အနက်ရောင်ချောကလက် စားခြင်းကြောင့် ဦးနှောက် ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ် အားကောင်းနိုင်
==================
==================
အနက်ရောင်ချောကလက် သင့်တင့်ရုံ ပုံမှန်စားသုံးခြင်းကြောင့် ဦးနှောက်ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ် အားကောင်းစေနိုင် ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
အနက်ရောင်ချောကလက်ကို သင့်ရုံပုံမှန်စားခြင်းကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများရှိကြောင်း လေ့လာမှုများက ဖော် ပြသည်။ အနက်ရောင်ချောကလက်စားခြင်းကြောင့် နှလုံးခုန်နှုန်း မူမမှန်ခြင်း၊ ဆီးချိုနှင့် နှလုံးရောဂါတို့ ဖြစ်ပွားနိုင်သည့် အန္တရာယ် များကို လျော့ပါးစေသည်။
အနက်ရောင်ချောကလက်တွင် ဆဲလ်များ ထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်ရောင်ရမ်းမှုကို လျော့ပါးစေသော ဓာတ် တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သောကြောင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများရှိသည်။
ကိုကိုးစေ့မှ ထုတ်လုပ်ထားသည့် အနက်ရောင်ချောကလက် တွင် အမျှင်ဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ ပိုတက်ဆီ ယမ်၊ မီးစုန်းဓာတ်၊ သွပ်ဓာတ်တို့ ပါဝင်သည်။ သို့သော် ယင်းကဲ့သို့ အာဟာရဓာတ်များ ပါဝင်သည့် အနက်ရောင်ချောကလက်တွင် သကြားဓာတ်နှင့် ကယ်လိုရီများလည်း ပါဝင်သဖြင့် အသင့်အတင့် သာ စားသုံးသင့်သည်။
အနက်ရောင်ချောကလက်ကို ပမာဏအနည်းငယ်စီ ပုံမှန်စား ခြင်းဖြင့် သွေးလည်ပတ်စီးဆင်းမှုကို အားကောင်းစေနိုင်ပြီး သွေးတိုးကျစေရန် အထောက်အကူပြုသည်။
အနက်ရောင်ချောကလက် စားခြင်းကြောင့် သွေးထဲရှိ ကျန်း မာရေးနှင့်မညီသော ကိုလက်စထရောပမာဏကို လျော့ပါးစေနိုင် ပြီး ကျန်းမာရေးနှင့်ညီသော ကိုလက်စထရောပမာဏကို တိုးပွားစေ သည်။ ထို့အပြင် နှလုံးနှင့် ဆီးချိုရောဂါကဲ့သို့ ရောဂါများဖြစ်စေ နိုင်သည့် အန္တရာယ်ဖြစ်သော အင်ဆူလင်ကို ခန္ဓာကိုယ်က ကောင်းစွာအသုံးမချနိုင်သည့် အခြေအနေကို ကာကွယ်ရန် အထောက်အ ကူပြုသည်။
ယင်းကြောင့် အနက်ရောင်ချောကလက် စားခြင်းဖြင့် နှလုံး သွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်သည့် အန္တရာယ်ကို လျော့ ပါးစေသည်။ ထို့အပြင် အနက်ရောင် ချောကလက်များက အသား အရေကို အန္တရာယ်ရှိသော နေရောင်ခြည်ဒဏ်က ကာကွယ်ရန် အ ထောက်အကူပြုသည်။
အနက်ရောင်ချောကလက် စားခြင်းကြောင့် ဦးနှောက်သို့ သွေး လည်ပတ်စီးဆင်းမှု အားကောင်းစေနိုင်ခြင်းကြောင့် ဦးနှောက်ကျန်း မာရေးကို အထောက်အကူပြုသည်။
ယင်းသည် အနက်ရောင်ချောကလက်များတွင် ပါဝင်သော ကိုကိုးစေ့၏ အာနိသင်များကြောင့် ဖြစ်သော်လည်း အလွန်အကျွံ မစားသင့်ပေ။
အရသာလည်းကောင်းမွန်သည့် အနက်ရောင်ချောကလက် ၏ ကျန်းမာရေးအကျိုးကျေးဇူးများကို လေ့လာမှုများစွာက ဖော်ပြ ထားသည်။
—Ref: MNT
===========