထဲတွင် ထဲ့ထားသော ပါဝင်ပစ္စည်းများ သေချာစွာ သမသည်အထိ ဗူးကိုသေချာ လှုပ်ပေးပါ။
အားလုံးသမသွားရင်တော့ အိမ်တွင်းဖြစ် ဆံပင်ပျော့ဆေးဟာ အသုံးပြုရန် အဆင်သင့်ဖြစ်နေပါပြီ။ တန်ဖိုးကြီးပေးဝယ်ရပြီး သင့်ဆံကေသာကို ပျက်ဆီးစေမဲ့ ပျော့ဆေးတွေကို သုံးစွဲစရာမလိုတော့ပါဖူး။
သင့်ရဲ့စိုစွတ်နေတဲ့ ဆံကေသာပေါ်မှာ သဘာဝနည်းအတိုင်း ပြုလုပ်ထားသော ဆံပင်ပျော့ဆေးကို ဖြန်းပက်ရင်း ဘီးအကြဲကိုအသုံးပြုကာ အလှဆင်နိုင်ပါပြီ။

ဝင်းလှိုင်ဦး

Leave a Reply

Your email address will not be published. Required fields are marked *