ကျန်းမာရေးဗဟုသုတ

ဂေါ်ရခါးသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

ဂေါ်ရခါးသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ
???????????????

ဂေါ်ရခါးသီးမှာ ပါဝင်တဲ့ ကစီဓါတ်၊ ဗီတာမင်စီ၊ ဗီတာမင်ဘီနဲ့ အမိုင်နိုအက်ဆစ်ဓါတ်တို့ဟာ လူသားတို့း၏ကျန်းမာရေးကို ကောင်းစွာ အထောက်အကူ ပေးနိုင်ပါတယ်။

(၁) ဂေါ်ရခါးသီးမှာ အမျှင်ဓါတ်များ ပါဝင်မှုမြင့်မားခြင်းကြောင့် အူနှင့်သက်ဆိုင်သော လမ်းကြောင်းများကို သန်မာစေပြီး ဝမ်းကို မှန်စေပါတယ်။

(၂) ဓါတ်တိုးဆန့်ကျင်ဓါတ်များ ပါဝင်ခြင်းကြောင့် ကင်ဆာရောဂါအပါအဝင် လူကို အိုမင်းရင့်ရော်စေတတ်သောအရာများကိုလည်း တားဆီးပေးပါတယ်။

(၃) အရိုးပါးရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ စိတ်ကျလွယ်ရောဂါတို့ကိုလည်း တားဆီးပေးပါတယ်။

(၄) မဂ္ဂနီစီယမ်ဓါတ် ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်၏ ကြွက်သားများကို သန်မာစေပြီး ခွန်အားကိုလည်း တိုးစေပါတယ်။ အမောကိုလည်း ခံနိုင်စေပါတယ်။

(၅) ဖောလစ်ဓါတ်ပါဝင်မှုကြောင့် သွေးကိုလည်း သန့်စင်စေပြီး ကိုယ်ဝန်ဆောင်မိခင်များ စားသုံးလျှင် ကလေးမွေးသည့်အခါ နာကျင်မှုမရှိပဲ လွယ်ကူသက်သာစေပါတယ်။

 

(၆) မဂ္ဂနိစ်ဓါတ်နှင့်ပရိုတင်းဓါတ်တို့ပါဝင်မှုကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။

(၇) ဇင့်ဓါတ်ပါဝင်မှုကြောင့် မျက်နှာပေါ်အဆီပြန်ခြင်း၊ ဝက်ခြံပေါက်ခြင်း စသသည့် အရေပြားဆိုင်ရာဂေါရာတို့ကိုလည်း တားဆီးပေးပါတယ်။

(၈) ဂေါ်ရခါးသီးသာမက ဂေါ်ရခါးညွန့်၊ ဂေါ်ရခါးရွက်တို့ကိုလည်း မကြာခဏ ဟင်းချက်စားခြင်း၊ အခြောက်လန်းထား၍ ရေနွေးခတ်သောက်ခြင်းဖြင့်
သွေးတိုးရောဂါများတို တားဆီးပေးခြင်း၊ ကျောက်ကပ်ကို အားကောင်းစေပြီး ဆီးရွှင်ခြင်း၊ ဆီးကျောက်တည်ခြင်းကို တားဆီးခြင်း စသည့်ကောင်းကျိုးများကို ရရှိစေပါသည်။

ငွေကုန်သက်သာပြီး အစာလည်းဆေး ဆေးလည်းအစာဖြစ်စေမည့်
ဂေါ်ရခါးသီးကို ဟင်းချက်စားခြင်းဖြင့် ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။်

Data Doctor

#ဂေါ်ရခါးညွန့့် အူလမ်းကြောင်းက်ိုရှင်းလင်းခြင်း
===================
ကျွန်တော်တို့ရဲ့အူလမ်းကြောင်းဟာ အညစ်အကျေးတွေနဲ့ပြည့်နေလေ့ရှိပါတယ်။အညစ်အကျေးတွေက အစဉ်အမြဲရှိနေတတ်တော့ အဲဒီ့အညစ်အကျေးတွေကနေဖြစ်လာတဲ့ ချိုးတွေလည်းအူနံရံတွေမှာကပ်နေလေ့ရှိပါတယ်။

လူတွေရဲ့အူဟာ အမြဲတန်းသန့်နေဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ သွေးဟာအူတွေကနေစဖြစ်တာမို့လို့ပါ။

အစားအသောက်တွေကနေရလာတဲ့ အာဟာရရည်ကို အူတွေကနေစုပ်ယူပြီး သွေးအဖြစ်ပြောင်းလဲပေးတာပဲဖြစ်ပါတယ်။
ဒါကြောင့်အူသန့်ရင်သွေးသန့်မယ်၊ အူမသန့်ရင် သွေးမသန့်ဘူးဆိုတာထင်ရှားပါတယ်။

အူတွေကိုသန့်ရှင်းပေးတော့မှ အဆိပ်တောက်ကင်းတဲ့ သွေးသန့်ကိုရမှာပဲဖြစ်ပါတယ်။ခန္ဓာကိုယ်မှာကသွေးကအဓိကပဲ။ သွေးသန့်ရင်ရောဂါကင်းမယ်၊ သွေးညစ်ရင်ရောဂါများမယ်။သွေးသန့်ဖို့အတွက် အူသန့်အောင်လုပ်ပေးရမှာပဲဖြစ်ပါတယ်။
အူတွေသန့်ရှင်းအောင်လုပ်ဖို့ကလည်းမခက်ပါဘူး။စင်ထိုးပြီးစိုက်ရတဲ့ အညွန့်အရွက်တွေစားပေးရုံပါပဲ။

ဘူးညွန့်၊ဂေါ်ရခါးညွန့်၊ရွှေဖယုံညွန့်စတဲ့ အညွန့်အရွက်တွေမှာ အမွှေးအမျှင်လေးတွေပါပါတယ်။ အဲဒီ့အရွက်အညွန့်တွေဟာ မျက်နှာသုတ်ပဝါမှာပါတဲ့ အမွှေးလေးတွေလိုပဲသုတ်လို့ရှိရင် စင်ကြယ်သွားပါတယ်။

အဲဒီအမွှေးအမျှင်ပါတဲ့ အညွန့်အရွက်တွေကိုကြော်ပြီးစားပါ။အစာလမ်းကြောင်းတစ်လျှောက်က အညစ်အကျေးတွေကိုပြောင်အောင် သုတ်သင်ပေးသွားပါလိမ့်မယ်။

အစာလမ်းကြောင်းတစ်ခုလုံး သန့်ရှင်းနေတော့အာဟာရကနေရတဲ့ ရသရည်ကလည်းသန့်ရှင်းပြီး သွေးကလည်းသန့်တော့တာပေါ့ အဲဒီ့အပြင်အူတွေထဲမှာ အညစ်အကျေးချိုးကပ်မှုတွေများလို့ ဗိုက်ပူနေတဲ့သူတွေလည်း တဖြည်းဖြည့်နဲ့ဗိုက်ချပ်သွားပါလိမ့်မယ်။

Cred:#မို့မို့ထွေး

Leave a Reply

Your email address will not be published. Required fields are marked *