သင်ဘာကြောင့် ငါးစားသင့်တယ်ထင်လဲ။ ဖတ်ကြည့်လိုက်ပါ။
=======================
=======================
ငယ်ငယ်က ငါးစားရင် မိဘတွေက ဉာဏ်ကောင်းတယ်လို့ ပြောကြပါတယ်။ တကယ်တမ်း ငါးစားရင် ဉာဏ်ကောင်းတဲ့အပြင် တခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်းများစွာရှိပါတယ်။
ဉာဏ်ကောင်းခြင်း
ငါးမှာပါဝင်တဲ့ Omega 3 ဓာတ်က လူတွေရဲ့ မှတ်ဉာဏ်၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုပါ အားကောင်းစေပါတယ်။ ဒါ့ကြောင့် နို့တိုက်မိခင်တွေ၊ ကလေးတွေ စတင်စားတဲ့အကျင့် ကျင့်ပေးသင့်ပါတယ်။
အယ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကို လျော့ချပေး
အယ်ဇိုင်းမားရောဂါက လူသားတွေရဲ့ ဦးနှောက်ကျန်းမာရေးနဲ့ သက်ဆိုင်နေပါတယ်။ ငါးစားခြင်းက ဦးနှောက်ထဲမှာရှိတဲ့ အာရုံကြော တွေရဲ့ုလုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးတာကြောင့် ဦးနှောက်မှတ်ဉာဏ်ကိုကောင်းစေပါတယ်။
ငါးစားရင် ပေါင်းတဲ့ငါးကို စားတာက အာဟာရတွေပို ရပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကောင်း
ငါးမှာပါဝင်တဲ့ အာဟာရဓာတ်တွေက အချိန်မတိုင်ခင် စောပြီး မွေးဖွားတာမျိုးကို ကာကွယ်ပေးပါတယ်။ အထူးသဖြင့် Omega 3 Fatty အက်ဆစ်က သန္ဓေသားရဲ့ဦးနှောက် လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးပါတယ်။
ဆီးချိုကို ကာကွယ်ပေးနိုင်
ဆီးချို သမားတွေ စားပေးသင့်တဲ့ သဘာ၀ အစားအစာများ
ငါးစားသုံးတာများရင် ဆီးချိုကိုလည်းကာကွယ်ပေးပါတယ်။ အဲ့ဒီအပြင် သွေးလည်ပတ်မှုအားလည်းကောင်းစေပါတယ်။
ကင်ဆာဖြစ်ပွားမှုကို လျော့ချပေးနိုင်
ဆွီဒင်မှာ လူပေါင်း ၆ထောင်ကို နှစ်ပေါင်း ၃၀ လောက် သုတေသန ပြုလုပ်ခဲ့ရာ ငါးပုံမှန်စားသုံးသူတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ပါးစေပါတယ်။ ငါးထဲမှာပါဝင်တဲ့ Riboflavin ဓာတ်တွေက ကင်ဆာတွေ ကာကွယ် ဖယ်ထုတ်ပေးနိုင်ပါတယ်။
==============
MyFood Myanmar