ကျန်းမာရေးဗဟုသုတ

ရွှေဖရုံသီး စားဖွယ်

*** ရွှေဖရုံသီး စားဖွယ် ***

ရွှေဖရုံသီး၏အရောင်မှာ၊ ရွှေရောင်လိုဝင်းဝါနေပြီး၊ အရသာမှာ အတန် ငယ်ချိုပါတယ်။ ရွှေဖရုံသီး၏အသားသည် မချက်ပြုတ်မီ အလွန်
မာကျောသော်လဲဘဲ၊ အပူပေးချက်ပြုတ်ပြီးနောက်မှာတေ့ာ အင်မတန်နူးညံ့ လှပါတယ်။
အသီးသာမက၊ ရွှေဖရုံပင်၏ အရွက်၊ အပွင့်နှင့် ရွှေဖရုံသီးအစေ့တို့ကိုလဲ
စားသုံးနိုင်ပါတယ်။ ရွှေဖရုံသီးကို သူ့ချည်းဘဲ သက်သက်လွတ် ချက်စားနိုင် သလို၊ မိမိနှစ်သက်ရာ ပုစွန် (သို့) အသားတစ်မျိုးမျိုးဖြင့် နှပ်စားနိုင် ပါတယ်။ ထို့ပြင် ရွှေဖရုံသီးပေါင်း၊ ရွှေဖရုံသီးစွပ်ပြုတ်နှင့် ရွှေဖရုံသီး ဆန် ပြုတ် အဖြစ်စားသုံးလေ့ရှိကြပါတယ်။
အရွက်၊ အညွန့်နှင့်အပွင့်တို့ကို ကြော်၍သော်လည်းကောင်း၊ ဟင်းချို ၊
စွပ်ပြုတ်၊ (သို့) အသုပ်သုပ်၍သော်လည်းကောင်း၊ ရေနွေးဖျော၍ ငပိရည်အတို့အမြုံ့အဖြစ်သော်လည်းကောင်း စားသုံးနိုင်ပါတယ်။ ရွှေဖရုံစေ့ကို လှော်၍ သွားရည်စာအဖြစ် စားသုံးလေ့ရှိကြပြီး၊ ဆားအနဲ ငယ်ထဲ့လှော်စားပါက၊ အရသာပိုကောင်းပါတယ်။ နူးညံ့ချိုဆိမ့်သော ရွှေဖရုံသီး နှင့် ၎င်း၏အစေ့တို့ကို pie ကိတ်၊ pan ကိတ်၊ moon ကိတ်၊ custard (ခေါ်) အဆာသွပ်မုန့်၊ စသည့်ဖြင့် နှစ်သက် သလို မုန့်အချို အမျိုးမျိုး လုပ်စားနိုင်သလို၊ ရွှေဖရုံသီးဖျော်ရည်သည်လည်း ထူးခြားသော အနံ့အရသာတို့ဖြင့် စွဲမက်စရာ ကောင်းလှပါတယ်။

သတိပြုရန်။
(က) ရွှေဖရုံစေ့ ဟာ ကျန်းမာရေးကိုကောင်းကျိုးပြု တာမှန်သော်လဲ၊ တစ်ကြိမ်တည်းတွင် လက်တစ်ဆုပ် စာပမာဏ ထက် ပိုမိုစားမိပါက၊ ဗိုက်အောင့်စေပြီး၊ အခန့်မသင့်ရင် ဝမ်းသွားတတ်ပါတယ်။
(ခ) ရွှေဖရုံသီးကို ကြိုက်တိုင်းလည်း အလွန်အကျွံ မစားသင့်ပါဘူး။ သွေးတိုးစေပါတယ်။

စေတနာများစွာဖြင့်…

Leave a Reply

Your email address will not be published. Required fields are marked *