ရုံးပတီသီး၏ကျန်းမာရေးအကျိုးကျေးဇူးများ
==================
==================
ဗီတာမင်၊ သတ္တုဓာတ်နှင့်အခြားအာဟာရဓာတ်များ ကြွယ်၀ စွာပါဝင်သော ရုံးပတီသီးတွင် ဆီးချိုရောဂါကိုကုသနိုင်ခြင်းမှ ကျောက်ကပ်ရောဂါကာကွယ်ရေးအထိ ကျန်းမာရေးအကျိုးကျေးဇူး များစွာပါဝင်သည်။
ရုံးပတီသီးအစိမ်းဖန်ခွက်တစ်ခွက်စာတွင် ကယ်လိုရီ ၃၀ ကျော်၊ အစားအစာဆိုင်ရာအမျှင်ဓာတ် သုံးဂရမ်ခန့်၊ ပရိုတင်း နှစ် ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၇ ဒသမ ၆ ဂရမ်၊ အဆီ ၀ ဒသမ ၁ ဂရမ်၊ ဗီတာမင်စီ ၂၁ မီလီဂရမ်၊ ဖောလစ်အက်စစ် ၈၈ မိုက်ကရိုဂရမ်နှင့် မဂ္ဂနီစီယံ ၅၇ မီလီဂရမ်ပါဝင်သည်။ ရုံးပတီသီးကို ချက်ပြုတ်၊ ကြော် လှော်၊ မီးကင်စသည့်ပုံစံအမျိုးမျိုးဖြင့် စားသုံးပါကကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိနိုင်သည်။
ရုံးပတီသီးကဲ့သို့ ဗီတာမင်စီကြွယ်ဝသောဟင်းသီးဟင်းရွက် များကို ပမာဏအနည်းငယ်စားလျှင်ပင် ပန်းနာရင်ကျပ်လက္ခဏာ သက်သာစေနိုင်သည်။
ရုံးပတီသီးစားခြင်းကြောင့် အစာချေဖျက်မှုဆိုင်ရာကျန်းမာရေး သာ ကောင်းမွန်စေသည်မဟုတ်ဘဲ အမျှင်ဓာတ်ပါဝင်မှုများသော ကြောင့် ကိုလက်စထရောပမာဏကို ထိန်းညှိပေးနိုင်သည်။ ရေတွင် ပျော်ဝင်နိုင်သောအမျှင်ဓာတ်များပါဝင်သောကြောင့် အစာချေဖျက် မှုလမ်းကြောင်းမှာပင် ကျေပျက်နိုင်ပြီး ကိုလက်စထရောပမာဏ လျော့ပါးစေနိုင်သည်။ ရုံးပတီသီးတွင် အဆီဓာတ်ပါဝင်မှုအလွန် နည်းသည်။
ရေတွင်ပျော်ဝင်နိုင်သော အမျှင်ဓာတ်က သွေးထဲရှိသကြား ဓာတ်ပမာဏကို ထိန်းညှိပေးနိုင်သောကြောင့် ဆီးချိုရောဂါအတွက် အထောက်အကူပြုသည်။
ဗီတာမင်စီနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝစွာပါဝင် သည့် ရုံးပတီသီးစားပေးခြင်းဖြင့် ကိုယ်ခံအားစနစ် အားကောင်း စေနိုင်သည်။
ရုံးပတီသီးကို ပုံမှန်စားပေးပါက ကျောက်ကပ်ရောဂါကိုကာ ကွယ်ရေးအထောက်အကူပြုသည့် ၂၀၀၅ က Jilin ဆေးပညာဂျာ နယ်တွင်ဖော်ပြသည့်လေ့လာမှုတစ်ရပ်အရ ရုံးပတီသီးပုံမှန်စားသူ များသည် ကျောက်ကပ်ထိခိုက်ပျက်စီးမှုနည်းပါးကြောင်း ဖော်ပြ ထားသည်။ ကျောက်ကပ်ရောဂါဖြစ်ပွားမှုထက်ဝက်ခန့်မှာ ဆီးချို ရောဂါကြောင့်ဖြစ်သောကြောင့် ယင်းအခြေအနေကို ကာကွယ်ရန် ရုံးပတီသီးစားပေးသင့်သည်။ ဗီတာမင်အေဘီနှင့် ဘီအုပ်စုများပါဝင် သော ရုံးပတီသီးက ကိုယ်ဝန်ဆောင်ကာလအတွင်းဝမ်းချုပ်ခြင်းအပါအဝင် အခြားရှုပ်ထွေးမှုများမဖြစ်စေရန်လည်း ကာကွယ်ပေးနိုင် သည်။
===========
7Day News Journal