ကျန်းမာရေးဗဟုသုတ

မြေပဲနှင့် မြေပဲဆီ စားသုံးခြင်း၏ အကျိုးများ

မြေပဲနှင့် မြေပဲဆီ စားသုံးခြင်း၏ အကျိုးများ
?????????????

မြန်မာနိုင်ငံတွင် နှမ်းနှင့် မြေပဲတို့ကို ဆီအဖြစ် အဓိကထား၍ စားသုံးကြသည်။ နှမ်းကို ဆီအဖြစ်လည်းကောင်း၊ လှော်ထောင်း၍ အမှုန့်ပြုကာ အသုတ်များသုတ်ရာတွင်လည်းကောင်း၊ မုန့်များနှင့် ရောနှော၍ လည်းကောင်း စားသုံး ကြသည်။ မြေပဲကိုမူ ဆီအဖြစ် လည်းကောင်း၊ မြေပဲ ဆန်အတိုင်း မြေပဲဆားလှော်အဖြစ်လည်းကောင်း၊မြေပဲယို၊ မြေပဲလိပ် စသည်ဖြင့် မုန့်များအဖြစ်လည်းကောင်း၊ မြေပဲမှုန့်ကို မုန့်များဖြင့်ရော၍ လည်းကောင်း နည်းအမျိုးမျိုးဖြင့် စားကြသည်။ မြေပဲသည် အာဟာရဖြစ် သည်ဟု မြန်မာလူမျိုးတို့ယုံကြည်စွာ စားသုံးလျက်ရှိသည်။

မြေပဲတွင် မပြည့်ဝဆီ(မိုနိုအဆီ) ပါဝင်၍ သွေးအဆီ ဓာတ်ကို ကောင်း မွန်စေသည်။ မြေပဲ တစ်အောင်စတွင် အဆီ ၁၃ ဂရမ်ခန့်နှင့် ကယ်လိုရီ ၁၈၀ ခန့် ပါဝင်သည်။ ကျန်းမာရေးလေ့လာချက်များ အရ မြေပဲသည် နှလုံးရောဂါနှင့်
သွေးကြောမာကျစ်သော ရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။ မြေပဲစားခြင်းဖြင့် နှလုံးသန်စွမ်း၍ ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေနိုင်သည်။

မြေပဲသည် ဗီတာမင်ဘီဓာတ် ကြွယ်ဝသည်။ သံဓာတ်လည်းပါဝင်၍ အစာကြေစေခြင်း၊ ခံတွင်း ကောင်းခြင်း၊ အရေပြားပေါ်ရှိ ဖြူနီကွက် များကိုပျောက်စေခြင်း၊ ထုံကျင်နာများ ပျောက်စေခြင်း၊သွေး အားကောင်းစေခြင်း၊ သွေးလည် ပတ်မှု ကောင်းစေခြင်း၊ နှလုံး အားကောင်းစေခြင်းစသော အကျိုးများရရှိနိုင်သည်။ ဆံကေသာတွင်လိမ်းပါက ဦးရေကို အေးစေကာ ဆံပင်များကိုနက်မှောင်သန်စွမ်းစေသည်။ မျက်လုံးအရောင်တောက်ပစေသည်။

မြန်မာနိုင်ငံအလယ်ပိုင်းတွင် နှမ်းဆီကို အသုံးများသော်လည်း မြန်မာနိုင်ငံ အထက်ပိုင်းနှင့်အောက်ပိုင်းဒေသများတွင် မြေပဲဆီကို အသုံးများ သည်။မြေပဲဆီသည် ကြော်လှော်ရာတွင် အမြှုပ်မထွက်ဘဲ အကြော် ခံသောကြောင့် မြေပဲဆီကို အသုံးများကြ သည်။ မြေ ပဲကြော်၊ မြေပဲလှော် များသည် စားထားလျှင် ထမင်းကဲ့သို့ အဆာခံနိုင်ပြီး အာဟာရ လည်း ပြည့်၀ သည်။

မြေပဲနှင့် မြေပဲဆီများကို စားသုံးခြင်းဖြင့် ထုံနာ၊ ကျင်နာ၊ ဒူးနာ၊ ခါးနာ၊
နှလုံးရောဂါ၊ သွေးအားနည်းရောဂါ၊ သွေးကြောအဆီပိတ် ရောဂါများကို ကာကွယ်နိုင်သလို အသားအရေ ကြမ်းတမ်းသူများ၊ အသားခြောက်သွေ့သူများ အတွက်လည်း သင့်တော်သဖြင့် မြေပဲနှင့် မြေပဲဆီ သန့်သန့်များကို အစာလည်းဆေး ဆေးလည်းအစာအဖြစ် သင့်တင့် မျှတစွာ စားသုံးသင့်ပါသည်။
#Copy

Leave a Reply

Your email address will not be published. Required fields are marked *