သီတင်းတစ်ပတ်တွင် အရက်သုံးလေးကြိမ် သောက်ပေးခြင်းဖြင့် ဆီးချိုရောဂါအန္တရာယ်လျှော့ချနိုင်
==================
==================
သီတင်းတစ်ပတ်အတွင်း အရက်သုံးကြိမ်အထိ သောက်သုံးသူများ သည် အရက်လုံးဝမသောက်သူများထက် အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်နည်းပါးကြောင်း ဒိန်းမတ်သုတေသီများကပြောသည်။
အထူးသဖြင့် ဝိုင်သည် ကျန်းမာရေးအကျိုးကျေးဇူးများပြီး သွေးထဲရှိ သကြားဓာတ်ကို ထိန်းညှိရန် အထောက်အကူပြုပေး ကြောင်း Diabetologia ဂျာနယ်၌ ဖော်ပြသော လေ့လာမှုက ဆို သည်။
သို့သော် ယခုလေ့လာမှုအရ သတ်မှတ်ထားသော အရက်ပမာဏထက် ပိုသောက်သုံးနိုင်သည်ဟု မိမိတို့ပြောလိုခြင်း မဟုတ် ကြောင်း သုတေသီများကပြောသည်။
ဒိန်းမတ်တောင်ပိုင်းတက္ကသိုလ် ကျန်းမာရေးဌာနမှ ပါမောက္ခ ဂျန်နီတိုလ်စထရပ် ဦးဆောင်သော သုတေသီများက အရက်သောက် သုံးသော အကြိမ်ရေသည် အရက်သောက်သုံးမှု ပမာဏကြောင့် အကျိုးသက်ရောက်မှုရှိလာနိုင်သည်ဟု ပြောသည်။
အရက်ကိုအတန်အသင့် သီတင်းတစ်ပတ်လျှင် သုံးလေးကြိမ် သောက်သုံးသော အမျိုးသမီးများသည် ဆီးချိုရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ် ၃၂ ရာခိုင်နှုန်း နည်းပါးပြီး အမျိုးသားများ ၂၇ ရာ ခိုင်နှုန်း ပိုနည်းပါးကြောင်း သုတေသီများက လေ့လာတွေ့ရှိသည်။
သို့သော် အရက်အမျိုးအစား အားလုံးသည် တူညီသော အ ကျိုးသက်ရောက်မှုမရှိကြောင်း သုတေသီများကပြောသည်။
အနီရောင်ဝိုင်သည် သွေးထဲရှိ သကြားဓာတ်ကို ထိန်းချုပ်ရန်အထောက်အကူပြုကြောင်း သုတေသီများကပြောသည်။ ဘီယာကို သီတင်းတစ်ပတ်တွင် တစ်ဘူးမှခြောက်ဘူးအထိ သောက်သုံးခြင်း ကြောင့် ဆီးချိုဖြစ်ပွားနိုင်သည့်အန္တရာယ်ကို ၂၁ ရာခိုင်နှုန်း လျှော့ချနိုင်သည်။ သို့သော် အမျိုးသမီးများအတွက် ဘီယာသောက်ခြင်း က အန္တရာယ်လျော့ကျစေနိုင်ကြောင်း မရှိဟု သုတေသီများကပြောသည်။
အခြားသောလေ့လာမှုများကဲ့သို့ မဟုတ်ဘဲ အရက်အလွန်အ ကျွံသောက်ခြင်းကြောင့် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြင်း မရှိဟု သုတေ သီများကပြောသည်။
အမျိုးသားများနှင့် အမျိုးသမီးများသည် သီတင်းတစ်ပတ်တွင် အရက် ၁၄ ပက်ထက် ပိုမသောက်သင့်ဘဲ အသင့်အတင့်သောက်ပါ က နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်သည့် အန္တရာယ်လည်း လျော့ပါးစေနိုင်သည်ဟု သုတေသီများကပြောသည်။
—Ref: BBC
===========