ဟင်းပြန်နွှေးတော့မယ်ဆိုရင် ဒီအချက်လေးတွေကိုသတိထားပါ။ ၁။ ဟင်းနုနွယ်ရွက် ချက်ပြီးသား ဟင်းနုနွယ်ရွက်ကို ပြန်နွှေးပြီးမစားသင့်ပါဘူး။ဘာလို့လဲဆိုတော့ ဟင်းနုနွယ်ရွက်ထဲမှာပါတဲ့ နိုက်ထရိတ်(nitrates) ဓာတ်ဆားကြောင့်ဖြစ်ပါတယ်။ ချက်ထားတဲ့ ဟင်းနုနွယ်ရွက်ကို နွှေးလိုက်တဲ့အခါမှာ နိုက်ထရိတ်ဓာတ်ဆားကနေ နိုင်ထရစ်အက်စစ် အဖြစ်ပြောင်းလဲသွားပြီး အဲ့ဒီပြောင်းလဲသွားတဲ့ နိုင်ထရစ်အက်စစ်ဟာ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ၂။ တရုတ်နံနံ လူတွေဟာ များသောအားဖြင့် တရုတ်နံနံကြီးရွက်ကို ဟင်းအရည်သောက် လုပ်စားတဲ့အခါမှာ ထည့်လေ့ရှိပါတယ်။ တကယ်လို့အဲ့လို လုပ်စားမယ်ဆိုရင် လုပ်ထားတဲ့ အရည်သောက်ဟင်းရည်ကို တစ်ခါတည်း ကုန်အောင်စားပစ်သင့် ပါတယ်။ တကယ် လို့ ပြန်အပူပေး၊ ပြန်နွှေးစားမယ်ဆိုရင်လည်း တရုတ်နံနံကြီးအရွက်တွေကို ဖယ်ပြီး မှ နွှေးစားသင့်တယ်လို့ဆိုထားပါတယ်။သူ့ရဲ့ဆိုးကျိုးဟာလည်း ဟင်းနုနွယ်ရွက် လိုပဲ နိုင်ထရစ်အက်စစ်ကနေ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ၃။ မုံလာဥအဖြူ? မုန်လာဥအဖြူဆိုရင်လည်း နိုက်ထရိတ်ဓာတ်ဆားပါတဲ့ အစားစာတစ်မျိုး ဖြစ်ပါတယ်။ သူ့ကို […]
Month: April 2018
နှလုံးသွေးကြောကျဉ်းရောဂါလုံးဝပြန်မဖြစ်စေနိုင်တော့သောကိုယ်တွေ့ ဆေးနည်းကောင်းတစ်လက်
“နှလုံးသွေးကြောကျဉ်းရောဂါလုံးဝပြန်မဖြစ်စေနိုင်တော့သောကိုယ်တွေ့ ဆေးနည်းကောင်းတစ်လက်” ကျွန်တော်နှလုံးရောဂါပြင်းထန်စွာခံစားရချိန်ကျွန်တော်နေထိုင်ရာပုသိမ်မြိ ု့ ရှိပုသိမ်ဆေးရုံကြီးနှင့်ဇီဝကအထူးကု ဆေးခန်းတို့တွင်တက်ရောက်ကုသခဲ့ရာဆေးစစ်ချက်အရနှလုံးသွေးကြော သုံးချောင်းကျဉ်းနေပြီးတစ်ချောင်းမှာ ကောင်းစွာအလုပ်မလုပ်တော့သော ကြောင့်နှလုံးစက်ထည့်ရမည့်အခြေနေ ဖြစ်ခဲ့ပါသည်။ ထိုအချိန်တွင်မိတ်ဆွေတစ်ယောက်မှ ကျွန်တော့်လိုခွဲစိပ်ခါနီးလူနာတစ်ဦး မခွဲစိပ်ရပဲသက်သာပျောက်ကင်းသွား သည်ဆိုသောဆေးနည်းကိုပေးသဖြင့် ရန်ကုန်၌ဆေးကုသခံရန်ပြင်ဆင်နေချိန် တွင်ခုနှစ်ရက်မျှဆက်တိုက်သောက်ခဲ့ပါသည်။ ထို့နောက်ရန်ကုန်အာရှတော်ဝင် အထူးကုဆေးခန်းတွင်သွားရောက်စမ်းသပ်ရာနှလုံးသွေးကြောပိတ်ဆို့မှုများမရှိ တော့ပဲအကောင်းပကတိဖြစ်နေကြောင်းအံ့သြဖွယ်တွေ့ရှိရပါသည်-ဆရာမကြီးမှာပုသိမ်မှဆေးစစ်ချက်များကိုကြည့််၍မယုံနိုင်ဖြစ်ကာသေချာစေရန် မဟာမြိ ုင်အထူးကုဆေးခန်း၌24နာရီ စက်ဖြင့်ထပ်မံစမ်းသပ်ရာနှလုံးသွေး ကြောများပုံမှန်ကောင်းမွန်နေကြောင်း သေချာသွားတော့သည်-ကျွန်တော်ခံစားနေရသောရင်ဘတ် အောင့်ခြင်းနှင့်ဘယ်ဘက်လက်မောင်း ကို်က်ခြင်းဝေဒနာများလည်းပျောက်ကင်း သွားပါသည်။ ထို့ကြောင့်ကျွန်တော့်လို နှလုံးသွေးကြောကျဉ်းဝေဒနာခံစားနေရသူများအတွက်စေတနာရှေ့ ထား၍ကျွန်တော့်ကိုယ်တွေ့ဆေးနည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဆေးနည်းမှာ ၁- ကြွက်နားရွက်မှိုနှစ်ကျပ်ခွဲသား ၂-တရုတ်ဇီးသီးငါးလုံး ၃-ချင်း(ဂျင်း)တက်လက်တစ်ဆစ်ခန့် ၄-ဆားအနည်းငယ်တို့ကိုရေဖန်ခွက် ခြောက်ခွက်ထည့်နှစ်ခွက်ကျန်အောင်ကျိုပြီးမနက်တစ်ခွက် ညတစ်ခွက်သောက်ရုံပင်ဖြစ်ပါသည်။ ဆေးနည်းပေးသူမိတ်ဆွေအားကျေးဇူးအထူးတင်ပါသည်။ Credit ( Ko Sai)
အိုမင်းရင့်ရော်ခြင်းကို အံတုမည့် “ နနွင်း ”
???အိုမင်းရင့်ရော်ခြင်းကို အံတုမည့် “ နနွင်း ” ………………………………………………… ?ယနေ့ခေတ် ကမ္ဘာတစ်လွှားမှာ သတင်းမွှေးနေတဲ့ သဘာဝထုတ်ကုန်တစ်ခုကတော့ နနွင်းဖြစ်နေတာကို အံ့သြဖွယ် သိရှိရပါတယ်။ နနွင်းဟာ ရောင်ရမ်းတာကို ဖြစ်စေတတ်တဲ့ အင်ဇိုင်းတစ်မျိုးကို ပိတ်ပင်တားဆီးနိုင်ပါတယ်။ ?ခန္ဓာကိုယ်မှာ အနာတရ ထိခိုက်ဒဏ်ရာရချိန်ရောက်မှ ရောင်ရမ်းတယ်လို့ ထင်နေရင် မှားယွင်းနေပြီလို့ ဆိုပါတယ်။ အနာတရလည်း မဖြစ်ပါဘဲ အိုမင်းရင့်ရော်တဲ့ အကြောင်းကြောင့် သင်္ကေတမပြ၊ တိတ်တိတ်ကလေး ရောင်ရမ်းနေတာဟာ တစ်ကိုယ်လုံး နေရာအနှံ့အပြားမှာ ဖြစ်ပွားနေနိုင်တယ်လို့ ဆိုပါတယ်။ နှလုံး နှင့် ဦးနှောက်တို့မှာ အထိအခိုက် အများဆုံး ဖြစ်ပွားနိုင်တယ်။ နှလုံးကြွက်သားတွေ၊ သွေးကြောမျှင်တွေ ရောင်ရမ်းတတ်တယ်။ ဦးနှောက်အတွင်း အာရုံကြောတွေ ရောင်ရမ်းလာတာကြောင့် မှတ်ဉာဏ်ရေတို ဆုံးရှုံးတာ၊ မေ့လျော့တာ၊ ဦးနှောက်လုပ်ဆောင်နိုင်စွမ်း လျော့တာတွေ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ […]