ကျန်းမာရေးဗဟုသုတ

အိပ်ရာမဝင်မီ ရှောင်ရမည့် အစားအစာကိုးမျိုး

အိပ်ရာမဝင်မီ ရှောင်ရမည့် အစားအစာကိုးမျိုး

==================
==================

ဆီနှင့်ကြော်လှော်ထားသော အစားအစာများကို ညအိပ်ရာဝင်ခါနီးတွင် မစားသင့်ပေ။ ဆီနှင့်အဆီများသော အစားအစာများသည် ပရိုတိန်းနှင့် ကာဗိုဟိုက်ဒရိတ်များထက် အစာကျေရန် နှေးကွေး သည်။ ယင်းအတွက် အိပ်ပျော်ရန် ကြိုးစားနေစဉ် ခန္ဓာကိုယ်က ၎င်းတို့ကို ခြေဖျက်ရန် အလုပ်လုပ်နေရသည်။

ငရုတ်သီးပါသော အစားအစာများကိုလည်း ရှောင်ရှားသင့် သည်။ ၎င်းတို့သည် ဗိုက်နာခြင်းဖြစ်စေနိုင်သလို ရင်ပူရင်ဆာဖြစ်နိုင်ပြီး အိပ်စက်ခြင်းကို နှောင့်ယှက်နိုင်သည်။

ကြက်ဆင်သားကဲ့သို့ ပရိုတိန်းဓာတ်အလွန်များသော အစား အစာများကြောင့်လည်း အိပ်မပျော်ဖြစ်နိုင်သည်။ ပရိုတိန်းကြောင့် dopamine ဓာတ်များ ထွက်လာသောကြောင့်ဖြစ်သည်။

အရက်သောက်ခြင်းကြောင့် အိပ်ချိန်တွင် အသည်းကို အလုပ် များစေပြီး နှလုံးခုန်မြန်စေသည်။ ယင်းအတွက် ခန္ဓာကိုယ်က နှစ်နှစ် ခြိုက်ခြိုက်အိပ်စက်မှု မရရှိပေ။

ကဖိန်းဓာတ်များပါဝင်သော ချောကလက်များသည် အိပ်ရာဝင်ခါနီး မစားသင့်သော အစားအစာဖြစ်သည်။ ချောကလက် တစ်အောင်စတွင် ကဖိန်း ၂၃ မီလီဂရမ်ခန့် ပါဝင်သည်။

အိပ်ခါနီးရေအများအပြား သောက်ခြင်းသည် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပြီး ခဏခဏ အပေါ့သွားရခြင်း ဖြစ်နိုင်သ ဖြင့် ညစာစားပြီးချိန် ရေများများသောက်ပြီးနောက်ပိုင်း ရေလျှော့ သောက်သင့်သည်။

ကော်ဖီသောက်သူများအနေဖြင့် မွန်းလွဲပြီးနောက်ပိုင်း ကော်ဖီ သောက်သုံးမှု ရှောင်ရှားခြင်းဖြင့် ကောင်းစွာအိပ်စက်မှု ရရှိနိုင်သည်။

ကော်ဖီပါဝင်သော ရေခဲမုန့်သည် ကော်ဖီကဲ့သို့ပင် အိပ်စက်မှု အနှောင့်အယှက်ဖြစ်နိုင်သဖြင့် အိပ်ရာမဝင်မီ ရှောင်ရှားသင့်သည်။

ထို့အပြင် အားကစားလုပ်ပြီးချိန် သောက်သုံးသော အချိုရည် များတွင်လည်း ကဖိန်းဓာတ်အများအပြား ပါဝင်သဖြင့် အိပ်စက် ခြင်းကို ထိခိုက်နိုင်ပြီး ရှောင်ရမည့်စာရင်း၌ ပါဝင်သည်။

—Ref: RD

===========

7Day News Journal

Leave a Reply

Your email address will not be published. Required fields are marked *