တော်တော်များများက ဖရဲသီးဆို ရင်အေးစေလို့၊ ရေငတ်ပြေစေလို့ စားသုံးကြတာများပါတယ်။ ဒါပေမယ့် တော်တော်များများ သတိမထားမိသေးတာက ဖရဲသီးဟာ မလှအပရေးရာအဖြာဖြာအတွက် ကောင်းကျိုးပေးနေတဲ့အချက်တွေ အများကြီးရှိပါတယ်။ အဲ့ထဲကမှ ဝိတ်ကျချင်တဲ့သူတွေအတွက် ဖရဲသီးကို ဘယ်လိုစားသုံးပေးရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။
ဖရဲသီးဖျော်ရည်ခွက်မှာက ၄၆ ကယ်လိုရီ ပါရှိပါတယ်။ ဒါကြောင့် ဖရဲသီးဖျော်ရည်ကို သောက်ပေးမယ်ဆိုရင်တော့ ဝိတ်ကျလာစေမှာပါ။ နေ့တိုင်း ဖရဲသီးဖျော်ရည်ကိုသောက်ပြီး ရေကိုလည်း ပုံမှန်ထက်ပိုပြီး မျာများသောက်ပေးမယ်ဆိုရင်တော့ သိသိသာသာကို ဝိတ်ကျလာမှာပါ။ သူ့မှာက ဘေးထွက်ဆိုးကျိုးလည်း လုံးဝမရှိတော့ အဆင်ပြေစေပါတယ်။ ကြာလာရင်တော့ ဝိတ်လည်းကျပြီး အသားအရေလည်း လှလာမှာပါ။
မြန်မြန်ဝိတ်ကျချင်တယ်ဆိုရင်တာ့ ဖရဲသီးကိုများများစားပေးရမှာပါ။ ပုံမှန်ဆိုရင်တော့ ၁၅၀ ကယ်လိုရီလောက် စားသုံးပေးရမှာပါ။ ဖရဲသီးမှာပါတဲ့သကြားဓာတ်က ဘာအန္တရာယ်မှမဖြစ်စေတဲ့အတွက် များများစားသုံးပေးလို့ရပါတယ
ဝိတ်ကျချင်တဲ့သူတွေအနေနဲ့ ဖရဲသီးကိုစားသုံးပေးရမယ့်အချိန်တွေကတော့ မနက်စာမစားခင်နဲ့ နေ့လယ်စာမစားခင်မှာတစ်ခွက်၊ ညနေစာမစားခင်မှာတစ်ခွက်ပါ။ သရေစာအဖြစ်နဲ့လည်း ထပ်ပြီးစားသုံးပေးလို့ရပါတယ်။ ဒါဆိုရင်တော့ ဘေးဥပါဒ်မဖြစ်ပဲ အမြန်ဆုံးဝိတ်ကျလာစေမှာပါ။