ကျန်းမာရေးဗဟုသုတ

ဆေးလိပ်တစ်လိပ် သောက်တိုင်း ခန္ဓာကိုယ်ထဲမှာ ဒါတွေဖြစ်မယ်

ဆေးလိပ်တစ်လိပ် သောက်တိုင်း ခန္ဓာကိုယ်ထဲမှာ ဒါတွေဖြစ်မယ်

==================
==================

ဆေးလိပ်သောက်ခြင်းဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် ဘယ်ဘက်က ကြည့်ကြည့် မကောင်းလှတဲ့ အရာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆေးလိပ်သောက်တတ်တဲ့ အကျင့်ကို ဖြတ်ပစ်လိုက်ဖို့ ခဲယဉ်းလှတာလည်း အမှန်ပါပဲ။

ဆေးလိပ်တစ်လိပ် သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်အတွက် ချက်ခြင်းသက်ရောက်လာတဲ့ ထိခိုက်မှုတွေရှိပါတယ်။ ကင်ဆာနဲ့ နှလုံးရောဂါတို့လို ရောဂါမျိုးတွေက အချိန်ကြာမြင့်မှ ဖြစ်လာတာမျိုးပါ။ ဆေးလိပ်သောက်ဖို့ ကြိုးစားတိုင်း ဒီအချက်တွေကို သတိရမယ်ဆိုရင် သင့်ကို ဆေးလိပ်ဖြတ်ဖို့ ကူညီပေးပါလိမ့်မယ်။

၁။ ၁၀ စက္ကန့်အတွင်း ဦးနှောက်ထဲကို နီကိုတင်းဓာတ်တွေ ရောက်သွားမယ်။ အဲဒီအခါ စိတ်ဆတ်လာတတ်ပါတယ်။

၂။ လူသားတွေရဲ့ လည်ချောင်းဟာ သူ့အလိုလို ရှင်းလင်းတတ်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒါပေမဲ့ ဆေးလိပ်သောက်တဲ့အခါ ဒီအစွမ်းသတ္တိ လျော့ကျသွားပါတော့တယ်။

၃။ သွေးကြောကျဉ်းပြီး အသက်ရှုနည်းနည်း ကျပ်လာမယ်။

၄။ သင့်ရဲ့ နှလုံးထဲကို အောက်စီဂျင်ဝင်ရောက်မှုနှုန်း လျော့ကျလာမယ်။ အဲဒီအခါ နှလုံးက သွေးလည်ပတ်အောင် ကောင်းကောင်း မစွမ်းဆောင်နိုင်တော့ပါဘူး။

၅။ အသားအရေခြောက်သွေ့လာမယ်။ အရေပြားတစ်လျှောက်စီးဆင်းနေတဲ့ သွေးလည်ပတ်မှု နှုန်းကို ဆေးလိပ်က အဟန့်အတား ဖြစ်စေပါတယ်။

၆။ သင့်ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့ နီကိုတင်းနဲ့ ကာဘွန်မိုနောက်ဆိုဒ်ဓာတ်တွေ သွေးထဲက ထွက်သွားဖို့ ရှစ်နာရီကြာပါတယ်။ ဆေးလိပ်သောက်ပြီး ရှစ်နာရီကြာမှ ဒီဓာတ်တွေ ခန္ဓာကိုယ်ထဲက စထွက်တာပါ။

Source & Photos : Life

===========

Duwun

Leave a Reply

Your email address will not be published. Required fields are marked *