ငရုတ်သီးအနှစ်ကိုဘယ်လိုသုံးလဲလို့မေးထားတဲ့သူငယ်ချင်းများ
အတွတ်ပါရှင်။
အရင်ကတော့အပုတောင့်တွေဝယ်ထား။
ထောင်းခါနီးမှရေစိမ်ပြီးထောင်းပါတယ်
အခုတော့ထားရင်းကနေမှိုတက်မှာကြောက်ပြီးဝယ်ပြီးတာနဲ့မှိုပါမပါ
စစ်၊ရေဆေး၊အခြောက်လှန်းပြီးတခါတည်းကြိတ်ထားပါတယ်
ငရုတ်သီးအသစ်ပေါ်ချိန်တနှစ်စာဝယ်ပြီးအခြောက်ကြိတ်၊
ရလာတဲ့အစိမ်းမှုန့်ကိုအဝကျယ်တဲ့ဗူးထဲထည့်ပြီးအပေါ်ကဆီမြှုပ်အောင်လောင်းထားပါတယ်.
တနှစ်ပတ်လုံးထားပြီးသုံးလို့ရပါတယ်
မိုးတွင်းဆိုငရုတ်သီးအပွတောင့်လုံးဝဝယ်မသုံးရအောင်အသစ်ပေါ်
ချိန်သင်္ကြန်မတိုင်ခင်ဝယ်တာပါ
မိုးတွင်းဆိုမှိုအရမ်းတက်လို့ပါ
နောက်တနည်းကအခုပြထားတဲ့ပုံလေးထဲကနည်းပါ
ငရုတ်သီးအပုတောင့်ကိုရေဆေးပြီးပြုတ်ပါတယ်။
အေးသွားတော့စက်နဲ့ဆားထည့်ပြီးအစိုကြိတ်ပါတယ်
ရလာတဲ့ငရုတ်သီးအနှစ်ကိုဆီဝအောင်စိမ်ထားပြီးရေခဲသေတ္တာထဲ
သိမ်းပါတယ်
သူကတော့၁လစာလောက်ပဲကောင်းပါတယ်
နှစ်ပေါက်အောင်တော့သိမ်းလို့မရပါဘူး
အခုပန်းခရေအရမ်းကြိုက်နေတဲ့ငရုတ်သီးအခြောက်တောင့်ရှိတယ်
အတောင့်ရှည်ရှည်ကြီးကြီးတွေပါ
ကိုရီးယားမျိုးလို့ပြောတာပဲ
အရောင်အရမ်းလှတယ်
မှိုလဲကင်းတယ်
အရောင်အရမ်းတက်လို့နည်းနည်းပဲသုံးရတယ်
အခုတော့ပြစရာမရှိတော့လို့နောက်တခါဝယ်ရင်ပြမယ်နော်
Credit to Pan Kankayae