ရင်သားကင်ဆာကိုကာကွယ်ဖို့ ပျိုမေတို့စားသုံးသင့်တဲ့ အစားအစာ (၈) မျိုး
=======================
=======================
ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေအတွက် အရမ်းကိုကြောက်စရာကောင်းလွန်းတဲ့ ရောဂါတစ်ခုပါ။ ဒီလိုကြောက်စရာကောင်းတဲ့ရောဂါကို အစားအသောက်နဲ့လည်း တစ်ဖက်တစ်လိမ်းကနေ ကာကွယ်လို့ရတယ်ဆိုတော့ အစားအသောက်တွေကို သေချာလေးစားသုံးပေးဖို့လိုပါတယ်။ ဒါကြောင့် ရင်သားကင်ဆာကိုကာကွယ်ဖို့ ပျိုမေတို့အနေနဲ့ စားသုံးသင့်တဲ့အစားအစာတွေကို မျှဝေပေးလိုက်ပါတယ်။
ပဲပင်ပေါက်
ပဲပင်ပေါက်မှာ ရင်သားကင်ဆာကိုတိုက်ဖျက်နိုင်တဲ့အစွမ်းသတ္တိတွေ များစွာပါဝင်ပါတယ်။ ပဲပင်ပေါက်ကို ကြော်စားရုံတင်မကပဲ ဟင်းချိုချက်သောက်လို့လည်းရပါတယ်။ ဒါ့အပြင် ပဲပင်ပေါက်ကို အစိမ်းစားပေးမယ်ဆိုရင်တော့ ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ရုံတင်မကပဲ အသားအရေကိုလည်း လှပလာစေပါတယ်။
ပန်းသီး
ပန်းသီးမှာလည်း ကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေရှိလို့ များများစားသုံးပေးပါ။
အဆီဓာတ်ပါတဲ့ငါး
အဆီဓာတ်ပါတဲ့ငါး (Fatty Fish) တွေမှာက Omega 3 Fatty DHA နဲ့ EPA တွေပါဝင်ပါတယ်။ ရင်သားကင်ဆာရောဂါကိုကာကွယ်ဖို့ စားသုံးပေးသင့်တဲ့အစားအစာတစ်မျိုးပါ။
တလည်းသီး
ရင်သားကင်ဆာကိုကာကွယ်ဖို့ တလည်းသီးကိုလည်း များများစားပေးဖို့ မမေ့ပါနဲ့။
Blueberry
ထူးထူးဆန်းဆန်းပါပဲ Blueberry သီးကလည်း ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အသီးပါ။
သစ်ကြားသီး
သစ်ကြားသီးကိုများများစားမယ်ဆိုရင်တော့ ရင်သားကင်ဆာဖြစ်ပွါးမှုနှုန်းကို လျော့ကျစေပါတယ်။
ငရုပ်ပွသီး
ငရုပ်ပွသီးကလည်း ရင်သားကင်ဆာမဖြစ်အောင် တစ်ဖက်တစ်လမ်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် စားပေးဖို့ မမေ့ပါနဲ့။
ပဲပုပ်
ပဲပုပ်ကလည်း ရင်သားကင်ဆာမဖြစ်ပွားအောင် ကာကွယ်ပေးနိုင်တဲ့အစားအစာ တစ်မျိုးပါ။
==============
MyFood Myanmar