မနက်ခင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုကော်ဖီဖျော်မလဲ?
=======================
=======================
မနက်စောစောမှာ ကော်ဖီပူပူတစ်ခွက်နဲ့ ကိုယ့်ကိုယ်ကိုယ် နိုးကြားစေတဲ့ အကျင့်ဟာ အမြဲတမ်း ကောင်းပါသလား။
ကော်ဖီခါးခါးလေးဟာ ကျန်းမာရေးအတွက် ကောင်းပေမယ့် ဒီကော်ဖီလေးထဲကို နွားနို့တွေ ရော၊ နို့ဆီတွေ ထည့်၊ သကြားတွေ ရောမွှေလိုက်တဲ့အခါ အဆီများပြီး ဝိတ်တက်စေတဲ့ အချိုရည်တစ်ခု ဖြစ်သွားပါသတဲ့။ မြန်မာတွေ အလွယ်တကူ ဝယ်သောက်နေကျ ကော်ဖီမစ်ဟာ အဲဒီလို ခပ်ဆင်ဆင်ပါပဲ။ ကော်ဖီမစ်ထဲကို သကြားတွေ၊ နို့ဆီတွေ ထပ်ထည့်မှ သောက်တတ်သူတွေကလည်း ရှိနေပြန်ပါရော။
မနက်ခင်း ကော်ဖီသောက်ပြီးရင် လေပွသလို ခံစားရတတ်ပါတယ်တဲ့။ ကော်ဖီကြောင့် မဟုတ်ပါဘူး။ ကော်ဖီနဲ့ ရောဖျော်လိုက်တဲ့ နွားနို့ သို့မဟုတ် Creamer တွေကြောင့် ဖြစ်တာပါ။ ခေတ်မီမီဆို ကော်ဖီ အကိတ်လို့ ခေါ်ရမယ်။ အကုန် ရောသမမွှေထားလို့ ဖြစ်ပါတယ်။
ကော်ဖီသောက်လို့ အဝမလွန်ချင်ဘူး ဆိုရင်တော့ ကောိဖီ်ကို လျှော့သောက်ရမှာပါ။ ခါတိုင်းလို တစ်ခွက်ကြီး သောက်မယ့်အစား ခွက်တစ်ဝက် သို့မဟုတ် လေးပုံလောက်ပဲ ကြိုးစားသောက်ကြည့်ပါ။ ကော်ဖီနဲ့ နို့ဆီ၊ သကြား ရောဖျော်ထားရင် ပေါင်မုန့်တစ်ချပ် သို့မဟုတ် ဆင်းဒဝ်ချ်တစ်ခုနဲ့ ကယ်လိုရီရရှိမှု သဘောတရား တူသွားပါတယ်။ ကော်ဖီအကိတ်တွေ သောက်တာများရင် ဝကို ဝလာပါတယ်။
ကော်ဖီမစ် သောက်မယ့်အစား ကော်ဖီမှုန့်စစ်စစ်ကို ဝယ်ပါ။ ဖျော်တဲ့အခါ သကြားနဲ့ နို့ဆီ၊ နို့မှုန့် လျှော့ပါ။ အစတော့ ခါးသက်သက်နဲ့ အရသာပြင်းပြီး မျိုရခက်ပေမယ့် နောက်ပိုင်း ခါးခါးသောက်တာ အကျင့်ဖြစ်သွားရင် ပါးစပ်ထဲမှာ အရသာ ရှိသွားတာပါပဲ။ ချိုချိုသောက်တာထက် ခါးခါးသောက်တာက ပိုလို့ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။
ကော်ဖီကြိုက်တာ ကောင်းသောအကျင့်ပါ။ ကော်ဖီနဲ့ လက်ဖက်ရည်မှာပါတဲ့ ကဖိန်းဓာတ်ဟာ လူကို လန်းဆန်းသွားစေပြီး စွမ်းအင်မြင့်တက်စေပါတယ်။ ဒါပေမဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေ ဖျော်တဲ့အခါ ရောပါလာမယ့် နို့နဲ့ သကြား creamer တွေက ဗိုက်ထွက်၊ ခါးတုတ်လာစေပြီး အလှပျက်စေပါကြောင်း အသိပေးလိုက်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း)
==============
DrMyanmar