ကျန်းမာရေးဗဟုသုတ

မာလကာရွက်ရဲ့ အသုံးတည့်ပုံ (၇) မျိုး

မာလကာရွက်ရဲ့ အသုံးတည့်ပုံ (၇) မျိုး —————————————— ဒါတွေ သင်သိပါသလား။ မာလကာသီးက ကောင်းကျိုးတွေပေးသလို မာလကာရွက်ကလည်း အသုံးတည့်တယ်ဆိုတာ ရေးသားဖော်ပြလိုက် ပါတယ်။ မာလကာသီးဟာ ဗီတာမင် A နဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတဲ့ သစ်သီးပါ။ ထို့ပြင် ပိုတက်ဆီယံ၊ လိုက်ကိုပိန်းနဲ့ အမျှင်ဓာတ်တွေ ပါဝင်နေလို့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေနိုင်ပါသေးတယ်။ မာလကာသီးတင် မဟုတ်ပါဘူး။ မာလကာရွက်ကလည်း အသုံးတည့်တယ်ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ (၁) ဝိတ်ကျဖို့ အထောက်အကူ ———————————- မာလကာရွက်ကို အခြောက်ခံပြီး လက်ဖက်ခြောက်အစားထိုး သောက်သုံးပေးတဲ့အခါ ကိုယ်တွင်းက လိုအပ်တဲ့ ကာဗိုဟိုက်ဒြိတ်ကို ဖြည့်တင်းပေးနိုင်လို့ ဆာလောင်မှု လျော့ပါးစေမှာပါ။ play (၂) ဆီးချိုသွေးချို ကာကွယ်ပေး ————————————- […]

ကျန်းမာရေးဗဟုသုတ

လေမဖြတ်အောင် ကြိုတင်ကာကွယ်ဖို့ ဒီအရွက်ကို စားပါ

လေမဖြတ်အောင် ကြိုတင်ကာကွယ်ဖို့ ဒီအရွက်ကို စားပါ လေမဖြတ်အောင် ကြိုတင်ကာကွယ်နည်းကို မကြာခဏ တောင်းဆိုလာကြတဲ့ မိဘပြည်သူများအတွက် လေ့လာမိသမျှ သဘာဝဆေးနည်းများကို ပြန်လည်မျှဝေလိုက်ပါတယ်။ ရှောက်ရွက်ဟာ လေမဖြတ်အောင် ကာကွယ်ပေးနိုင်တဲ့ ဆေးဆိုတာ အချို့ကသိထားပါပဲ။ ဒါ့ကြောင့် ရှောက်ရွက်ကို မကြာခဏ မှီဝဲသုံးစွဲပေးရင် လေဖြတ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ၁။ ရှောက်ရွက် (၇) ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး မတ်ခွက်ထဲကိုထည့်၊ ရေကျက်အေး (သို့မဟုတ်) ရေခပ်နွေးနွေးကိုလောင်းထည့်၊ အဖုံးအုပ်ထားပြီး အေးသွားလျှင် သောက်ပေးနိုင်ပါတယ်။ တစ်ခါစိမ်ထားလျှင် ၂ ရက်၊ ၃ ရက်ထိ ရေထပ်ထည့်ပြီး အခါးဓါတ်မကုန်မချင်း သောက်ပေးနိုင်ပါတယ်။ ( အရမ်းခါးနေလျှင် ပျားရည် သို့မဟုတ် သကြားတို့ကို အနည်းငယ် ခပ်ပြီး သောက်နိုင်ပါတယ်) ၂။ ရှောက်ရွက်ကို ပါးပါးလှီးပြီး ဟင်းရည်ထဲ […]

ကျန်းမာရေးဗဟုသုတ

အရိုးကျိုးကို ပြန်ဆက်စေသည့် ဒရင်ကောက်ခေါ် ကောက်ကောက်ညွန့်

အရိုးကျိုးကို ပြန်ဆက်စေသည့် ဒရင်ကောက်ခေါ် ကောက်ကောက်ညွန့် ဒီဆေးနည်းကိုလည်း တင်ပေးဖူးပါတယ်။ ဒီဆေးနည်းကို ဒေါ်တင်လှ (ကော့ကရိတ်)ကပြောပြခဲ့တာပါ။ တောင်ခြေအနီးက ရွာလေးတစ်ရွာမှ ဖထီးကြီး မိုးတွင်း ကာလ (2012) ခုနှစ်က ဖါးရှာ ထွက်ခဲ့ပါတယ်။ ရတဲ့ ဖါးတွေကို ခြေထောက်တွေ ချိုးပြီး ပလိုင်းထဲ ထည့်တယ်။ ပလိုင်း ပြည့်ခါနီးလောက်မှာ ချောင်းစပ်မှာ အလေ့ကျ ပေါက်နေတဲ့ “ဒရင်ကောက်ပင်” တွေကို ခူးပြီး ပလိုင်းပေါ်က ထည့်ပြီး ပြန်လာခဲ့တယ်။ ဒီလိုနဲ့ လမ်းခုလတ်မှာပဲ ဖါးတွေ တစ်ကောင်ပြီး တစ်ကောင် ခုန်ဆင်းသွားတာ သူမသိလိုက်ဘူး။ အိမ်ပြန်ရောက်မှ အောက်ဆုံးမှာ ဖါး၅ကောင်ပဲ တွေ့ရတယ်။ အိမ်မှာလည်း ဘယ်သူ့မှ မတွေ့ဘူး။ ချောင်းနားက ခူးလာတဲ့ အပင်တော်တော်စွမ်းတာပဲလို့ တွေးနေတုန်း သူ့သမီးအမောတကောနဲ့ ရောက်လာပြီး […]

ကျန်းမာရေးဗဟုသုတ

အာလူးသုံးပြီး မျက်နှာလေး လှအောင်ပြုလုပ်ကြမယ်

အာလူးသုံးပြီး မျက်နှာလေး လှအောင်ပြုလုပ်ကြမယ် ရေးသားသူ Phyo Pyae Pyae ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win. ====================== အာလူးလေးကတော့ လွယ်လွယ်ကူကူ ရနိုင်တဲ့ အသီးတစ်မျိုး ဖြစ်တာကြောင့် အားလုံးအတွက် အဆင်ပြေစေမှာပါ။ ပုံမှန်အားဖြင့်တော့ ရှားစောင်းလက်ပပ်၊ သခွားသီးတွေနဲ့ ပေါင်းတင်ကြတာများပါတယ်။ ခု အာလူးလေးနဲ့ ပေါင်းတင်နိုင်မယ့် နည်းလမ်းလေးတွေ ပြောပြမယ်နော်။ အာလူးမှာ Catecholase အင်ဇိုင်းဓါတ်တွေ ပါဝင်တာကြောင့် အမည်းစက်တွေကို လျှော့ချပေးနိုင်တဲ့အပြင် ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေလည်း ပျောက်ကင်းစေပါတယ်။ အာလူးမှာ ပိုတက်စီယမ်တွေလည်း ပါဝင်တာကြောင့် ရေဓါတ်ကို ထိန်းထားပေးတဲ့အပြင် အသားအရေကိုလည်း စိုပြေစေနိုင်ပါတယ်။ ဗီတာမင် B 6 ကတော့ ဆဲလ်အသစ်တွေ ပြန်လည်ဖြစ်စေပါတယ်။ ကယ်လ်စီယမ် ပါဝင်မှုကတော့ အရေပြားခြောက်သွေ့တာကို ကာကွယ်ပေးတဲ့အပြင် […]

ကျန်းမာရေးဗဟုသုတ

ဒူးနာ ခါးနာ ဝေဒနာများစွာအတွက် ခါးနာ ဒူးနာ သူများအတွက် မခက်ပါ ….

ဒူးနာ ခါးနာ ဝေဒနာများစွာအတွက် ခါးနာ ဒူးနာ သူများအတွက် မခက်ပါ …. ============================== ဘဲဥကိုပွတ်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ၊ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ စားကောင်းစေရန် သကြားအနည်းငယ် သင်စားကောင်းစေလောက်သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ တခြားမည်သည်အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည် ။ တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည် ။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည်၊ ( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည်၊ […]

ကျန်းမာရေးဗဟုသုတ

အရေပြားကင်ဆာ ကာကွယ်ဖို့ နာနတ်သီးကို သုံးစွဲစို့

အရေပြားကင်ဆာ ကာကွယ်ဖို့ နာနတ်သီးကို သုံးစွဲစို့ နာနတ်သီးဟာ စားသုံးလို့ ကောင်းမွန်တဲ့ သစ်သီးအပြင် အမျိုးသမီးတို့ အလှအပအတွက်လည်း အလွန် အသုံးဝင်လှ ပါတယ်။ နာနတ်သီးမှာ ဗီတာမင်ဓာတ် များစွာ ပါဝင်ပြီး သတ္တုဓာတ် အများအပြား ပါဝင်တဲ့ သစ်သီး တမျိုးဖြစ်ပြီး သင့် ရာသီမရွေး စားသုံးသင့်တဲ့ ၊နွေရာသီမှာ ရွှေရင်အေးစရာ ဖျော်ရည်ပြုလုပ်သောက်နိုင်တဲ့ နာနတ်သီးတန်ဖိုး အကြောင်း ပြောပြပါမယ်။ လူနီအင်ဒီးယန်းများဟာ နာနတ်သီးကို ဆေးဖက်ဝင် အစာကြေဆေး အဖြစ်လည်းကောင်း၊ အသားနုတက်ဆေး Healer အဖြစ် လည်းကောင်း သုံးစွဲကြပါတယ်။ အင်ဒီးယန်း အမျိုးသမီးများသည် နာနတ်သီး အသားဖတ်များဖြင့် ခန္ဓာကိုယ်အနှံ့ ပွတ်သပ်ကာ အသားအရေ စိုပြည်လှပအောင် ပြုပြင်ကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Bromelain ခေါ် Enzyme […]

ကျန်းမာရေးဗဟုသုတ

အဆီကျစေတဲ့ ကြက်သွန်နီသုပ်

အဆီကျစေတဲ့ ကြက်သွန်နီသုပ် ကြက်သွန်နီကို ဟင်းချက်နည်းမျိုးစုံအတွက် အသုံးပြုပြီး စားသုံးနေကြပါတယ်။ ချက်ပုံနဲ့စားပုံများ မတူညီကြသလို သူ့ရဲ့အကျိုးပေးအာနိသင်ကလည်း ကွဲပြားကြပါတယ်။ ယခုဖော်ပြပေးမည့် နည်းလေးကတော့ ကြက်သွန်နီကို အဆီကျဆေးအဖြစ် အစိမ်းသုပ်စားရတဲ့ စားသုံးနည်းတစ်ခု ဖြစ်ပါတယ်။ (၁) ကြက်သွန်နီကို ပါးပါးလှီး၍ ပန်းကန်ထဲ ထည့်ပါ။ (၂) သံပုရာသီး ညှစ်ထည့်ပါ။ အနံ့ပြင်း၍ စပ်နေသော ကြက်သွန်နီကို သံပုရာသီးအချဉ် ညှစ်ထည့်လိုက်ပါက အချိုဓါတ်သို့ ပြောင်းသွားစေပါသည်။ (၃) သခွါးသီး ထည့်လိုပါက (အနည်းငယ်မျှ) ပါးပါးလှီး၍ ထည့်နိုင်ပါသည်။ (၄) အစပ်ကြိုက်ပါက ငရုတ်သီးစိမ်း အနည်းငယ် လှီးထည့်နိုင်ပါသည်။ (၅) ဆားအနည်းငယ်မျှ ထည့်ပေးပါ။ ဆားမပါလျှင် အရသာပေါ့မည်။ ဆားများလွန်းရင်လည်း အငံကြောင့် သွေးတိုးစေပါသည်။ (၆) ကြက်သွန်မိတ် (သို့မဟုတ်) ကုလားနံနံပင်တို့ကိုလည်း […]

ကျန်းမာရေးဗဟုသုတ

ပျားရည် တိုက်မလား ချောင်းဆိုးပျောက်ဆေးရည် တိုက်မလား

ပျားရည် တိုက်မလား ချောင်းဆိုးပျောက်ဆေးရည် တိုက်မလား ကလေးများ မကြာခဏ အအေးမိ।နှာစေး। ချောင်းဆိုးဖြစ်ကြသည်။ အသက် ရှူလမ်းကြောင်း အထက်ပိုင်းတွင်ဖြစ်သောသာမန်ဗိုင်းရပ်ပိုးများကြောင့် နှာစေးချောင်းဆိုး ဖြစ်တာပိုများကြသည်။ မိဘများကတော့ အဖျားသက်သာအောင် ပါရာစီတယ်မောလ် တိုက်ပေးကြသလို ချောင်းဆိုးသက်သာရန်လည်း ချောင်းဆိုးပျောက် ဆေးရည်များ ဝယ်တိုက်ချင်ကြသည်။ယေဘုယျအားဖြင့် ချောင်းဆိုးပျောက်ဆေးများ တိုက်စရာမလိုပါ။ ချောင်းဆိုးစေသော အကြောင်းရင်းပျောက်သွားသည် နှင့် ချောင်းလည်း တဖြည်းဖြည်းပျောက်သွားပါလိမ့်မည်။ ချောင်းဘာကြောင့်ဆိုးလဲဆိုတာကိုသာ ဆရာဝန်နှင့် စမ်းသပ်ဆွေးနွေးပါ။သို့သော်ချောင်းဆိုးခြင်းက ညဘက်အိပ်လို့မရလောက်အောင် ဒုက္ခပေးနေပါက ချောင်းဆိုးသက်သာဆေးများ သုံးနိုင်ပါသည်။ သို့သော် ၆-နှစ်အောက်ကလေးကတော့ မသောက်သင့်ပါ။ အသက် ရှူလမ်းကြောင်း အထက်ပိုင်းတွင်ဖြစ်သောသာမန်ဗိုင်းရပ်ပိုးများကြောင့် ဖြစ်သော ချောင်းဆိုးခြင်းများကိုသာ တိုက်ရန်ရည်ရွယ်ပါသည်။ ချောင်းဆိုးပျောက်ဆေးရည်ဟု စာရေးသူမသုံးချင်ပါ။ သောက်ပြီးလျှင် ချောင်းမပျောက်ပါ။ သို့သော် သက်သာနိုင်ပါသည်။ ဆေးသုတေသနတွေ့ရှိချက်အရ ချောင်းဆိုးသက်သာဆေးရည်များနှင့်တန်းတူ အာနိသင်ရှိသော ချောင်းဆိုးသက်သာဆေးရည်တခုမှာ ပျားရည်ဖြစ်သည်။ […]

ကျန်းမာရေးဗဟုသုတ

အစာအိမ် လေပူရောဂါနှင့် ဖီးကြမ်းငှက်ပျောသီး

အစာအိမ် လေပူရောဂါနှင့် ဖီးကြမ်းငှက်ပျောသီး ================================= ဖီးကြမ်းငှက်ပျောသီး အခွံအတွင်းမှ အသား (အမြှေး) အမျှင်များမှာ လေပူကို နိုင်ပြီး ပါးစပ်အနာ၊ အစာအိမ် အနာများကို ပျောက်ကင်းစေနိုင်ပါသည်။ ဖီးကြမ်းငှက်ပျောသီး စားသူများမှာ ထိုဆေးဖက်ဝင်သည့် အမျှင်အသားများကို အခွံခွာပြီး မစားမိဘဲ လွှတ်ပစ် လိုက်ကြပါသည်။ ငှက်ပျောသီးမှည့်ကို မီးဖုတ်၊ မီးကင်သောအခါ ထိုအမြှေးများသည် ပျော်ပြီး ငှက်ပျောသီးအသားနှင့် ပေါင်းစပ်သွားသဖြင့် မီးဖုတ်စားခိုင်းခြင်းဖြင့် ပါးစပ်နှင့် အစာအိမ် အနာများကို သက်သာစေနိုင်လေသည်။ ပဲခူးရိုးမတွင် ဝါးခုတ်သည့် ကရင် လူမျိုးများသည် ဖီးကြမ်းငှက်ပျောသီး အစိမ်းများကို ဟင်းချက်စားလေ့ ရှိကြသည်။ ငရုတ်သီးစိမ်းထောင်း အနည်းငယ်၊ ငါးပိ အနည်းငယ်နှင့် ငှက်ပျောသီးစိမ်း၊ ငှက်ပျောဖူး၊ ငှက်ပျောအူတိုင်တို့ကို ရောချက်သည့် ဟင်းကို တာလပေါဟင်းဟု ခေါ်ကြလေသည်။ လွန်ခဲ့သော […]

ကျန်းမာရေးဗဟုသုတ

ကျောက်ကပ်ကိုဆေးကြောပေးပါ

ကျောက်ကပ်ကိုဆေးကြောပေးပါ ———————————————— ကျောက်ကပ်ဟာအရေးကြီးတဲ့ကလီစာတစ်ခုဖြစ်ပါတယ်။နေ့စဉ်နေ့တိုင်းစားသောက်နေတဲ့အစာတွေထဲကအဆိပ်အတောက်တွေကိုသန့်စင်ဖယ်ရှားပေးနေရတဲ့အင်္ဂါတစ်ခုဖြစ်ပါတယ်။ဒါကြောင့်အလုပ်တော်တော်များများလုပ်ရပါတယ်။ အခုခေတ်မှာလူအများစုဟာရေသောက်တာအရမ်းနည်းလွန်းကြတယ်။ရေဆာသလိုရှိတော့မှသာရေနဲနဲလောက်သောက်ကြလေ့ရှိပါတယ်။တစ်ချို့လူတွေဆိုရင်ရေမသောက်ဘဲလက်ဖက်ရည်၊ကော်ဖီလောက်ပဲသောက်ကြပါတယ်။အချိုရည်၊အအေးပုလင်းတွေသောက်ကြသူတွေလည်းများပါတယ်။ အဲဒီ့အပြင်ယနေ့ခေတ်မှာစားရသောက်ရတာတွေကလည်းဓာတုဆေးကြွင်းတွေအများကြီးပါနေတဲ့အစားအသောက်တွေပဲဖြစ်နေပါတယ်။စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေဟာစီးပွားဖြစ်အထွက်တိုးဖို့ဓာတုဆေးတွေကိုအလွန်အကျွံသုံးစွဲကြတော့လူတွေရဲ့ကိုယ်ထဲကိုနည်းအမျိုးမျိုးနဲ့ရောက်လာပါတယ် စားရတာတွေကအဆိပ်တွေ၊ရေသောက်တာကလည်းသိပ်နည်းကြတယ်ဆိုတော့ကျောက်ကပ်ကအလွန်ပျစ်ချွဲနေတဲ့အဆိပ်အတောက်တွေကိုနေ့စဉ်ဆေးကြောပေးနေရပါတယ်။ကျောက်ကပ်ဆိုတာကသံမဏိနဲ့တည်ဆောက်ထားတာမဟုတ်ပါဘူး၊အသွေးအသားတွေနဲ့တည်ဆောက်ထားတာပါ။ နေ့စဉ်နေ့တိုင်းအဆိပ်ပြင်းတွေကိုဆေးကြောပေးနေရတဲ့ကျောက်ကပ်ဟာကြာလာတော့ဂျီးညှော်တွေကပ်ညိလာပါတယ်။အဲဒီကနေကျောက်တွေဖြစ်လာပါတယ်။ကျောက်တည်တဲ့အခြေနေမျိုးကိုရောက်လာပါတယ်။နောက်ဆုံးမှာကျောက်ကပ်ကအလုပ်မလုပ်နိုင်တော့ပဲပျက်စီးသွားတဲ့အထိဖြစ်သွားတတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးအထိမဖြစ်ရအောင်ကျောက်ကပ်ကိုမကြာခဏဆေးကြောပေးဖို့လိုပါတယ်။ရိုးရိုးလေးပါပဲ၊မခက်ပါဘူး၊ကျောက်ဖယုံသီးကိုပဲအသုံးပြုပြီးဲကျောက်ကပ်ကိုဆေးမှာဖြစ်ပါတယ်။ဈေးကနေကြက်လည်ချောင်းရိုးအနည်းငယ်ဝယ်လာပြီးပြုတ်ပါ။အရသာထည့်ပါ။ကျောက်ဖယုံသီး၂စိပ်လောက်ကိုတုံးပြီးထည့်ပါ။ကျက်ပြီဆိုရင်တရုတ်နံနံကိုထည့်ခတ်လိုက်ပါ။ငရုတ်ကောင်းနဲနဲရိုက်ထည့်ပါ။ပန်းကန်ထဲထည့်ပြီးရင်သံပရာသီးတစ်လုံးညှစ်ထည့်ပြီးသောက်ပါ။တစ်ပန်းကန်လုံးကုန်အောင်သောက်ပစ်လိုက်ပါ။ဒါပါပဲ။ အဲဒီ့ကျောက်ဖယုံသီးဟင်းချိုကိုမကြာခဏသောက်ပေးခြင်းအားဖြင့်ကျောက်ကပ်ကကျောက်တွေသာမကခန္ဓာကိုယ်ထဲမှာအောင်းနေတဲ့ကျောက်တွေလည်းရှင်းလင်းသွားပါလိမ့်မယ်။ဝမ်းဗိုက်မှာပိုနေတဲ့အဆီတွေလည်းကျသွားပါလိမ့်မယ်။ဒါဟာရှေးကတည်းကအရှေ့တိုင်းသားတို့သုံးခဲ့တဲ့အစာလည်းဆေး၊ဆေးလည်းအစာဖြစ်တဲ့နည်းကောင်းလေးတစ်ခုဖြစ်ပါတယ်။ ချစ်ခင်လေးစားလျှက်…….. မင်းကျော်ဝင်း