ကျန်းမာရေးဗဟုသုတ

ချောင်းဆိုး၊ ရင်ကျပ်တာတွေ သက်သာပျောက်ကင်းစေမယ့် ငှက်ပျောသီးနဲ့ ပျားရည်

ချောင်းဆိုး၊ ရင်ကျပ်တာတွေ သက်သာပျောက်ကင်းစေမယ့် ငှက်ပျောသီးနဲ့ ပျားရည် မင်္ဂလာပါနော်။ ချောင်းဆိုး ရင်ကျပ်တာတွေအတွက် အကောင်းဆုံး အိမ်တွင်းဆေးနည်းတစ်ခုကို မျှဝေပေးချင်ပါတယ်။ လည်ချောင်းကို ချောမွေ့စေပြီး အဆုပ်ကိုလည်း သန့်ရှင်းစေသလို ချောင်းဆိုး ရင်ကျပ်တာတွေကို သက်သာပျောက်ကင်းစေမယ့် အိမ်တွင်းဆေးနည်းလေးပါ။ ပျားရည်နဲ့ ငှက်ပျောသီးကိုတွဲပြီးသုံးပေးရမှာပါ။ ကလေးတွေအတွက်ကော အရွယ်ရောက်ပြီးသားသူတွေလည်း သောက်လို့အဆင်ပြေပါတယ်။ လည်ချောင်းနာတာ ဆိုးဆိုးရွားရွားချောင်းဆိုးတာ၊ အစာအိမ်ပြဿနာတွေအတွက်လည်း သက်သာပျောက်ကင်းစေပါတယ်။ ပါဝင်ပစ္စည်း ငှက်ပျောသီးမှည့် အနေတော် ၂ လုံး (အခွံမှာ အစက်အပျောက်ပါတာသုံးပါ) ပျားရည် (သို့) သကြား စားပွဲတင်ဇွန်း ၂ ဇွန်း (ပျားရည်ထည့်မယ်ဆိုရင် အေးသွားမှထည့်ပါ။ အပူချိန်မြင့်နေရင် ပျားရည်ရဲ့ အာနိသင်ပျက်ပျယ်သွားနိုင်လို့ပါ။) ရေနွေးဆူဆူ ၄၀၀ မီလီလီတာ ပြင်ဆင်ခြင်း ငှက်ပျောသီးကိုအခွံနွှာပါ။ ပြီးရင် ခရင်း (သို့) ဇွန်းကိုသုံးပြီး […]

ကျန်းမာရေးဗဟုသုတ

ဆီးချို၊ သွေးတိုး ဝေဒနာရှင်များအတွက် ဇီးဖြူသီး ကပေးသော ကျန်းမာရေးရဲ့ အာနိသင်

ဆီးချို၊ သွေးတိုး ဝေဒနာရှင်များအတွက် ဇီးဖြူသီး ကပေးသော ကျန်းမာရေးရဲ့ အာနိသင် ဆီးဖြူသီးကို gooseberry လို့ အင်္ဂလိပ်လို့ ခေါ်ပြီး ဆီးဖြူသီး အမျိုးပေါင်းများစွာ ရှိပါတယ်။ ပုံမှန်တွေ့နေကြ ဝယ်ယူစားသုံးနေကြ ဆီးဖြူသီးက Alma လို့ခေါ်တဲ့ Indian Go oseberry အမျိုးအစား ဖြစ်ပါတယ်။ ဆီးဖြူပင်ကို သိပ္ပံအမည်အရ Ribes UVA-Crispa လို့ ခေါ်ပါတယ်။ ဆီးဖြူသီးပင်ရဲ့ အသီး၊ အခေါက်၊ အပွင့်၊ အမြစ် အားလုံး သူ့နေရာနှင့်သူ ဆေးဘက်ဝင်ပါတယ်။ ဆီးဖြူသီးဟာ ဗိုက်တာမင် C အလွန်ကြွယ်ဝတဲ့ သဘာဝ အသီးအနှံ ဖြစ်ပါတယ်။ အသဲနဲ့ဆိုင်သော ရောဂါဝေဒနာသည်တို့ အဓိက အားထားရာ သဘာဝ ဆေးစွမ်းထက်တဲ့ အသီး ဖြစ်ပါတယ်။ ဆီးဖြူသီးဟာ […]

ကျန်းမာရေးဗဟုသုတ

အာယုဒီဃ ဆန်ပြုတ်

အာယုဒီဃ ဆန်ပြုတ် . ဆိုစမှတ်ပြုကြတယ် ဆန်ပြုတ်ပြုတ်တဲ့နေရာမှာ တရုတ်တွေဟာ ဆရာတစ်ပါးပါပဲ။ တရုတ်လူမျိုးတွေဟာ ဆန်ပြုတ်ကို ဆန်ချည်းပဲ သပ်သပ်ပြုတ်တာမျိုးမဟုတ်ပဲ ဆေးနည်းအတိုင်း အချိုးအစားကျကျ ထည့်ပြီး ပြုတ်လေ့ရှိကြပါတယ်။ ဆန်ပြုတ် ပြုတ်တဲ့နေရာမှာလည်း ပျစ်ပျစ်ပြုတ်နည်း မပြစ်မကျဲပြုတ်နည်းနဲ့ ကျဲကျဲပြုတ်နည်းဆိုပြီး ပြုတ်လေ့ရှိကြပါတယ်။အဓိကတော့ ရေနဲ့ဆန်ရဲ့အချိုးပါပဲ ပျစ်ပျစ်ပြုတ်ချင်ရင် ရေကို ဆန်ရဲ့၅ဆ မပျစ်မကျဲပြုတ်ရင် ရေကိုဆန်ရဲ့၇ဆ ကျဲကျဲပြုတ်ရင် ရေကိုဆန်ရဲ့၁၀ဆ ဆိုပြီး ထည့်လေ့ရှိကြပါတယ်။ မီးထိုးတဲ့နေရာမှာလည်း ပညာသားပါပါတယ် ရေတည်ကာစမှာ မီးအနေတော်နဲ့ ရေဆူစေပြီး မီးအေးအေးနဲ့ ဆန်ပြုတ်ကျိုပါတယ် ။(မီးပြင်းလွန်းရင် ဆန်ပြုတ်အရသာမကောင်းဘူးဗျ) . ကဲကဲ လိုရင်း အာယုဒီဃဆန်ပြုတ်အကြောင်း သွားကြစို့။ . ပါဝင်ပစ္စည်းကတော့ ကြွက်နားရွက်မှိုဖြူ (ကျောက်ပွင့်)..တစ်ပွင့် .တစ်ဦးစာ ဆန် .. နို့ဆီဗူး ငါးပုံ နှစ်ပုံ […]

ကျန်းမာရေးဗဟုသုတ

အသားဓာတ်ဟု သိထားသော ပရိုတင်းတန်ဖိုး အကြောင်းသိကောင်းစရာ

Protein ဟူသော ဝေါဟာရကို အသားဓာတ်ဟု ခပ်လွယ်လွယ် ရေးသားပြန်ဆိုလေ့ရှိကြသဖြင့် ပရိုတင်းကို အသားများမှသာ ရရှိနိုင်သည် ဟု မမှတ်ယူသင့်ပေ။ အမှန်စင်စစ် ပရိုတင်းကို အသီးအနှံများမှလည်း ရရှိနိုင်ကြောင်း သိထားသင့်ပေသည်။ ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကို ကာဘိုဟိုက်ဒရိတ် (Carbohydrate)၊ အဆီ(Fat)၊ ပရိုတင်း (Protein)တို့မှ ရယူကြသည်ဖြစ်ရာ ပရိုတင်းသည် အဓိကအာဟာရ တစ်မျိုးဖြစ်ပေသည်။ ပရိုတင်းကို အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းများနှင့် အသီးအနှံအမျိုးမျိုးမှ ရရှိနိုင်သည်။ ဓာတုဗေဒ သဘောအရ ပရိုတင်း၏ အခြေခံပစ္စည်းမှာ အမိုင်နိုအက်စစ် (Amino Acids)များဖြစ်ကြသည်။ လူတွင် အမိုင်နိုအက်စစ် အမျိုးပေါင်း ၂၀ ခန့် ရှိသည်။ အမိုင်နိုအက်စစ်များကို အကြမ်းအားဖြင့် နှစ်မျိုးခွဲထားပေသည်။ ၁။ Essential Amino […]

ကျန်းမာရေးဗဟုသုတ

ငရုတ်သီးစားပြိုင်ပွဲမှာ ကမ္ဘာ့အစပ်ဆုံးငရုတ်သီးစားမိတဲ့အမျိုးသား ဆေးရုံရောက်

ငရုတ်သီးစားပြိုင်ပွဲမှာ ကမ္ဘာ့အစပ်ဆုံးငရုတ်သီးစားမိတဲ့အမျိုးသား ဆေးရုံရောက် ငရုတ်သီး အစားပြိုင်ပွဲတစ်ခုမှာ ကမ္ဘာ့အစပ်ဆုံး ပန်းငရုပ်သီးစားမိတဲ့ အမျိုးသားတစ်ဦး ခေါင်းအလွန်ကိုက်ခဲမှုခံစားခဲ့ရတာကြောင့် ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ နယူးယောက်ပြည်နယ်မှာပြုလုပ်တဲ့ ငရုတ်သီးစားပြိုင်ပွဲမှာ ကာရိုလိုင်းနားရီပါ လို့ခေါ်တဲ့ ငရုတ်သီးကို စားမိခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ ခေါင်းအလွန် ကိုက်ခဲလာခဲ့ပါတယ်။ ဒါဟာ အလွန်စပ်လွန်းတဲ့ ငရုတ်သီးစားမိလို့ဖြစ်ကြောင်း၊ ငရုတ်သီးအစပ် ကြိုက်သူတွေအနေနဲ့ စားပြီးပြီးချင်း ခေါင်းကိုက်လာပါက ချက်ချင်း ဆေးရုံပြသင့်ကြောင်း ဆရာဝန်က သတိပေး ပြောကြားခဲ့ပါတယ်။Thunderclap (မိုးချုန်းသံ) လို့ခေါ်တဲ့ ထိုခေါင်းကိုက်မှုမျိုးဟာ ဦးနှောက်ကိုပို့လွှတ်နေတဲ့ သွေးကြောရုတ်တရက် တင်းကျပ်လာတဲ့အတွက် ဖြစ်တာလို့သိရပါတယ်။ ထိုအမျိုးသားဟာ ပြိုင်ပွဲပြီးတာနဲ့ အော့အန်ခဲ့ပြီး နောက်နေ့တွေမှာ လည်ပင်းက အလွန်နာကျင်လာကာ စက္ကန့်ပိုင်းအတွင်းမှာ ခေါင်းမကြာခဏ ကိုက်ခဲလာပါတယ်။ နာကျင်မှုဟာ ဆိုးလွန်းတဲ့အတွက် အရေးပေါ်ဆေးကုသမှုခံယူခဲ့ပြီး […]

ကျန်းမာရေးဗဟုသုတ

နွားနို့ထဲ ကြက်သွန်ဖြူထည့်တဲ့ အခါ

နွားနို့ထဲ ကြက်သွန်ဖြူထည့်တဲ့ အခါ နွားနို့ပူပူထဲ ကြက်သွန်ဖြူထည့်ပြီၤး သောက်ကြည့်ဖူးပါသလား? အနည်းငယ် ထူးဆန်းမယ်လို့ ထင်ပေမယ့် ဒီနည်းဟာ ရောဂါဘယတွေ ကင်းဝေဖို့ ရှေးနှစ်ပေါင်းများစွာက ကျင့်သုံးခဲ့တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ပရိုတင်းဓာတ် ပြည့်ဝတဲ့ နွားနို့နဲ့ ရောဂါတွေကို တွန်းလှန်နိုင်တဲ့ ကြက်သွန်ဖြူတို့ တွေ့တဲ့ အခါ အဆုတ်ရောင်၊ ပန်းနာရင်ကျပ်၊ နှလုံးရောဂါ၊ အသားဝါ၊ အဆစ်ရောင်၊ ချောင်းဆိုးနဲ့ တီဘီရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ညဘက် အိပ်မပျော်တဲ့အခါ နွားနို့ ပူပူကို ကြက်သွန်ဖြူလေးနဲ့ သောက်ပေးရင် ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။ ကြက်သွန်ဖြူဟာ ရောဂါပိုးတွေကို သေစေနိုင်ပြီး အစာခြေစနစ်ကို မြင့်တင်ပေးတဲ့ အတွက် အစာခြေဖျက်အားကို ကောင်းမွန်စေပါတယ်။ အစာအိမ်နဲ့ အူမကြီးအတွက်တော့ ကောင်းမွန်တဲ့ ဓာတ်စာ တစ်မျိုးပါ။ ဒါ့အပြင် ကလေးလိုချင်တဲ့ […]

ကျန်းမာရေးဗဟုသုတ

အကိုက်အခဲပျောက်ဆေး ပုံမှန်သောက်သူများ အစာအိမ်ထိခိုက်နိုင်

အကိုက်အခဲပျောက်ဆေး ပုံမှန်သောက်သူများ အစာအိမ်ထိခိုက်နိုင် အမျိုးသမီးများ ဓမ္မတာလာစဉ် ခံစားရသော နာကျင်ကိုက်ခဲမှုအ တွက် အကိုက်အခဲပျောက်ဆေးများ အသုံးပြုမှုကဲ့သို့ ယင်းဆေးဝါးများ ပုံမှန်အသုံးပြုခြင်းကြောင့် အစာအိမ်ကို ထိခိုက်နိုင်ကြောင်း အမေရိကန်နိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီ Mayo Clinic မှ ပညာရှင်များက သတိပေးသည်။ ယင်းအကိုက်အခဲပျောက်ဆေးများကို အလွန်အကျွံသုံးစွဲခြင်း ကြောင့် အစာအိမ်ပြည်တည်ခြင်းနှင့် အစာချေဖျက်မှုပြဿနာများ အပါအဝင် အစာအိမ်ထိခိုက်မှု ဖြစ်ပေါ်နိုင်ကြောင်း ၎င်းတို့က သတိ ပေးသည်။ အကိုက်အခဲပျောက်ဆေးကို လိုသည်ထက်ပိုသုံးပါက ပြင်း ထန်သော အစာချေဖျက်မှုကြောင့် ဘေးထွက်ဆိုးကျိုးများနှင့် ကြုံ နိုင်သည်။ အထူးသဖြင့် aspirin (သို့မဟုတ်) ibuprofen ဆေးသောက်နေသူများ (သို့မဟုတ်) ဆေးလိပ်နှင့် အရက်သောက်သူများ အန္တရာယ်ပိုများသည်။ ကြုံတွေ့နေကျ ဘေးထွက်ဆိုးကျိုးများတွင် ဝမ်းချုပ်ခြင်း၊ အ ပေါ်ပိုင်းသို့ လေချဉ်များဆန်တက်ခြင်း၊ […]

ကျန်းမာရေးဗဟုသုတ

သွားချေးတွေကို သဘာဝအတိုင်း ဖယ်ရှားပေးနိုင်သော အစွမ်းထက်နည်းလမ်း (6) ခု

လူတစ်ယောက်မှာ အဆွဲဆောင်နိုင်ဆုံးသော အချက်ကတော့ သူ့ရဲ့အပြစ်ကင်းတဲ့ အပြုံးတစ်ချက် ဖြစ်နိုင်ပါတယ်။ ကံဆိုးစွာပဲ ဆေးလိပ်သောက်ခြင်း၊ ကဖင်းဓာတ် လွန်ကဲစွာ စားသုံးခြင်းနဲ့ သွားကို သေချာဂရုမစိုက်ခြင်း စတာတွေကြောင့် သွားကို ထိခိုက်စေနိုင်ပါတယ်။ နေ့စဉ် လုပ်နေကျ အလေ့အကျင့်လေးတွေကနေပြီး သွားချေးဖြစ်ခြင်း ကဲ့သို့သော သွားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ သွားပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် ရိုးရှင်းတဲ့နည်းလမ်းလေးတွေကို ပြောပြချင်ပါတယ်။ 1. မုန့်ဖုတ်ဆိုဒါ မုန့်ဖုတ်ဆိုဒါကို သဘာဝကြေးချွတ်ဆေးအဖြစ်နဲ့ သုံးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း တစ်ဇွန်းကို ဆားအနည်းငယ်နဲ့ ရောပြီး သွားတိုက်တံကို ရေစွတ်ကာ ဒီအမှုန့်အရောနဲ့ သွားတိုက်ပေးပါ။ 2. ပိုပြီးအစွမ်းထက်တဲ့ သဘာဝသွားတိုက်ဆေး ရဖို့အတွက်ဆိုရင် – • ရေတစ်ခွက် • မုန့်ဖုတ်ဆိုဒါ ခွက်တစ်ဝက် • ရှားစောင်းလက်ပတ်အနှစ် စားပွဲတင်ဇွန်း ၄ […]

ကျန်းမာရေးဗဟုသုတ

ပူပြင်းတဲ့ နွေရာသီမှာ အပူရှပ်ခြင်းကို ကာကွယ်ရန် နည်းလမ်းကောင်းများ

ပူပြင်းတဲ့ နွေရာသီမှာ အပူရှပ်ခြင်းကို ကာကွယ်ရန် နည်းလမ်းကောင်းများ မတ်လ ကုန်ခါနီးပါပြီ။ နွေရာသီကို လုံးလုံးလျားလျားကြီး တိုးဝင်ရတော့ မည့် မြန်မာနိုင်ငံသူနိုင်ငံ သားတွေ အတွက်ကတော့ နွေရာသီ မှာဖြစ်ပေါ်နိုင်တဲ့အပူရှပ်ခြင်းအန္တာ ရယ် သတိပြုစရာတွေကိုဖော်ပြပေးချင်ပါတယ်။ ပထမဆုံးအနေနဲ့ အပူရှပ်ခြင်း ဘာကြောင့်ဖြစ်ရလဲဆိုတာကို အတိုချုပ်ရေးသားချင်ပါတယ်။ ပူပြင်းတဲ့နွေရာသီမှာ နေအပူဒဏ်ဟာ အရေပြားကတစ်ဆင့် ခန္ခာကိုယ် သွေးကြေားထဲကို ရောက်ရှိ သွားပြီး အပူအအေး ဆန့် ကျင်ဘက်ဖြစ်စဉ် ပြင်းထန်းစွာဖြစ်ပေါ်လာတတ်ပါတယ်။ နေပူထဲကနေ အအေးထဲကို ရုတ်တရက်ဝင်လိုက်တဲ့အခါ၊ နေပူထဲကပြန်လာပြီး ရေခဲရေ တန်သောက်လိုက်ခြင်း၊ လေအေးခန်းထဲမှ နေပြီး ရုတ်တရက် နေပူထဲထွက်လိုက်ခြင်း ဥပမာ – air con ပါသောကားထဲမှ ရုတ်တရက် နေပူကြီးထဲဆင်းလိုက်ခြင်း တွေကြောင့် အပူရှပ်ခြင်းဖြစ်ပေါ်လာရပါတယ်။ အပူရှပ်ခြင်း ရဲ့ လက္ခဏာများ […]

ကျန်းမာရေးဗဟုသုတ

ညှင်းပျောက်ဆေး နှင့် ဒန့်ကျွဲပင်

“ညှင်းပျောက်ဆေး နှင့် ဒန့်ကျွဲပင်” ======================= လက်တင်ဖြင့် Cassia Toraဟုခေါ်ပါသည်။ လူအတော်များများ အဖြစ်များကြ၏။ဆိုရပါသော် အရေပြားမှိုရောဂါ ဖြစ်သည်။မိမိအသား အရောင်ထက် ပို၍ဖြူနေခြင်း၊ပို၍ရင့်နေခြင်းဖြစ်သည်။ အချိန်ကြာမြင့်လာသည်နှင့်အမျှ တဖြည်းဖြည်း ပွားလာ တတ်လေသည်။ ရင်းဘတ်၊ ပါးပြင်၊ဂုတ်သား၊ ကျောပြင် ၊လက်မောင်း၊လည်ပင်းနေရာအနှံ့ အကွက်အကွက်များ ပျံ့ပွားနေတတ်သည်။ ယောကျ်ား၊မိန်းမတို့ ညှင်းပေါက်၍ အလှပျောက်ပြီး စိတ်ညစ်သူတို့များကြသည်။ရုပ်လေးတော့ချောပါရဲ့ ညှင်း တွေ ပေါက်နေတာဆိုးတယ် ဒီလိုမျိုးပြောတတ်ကြသည် ကိုး..။ ညှင်းရောဂါသည် Mallasseziaဟုခေါ်သောမှို တစ်မျိုး ကြောင့် ဖြစ်ပွားသည်ဟု ဆိုပါသည်။ နာကျင်မျုမရှိသော်လည်း တစ်ခါတစ်ရံယားယံတတ်ပါသည်။ ခေတ်ပေါ်ဆေးဝါးများ ဝယ်ယူရန်ခက်ခဲသူတို့ အတွက် ညှင်းကို ပျောက်ကြောင်းဆေးနည်းကောင်းလေးအား တင်ပြပါအံ့…။ ဆေးနည်း ဒန်းကျွဲပင်စေ့ များကို မြေအိုးတွင်မီးကျွမ်းအောင်လှော်ပြီး အမှုန့်ထောင်းပါ။ ထိုဒန့်ကျွဲမှုန့်နှင့်နှမ်းဆီစစ်စစ်လေးအား ရောမွှေပြီး ညအိပ်ရာဝင်တိုင်း လိမ်းပေးရန်ဖြစ်ပါသည်။ […]