ကျန်းမာရေးဗဟုသုတ

ဆီးချိုသမားများ စားနိုင်တဲ့ အသီးအနှံများ

ဆီးချိုသမားများ စားနိုင်တဲ့ အသီးအနှံများ

=======================
=======================

လူတွေမှာ ရောဂါတစ်မျိုးဖြစ်ပေါ်ခံစားနေရပြီဆိုရင် အစားအစာတွေက အစ ရှောင်ကြဉ်ကြရပါတယ်။ ရောဂါ နဲ့မတည့်တဲ့အခါ စားချင်ပေမယ့်မစားရ၊ ဆန္ဒကိုမျိုသိပ်ပြီး အသက်ကို ဉာဏ်စောင့်ဆိုသလို ဆင်ခြင်စားသောက်ကြရပါတယ်။အဓိကအားဖြင့် ဆီးချို ရောဂါကိုခံစားနေရတဲ့ လူတွေအတွက် အစားအစာကိုပိုလို့ရှောင်ကြရပါတယ်။ ဆီးချိုတက်မှာစိုးရိမ်တဲ့အတွက် မိသားစုဝင်တွေဟာ သကြားဓာတ်ပါဝင်တဲ့အစားအစာတွေကို ရှောင်ရှားပြီး အထူးဂရုစိုက် ကျွေးမွေးစောင့်ရှောက်ကြရပါတယ်။ ဒီလို ဆီးချိုသမားတွေအတွက် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အသီးအနှံတစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်။

စတော်ဘယ်ရီ

စတော်ဘယ်ရီမှာ ပါဝင်တဲ့အာဟာရဓာတ်သဘာဝတွေဟာ ဆီးချိုသမားတွေအတွက် သွေးအတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးသလို အဆာလည်းခံစေပါတယ်။ ဆီးချိုကြောင့် မျက်လုံးအမြင်အာရုံထိခိုက်စေမှုကိုကောင်းစွာ ကာကွယ်ပေးပါတယ်။

ပန်းသီး

ပန်းသီးဟာလည်း ဆီးချိုသမားတွေအတွက် ပြည့်စုံကောာင်းမွန်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ပန်းသီးရဲ့ အခွံထဲမှာ ရှိနေတဲ့ အာဟာရဓာတ်သဘာဝတွေဟာ ဆေးချို ၊သွေးချို ကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ နှလုံးရောဂါ၊ မျက်လုံးအမြင်အာရုံချို့တဲ့မှုရောဂါ တို့ကို ကာကွယ်နိုင်သလို ကင်ဆာရောဂါဖြစ်ပွားမှုအန္တရာယ်ကိုလည်းလျော့ချနိုင်ပါတယ်။

သစ်တော်သီး

သစ်တော်သီးမှာ ဗီတာမင်နဲ့ အခြားအာဟာရဖြစ်စေတဲ့ ဓာတ်သဘာဝတွေ၊ အမျှင်ဓာတ်တွေ ကောင်းစွာပါဝင်ပြီး သွေးအတွင်းသကြားဓာတ်တွေပုံမှန်ဖြစ်စေဖို့ ကောင်းစွာ အထောက်အကူပြုပါတယ်။ ကိုလက်စထရောကိုလျော့ကျစေပြီး အစာချေဖျက်မှုကိုလည်း အားကောင်းစေပါတယ်။

ဂရိတ်ဖရု

ဂရိတ်ဖရု မှာ ဗီတာမင် စီ နဲ့ အခြားသဘာဝအရင်းအမြစ်အာဟာရတွေပါဝင်ပြီး ကိုယ်ခန္ဓာရဲ့ ကိုယ်ခံအားစနစ်ကိုအားဖြည့်ပေးပါတယ်။ကိုယ်ခန္ဓာအတွင်းဆဲလ်ပျက်စီးခြင်းတွေကိုကာကွယ်ဖို့အထောက်အကူပြုပါတယ်။ ဆီးချိုရောဂါကုသမှုအပိုင်းမှာ အရေးပါတဲ့ကဏ္ဍတစ်ရပ်ဖြစ်တဲ့ ကျန်းမာတဲ့အလေးချိန်ထိန်းသိမ်းမှုကို များစွာ အထောက်အကူပြုပါတယ်။ ဂရိတ်ဖရု မှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ပေါများစွာ ပါဝင်တာကြောင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကိုလက်ထရောကိုလည်း လျော့ကျစေပါတယ်။ကင်ဆာရောဂါတစ်ချို့ကိုလည်း လျော့ကျစေနိုင်တယ်လို့ လေ့လာသူတွေက ဖော်ပြထားကြပါတယ်။

လိမ္မော်သီး

လိမ္မော်သီးမှာ ကိုယ်ခံအားအရင်းအမြစ်ကိုမြှင့်တင်ပေးတဲ့ ဗီတာမင် စီပါဝင်တာကြောင့် ကူးစက်ရောဂါတွေကို ဆန့်ကျင်ကာကွယ်ရာမှာ များစွာ အထောက်အကူပြုပါတယ်။ ဒါ့အပြင်ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်ပေါများစွာ ပါဝင်တာကြောင့် လည်း သွေးအတွင်းသကြားဓာတ်ကိုထိန်းပေးသလို ကိုလက်စထရောကိုလည်းလျော့ကျစေပါတယ်။ နောက်ထပ် ဗီတာမင် အေ ၊ ဘီ တို့လည်း ပေါင်းစပ်ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာအတွင်းဖြစ်စေတဲ့ ရောဂါအန္တရာယ် ကိုလျော့ချရာမှာ များစွာ အထောက်အကူပြုခြင်းဘဲဖြစ်ပါတယ်။

မာလာကာသီး

မာလာကာသီး ဟာ ဆီးချိုသမားတွေအတွက် တကယ်စားသင့်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ မာလာကာသီးမှာ လိမ္မောသီးလိုမျိုး ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် သွေးအတွင်းသကြားဓာတ်တွေ နဲ့ ကိုယ်ခံစွမ်းအားတွေကို ကောင်းစွာထိန်းပေး ပါတယ်။

==============

YANGON LIFE

Leave a Reply

Your email address will not be published. Required fields are marked *