ကျန်းမာရေးဗဟုသုတ

ရှောက်သီးနဲ့ပျားရည်ဆေးနည်းက အကောင်းဆုံးချောင်းဆိုးပျောက်ဆေးဖြစ်

ရှောက်သီးနဲ့ပျားရည်ဆေးနည်းက အကောင်းဆုံးချောင်းဆိုးပျောက်ဆေးဖြစ်

ဆောင်းရာသီဝင်လာတာမို့လူတွေ အအေးမိ၊ချောင်းဆိုးတွေ အဖြစ်များနေပြီဖြစ်ပါတယ်။ အအေးမိချောင်းဆိုး တဲ့အခါ ပိုက်ဆံအကုန်ခံပြီး နာမည်ကြီးတံဆိပ်နဲ့ချောင်းဆိုးပျောက်ဆေးဝယ်သောက်နေမယ့်အစား ဗြိတိန်ရဲ့ နာမည်ကြီးဆရာဝန်တစ်ယောက်က သဘာဝဆေးနည်းကိုသာ သောက်ဖို့ညွှန်းလိုက်ပါတယ်။

ချောင်းဆိုးပျောက်ဆေးတွေဟာအလကား၊ပိုက်ဆံဖြုန်းမှုသက်သက်ဖြစ်ပြီး၊ ချောင်းဆိုးပျောက်ဆေးတွေရဲ့ နောက်ကွယ်မှာ ဆေးပညာဆိုင်ရာအထောက်အထားပြစရာကောင်းကောင်းမရှိဘူးလို့အထွေထွေရောဂါကု ဆရာဝန်များတော်ဝင်ကောလိပ်ရဲ့ ဒုတိယပါမောက္ခ Dr Tim Ballard က အကြံပြုပြောကြားလိုက်ပါတယ်။

အလားတူစွာပဲ NGS ရဲ့ ပြည်သူတွေကို ကျန်းမာရေးဆိုင်ရာအကြံပေးချက်တွေဖော်ပြတဲ့ဝက်ဘ်ဆိုဒ်မှာလည်း
“ ဗိုင်းရပ်စ်ကူးစက်မှုကြောင့်ချောင်းဆိုးတာကို အမြန်တိုက်ဖျက်နိုင်တဲ့နည်းလမ်းဆိုတာမရှိသေးပါဘူး။ ပုံမှန် အားဖြင့် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က ဗိုင်းရပ်စ်ကို ရှင်းထုတ်လိုက်ပြီးချိန်မှာမှ ချောင်းဆိုးပျောက်သွားမှာ ဖြစ်ပါတယ်။ ချောင်းကြာရှည်ဆိုးရတဲ့နောက်ကွယ်မှာအကြောင်းရင်းတစ်ခုခုရှိမယ်ဆိုရင်လည်း၊ သီးခြားကုသမှု ခံယူဖို့လိုပါတယ်”

“ ကာလတိုချောင်းဆိုးတာကို ကုသဖို့အလွယ်ကူဆုံးနည်းနဲ့ကုန်ကျစရိတ်အနည်းဆုံးနည်းကတော့ ပျားရည်နဲ့ရှောက်သီး အိမ်တွင်းဆေးနည်းပဲဖြစ်ပါတယ်။ ပျားရည်ဟာ ပါးစပ်ထဲက ချွဲ၊သလိပ်တွေကို ထွက်စေတဲ့အမြှေးကို အလွှာပါးတစ်ထပ်အုပ်ပေးကာ ယားယံမှုကိုသက်သာစေတဲ့ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဒီအမြှေးပါးယားယံမှုကြောင့် ကျွန်တော်တို့တွေချောင်းဆိုးရတာပါ”

ပျားရည်နဲ့ရှောက်သီးဆေးနည်းကတော့ ပျားရည်နဲ့ရှောက်သီး၊သံပရိုသီးအရည်ကို မတ်ခွက်၊ဒါမှမဟုတ် လက်ဖက်ရည်ခွက်ထဲ ထည့်ပါ။ ရေနွေးနည်းနည်းထည့်ပြီးမွှေကာ သောက်ပေးရတာဖြစ်ပါတယ်။ မိမိ ကြိုက်နှစ်သက်တဲ့အရသာအတိုင်း ရေနွေး၊ရှောက်ရည်နဲ့ပျားရည်တို့ကို လိုတိုးပိုလျှော့ထည့်နိုင်ပါတယ်။

( Ye Wint )
﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏

ကျန်းမာရေးဗဟုသုတများရယူဖို့

ကျန်းမာရေးအတွက်ဆေးတစ်ခွက်

Leave a Reply

Your email address will not be published. Required fields are marked *