ကျန်းမာရေးဗဟုသုတ

လူကြိုက်များလာသော ငှက်ပျောသီးဝိတ်ချနည်း

လူကြိုက်များလာသော ငှက်ပျောသီးဝိတ်ချနည်း

အခုဆိုရင် ငှက်ပျောသီးဖြင့် ဝိတ်ချနည်းဟာ ကမ္ဘာမှာ
လူကြိုက်များလာသည့် ဝိတ်ချနည်းတစ်နည်း ဖြစ်လာပါပြီ။

ဒီနည်းကို စတင်တွေ့ရှိခဲ့သူကတော့ ဂျပန်နိုင်ငံမှ Hitoshi Watanabe ဆိုသူ ဖြစ်ပါတယ်။ သူ့ရဲ့ ငှက်ပျောသီးဖြင့် ဝိတ်ချနည်းစာအုပ်ဟာ ဂျပန်နိုင်ငံမှာသာမက ကမ္ဘာအရပ်ရပ်မှာလည်း ဘာသာပြန်ပြီး ရောင်းအားကောင်းနေသည့်အပြင် ရုပ်သံများမှလည်း တွေ့ဆုံမေးမြန်းခန်းတွေပြုလုပ်ပြီး တင်ဆက်ပေးနေပါပြီ။

ဒီဝိတ်ချနည်းကို အရှေ့တိုင်း၊ အနောက်တိုင်းမှ လူအများအပြားက လက်တွေ့စမ်းသပ်ပြီး တကယ်ထိရောက်မှု ရှိလာသည့်အတွက် ကိုရီးယားမင်းသမီးများဟာလည်း ဒီနည်းကို
အသုံးပြုနေကြပြီလို့ ဆိုပါတယ်။

ငှက်ပျောသီးဖြင့် ဝိတ်ချနည်း

၁။ နံနက်စာကို ငှက်ပျောသီး (၂) လုံးသာ စားပြီး ရေ (၂) ဖန်ခွက် သောက်ပါ။

၂။ နေ့လည်စာကို ပုံမှန်အတိုင်း ထမင်း၊ ဟင်းတို့ကို စားနိုင်ပါတယ်။ အဆီအဆိမ့်များတဲ့ အစာများကိုတော့ ရှောင်ပါ။

၃။ ညစာကိုတော့ ထမင်းဟင်းမစားပဲ သစ်သီးများနဲ့ ဟင်းသီးဟင်းရွတ်အချို့ကိုသာ စားပါ။ ည ၈ နောက်ပိုင်းကိုတော့ ဘာမှမစားပါနဲ့။

ဒီဝိတ်ချနည်းဟာ ရိုးရှင်းလွယ်ကူပြီး ပင်ပင်ပန်းပန်း အားကစားလည်း မလုပ်ရပဲ ငှက်ပျောသီးမှာပါဝင်တဲ့ အင်ဇိုင်းဓါတ်တစ်မျိုးဟာ အဆီများကို စုပ်ယူပြီး အစာချေဖျက်မှုကို ပိုမိုကောင်းစေကာ အာဟာရပြည့်ဝသည့်အတွက် ထမင်းဆာသည့် အဆာကိုလည်း ထိန်းပေးတယ်လို့ ဆိုပါတယ်။

ငှက်ပျောသီးကိုတော့ ဘာငှက်ပျောသီးမဆို အဆင်ပြေပါတယ်။ ဖီးကြမ်းကတော့ မြန်မာပြည်မှာသာ ပေါများပြီး အခြားနိုင်ငံများမှာတော့ ရှားပါးတဲ့အတွက် သီးမွေးကို အများဆုံး အသုံးပြုကြပါတယ်။

Credit :စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား – Banana for weight loss

Leave a Reply

Your email address will not be published. Required fields are marked *