ကျန်းမာရေးဗဟုသုတ

ပြုတ်ကျသွားတဲ့ အစားအစာကို ကောက်စားသင့်သလား?

ပြုတ်ကျသွားတဲ့ အစားအစာကို ကောက်စားသင့်သလား?

==================
==================

အစားအစာ တစ်ခုခုဖြစ်စေ၊ ဖရဲသီး တစ်စိတ်လောက်ဖြစ်စေ၊ ခရမ်းချဉ်သီး တစ်ဖတ်ဖြစ်စေ အောက်ကို ပြုတ်ကျသွားတဲ့အခါ ချက်ချင်း ပြန်ကောက်လိုက်နိုင်ရင် ဘာမှညစ်ပေမသွားဘဲ ယခင်အတိုင်း အဲဒါကို ပြန်ဆက်စားနိုင်တယ်လို့ ထင်သူတွေ ရှိပါတယ်။ ရှိချင်မှလည်း ရှိပါမယ်။ လူတစ်ကိုယ် အကျင့်တစ်မျိုးပေါ့နော်။

ချက်ချင်း ပြန်ကောက်လိုက်ရင် မညစ်ပေပါဘူးဆိုတဲ့ သူတွေအတွက် ဒီစာကို ရေးရပါတယ်။ သန့်ရှင်းနေတဲ့ကြမ်းပြင်၊ ပြောင်လက်အောင် သုတ်ထားတဲ့စားပွဲ၊ လှည်းကျင်းထားတဲ့ ကော်ဇော်တွေဟာ မမြင်နိုင်တဲ့ ရောဂါပိုးတွေ၊ မှိုဓာတ်တွေ ကပ်ငြိနေနိုင်ပါတယ်တဲ့။ သိပ္ပံပညာရှင်တွေဟာ အဲဒါကို တကယ်ပဲ စမ်းသပ်ခဲ့ကြပါတယ်။ ဘယ်လိုကောက်ကောက်၊ ဘယ်လောက်မြန်အောင် ကောက်ကောက်၊ ဘယ်တော့ကောက်ကောက် ဘယ်လိုမှ စိတ်မချရဘူးလို့ ဆိုပါတယ်။

ချက်ချင်း ပြန်ကောက်တာက ညီတို့၊ ညီမတို့ ထင်သလို မမြန်ပါဘူး။ ကိုယ်ကတော့ စက္ကန့်ပိုင်းအတွင်း အမြန်ဆုံးနှုန်းနဲ့ ဆတ်ခနဲ ကောက်ချလိုက်တာပဲ။ ပြန်ဝါးချင်တာကိုး။ နှမျောတယ်လေ။ ဒါပေမဲ့ ကိုယ့်ထက် မြန်တဲ့ကောင်တွေက ဘက်တီးရီးယားတွေ၊ မှိုပိုးတွေ ဖြစ်ပါတယ်။ ကိုယ် ဘယ်လောက်မြန်မြန် ကောက်ကောက် ညစ်ပေပြီးသား ဖြစ်သွားပါပြီတဲ့။ ဒီတော့ ဘယ်လောက်မြန်မြန် အသုံးမကျပါဘူး။ ကောက်စားမိတဲ့ ဖရဲသီးတစ်စိတ်ထဲမှာ ဝမ်းရောဂါပိုးတွေ ကပ်လာခဲ့ရင် အိမ်သာနဲ့ကိုယ်နဲ့ မိတ်ဆွေဖွဲ့ရပါပြီ။

ဒီတော့ စိတ်ထဲမှာ နှမြောရင် ကောက်ချင်နေမှာပါ။ ဒါပေမဲ့ ပစ်လိုက်ပါတော့။ တွယ်တာနေတာ သဘာဝမကျပါဘူး။ အစာကို ကိုယ့်ထက်မြန်အောင် တွယ်တာနိုင်တဲ့သူတွေက ပြုတ်ကျသွားတဲ့ မျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေပါ။

ဒီတော့ ပြုတ်ကျပြီးသားအစာ ပြန်မစားပါနဲ့တော့။ အောက်ပြုတ်ကျသွားတဲ့ ဇွန်း၊ ခရင်း ကျကျနန ပြန်ဆေးပြီးမှ သုံးပါ။ ပန်းကန်ထဲက အပြင်ကို ထွက်ကျသွား၊ ပြုတ်ကျသွားတဲ့အစာကို တွယ်တာမနေခြင်းအားဖြင့် ဝမ်းရောဂါနဲ့ အန္တရာယ်ရှိ ဘက်တီးရီးယားတွေကို ကာကွယ်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း)

===========

DrMyanmar Health

Leave a Reply

Your email address will not be published. Required fields are marked *