ကျန်းမာရေးဗဟုသုတ

ခါးနာမှုကို ဖြစ်စေတဲ့ အလေ့အကျင့်ဆိုး (၅) ခု

ခါးနာမှုကို ဖြစ်စေတဲ့ အလေ့အကျင့်ဆိုး (၅) ခု

===================
===================

၁ – မွေ့ရာပျော့
မွေ့ရာပျော့ပျော့မှာ အိပ်ရတာ ပထမတော့ ဇိမ်ရှိပါတယ်။ ဒါပေမဲ့ သင့်ကျောရိုးကို ထောက်ပေးမထားနိုင်တာကြောင့် ကြာရင် ခါးနာလာပါမယ်။ ဒီ့အတွက် မာတဲ့ မွေ့ရာမျိုးကိုရွေးရမှာလည်း မဟုတ်ပါဘူး။ မမာမပျော့ဘဲ သင့်လျော်တဲ့ မွေ့ရာမျိုး ရွေးသင့်ပါတယ်။

၂ – ကားအကြာကြီးမောင်းတာ
ကားအကြာကြီးမောင်းတာဟာ ခါးကို ဖိအား အကြာကြီး ပေးထားသလို ဖြစ်ပါတယ်။ အကြာကြီးမောင်းရတော့မယ်ဆို ခါးကို ၉၀ ဒီဂရီ အနေအထားနဲ့ မတ်မတ်ထိုင်ထားဖို့ အရေးကြီးပါတယ်။

၃ – ဒေါက်ဖိနပ်

ဒေါက်ဖိနပ်အကြာကြီး စီးတာကလည်း သင့်ကျောရိုးကို ထိခိုက်ပါတယ်။ ကြာကြာလျှောက်ရမယ့် ကိစ္စတွေမှာ ဒေါက်ဖိနပ်စီးသွားတာမျိုး ရှောင်သင့်ပါတယ်။

၄ – ကြာကြာထိုင်ခြင်း
ကြာကြာထိုင်နေတာဟာ မတ်တပ်ရပ်နေတာထက် ခါးပေါ်ဖိအား ၄၀ ရာခိုင်နှုန်းလောက် ပိစေပါတယ်။ မာတဲ့ခုံမျိုးမှာ ထိုင်သင့်ပါတယ်။ ထိုင်နေတုန်းလည်း မကြာခဏထပေးသင့်ပါတယ်။

၅ – လေးလွန်းတဲ့ ပစ္စည်း

ခါးနာအဖြစ်များဆုံး အကြောင်းအရင်းတစ်ခုဟာ လေးလွန်းတဲ့ ပစ္စည်းတွေကို မတာ ဖြစ်ပါတယ်။ ပစ္စည်းတစ်ခုကို မတဲ့အခါ ကုန်းပြီးယူတာမျိုး မလုပ်ဘဲ ဆောင့်ကြောင့်ထိုင် ဒူးကွေးပြီး ယူဖို့ လိုပါတယ်။

Photos & Source: Zee News

============

Duwun

Leave a Reply

Your email address will not be published. Required fields are marked *